Myanmar Muslim Media
ဘာသာပြန် သတင်း
စက်တင်ဘာ ၃၊ ၂၀၂၁
အာဖဂန်ကနေ နိုင်ငံခြားတပ်ဖွဲ့ဝင်တွေရုပ်သိမ်းသွားမှုနဲ့ နိုင်ငံကိုသိမ်းယူနိုင်ပြီးနောက် တာလီ ဘန် အဖွဲ့ဟာ တရုတ်ဆီကနေ ဘဏ္ဍာရေးပိုင်းအဓိကမှီခိုအားထားရလိမ့်မယ်လို့ တာလီဘန် ပြောခွင့်ရပုဂ္ဂိုလ် ဇာဘီဟွလ္လာ မူဂျာဟစ်က အီတလီသတင်းစာတစ်ခုကိုပြောကြားခဲ့ပါတယ်။
ကြာသာပတေးနေ့ကထုတ်ဝေခဲ့တဲ့ La Repubblica နဲ့အင်တာဗျူးမှာ မူဂျာဟစ်က တာလီဘန် တွေဟာ တရုတ်ဆီကအကူအညီနဲ့အတူ စီးပွားရေးပိုင်းပြန်လည်ထူထောင်ဖို့လုပ်ဆောင် သွား မယ် လို့ ပြောကြား ခဲ့ပါ တယ်။ သြဂုတ်လ ၁၅ရက်နေ့မှာ တာလီဘန်တွေက အာဖဂန်မြို့ေ တာ် ကဘူးလ်ကို သိမ်းယူထိန်း ချုပ်ခဲ့ပြီး နောက် နှစ်၂၀ကြာစစ်ပွဲကုအဆုံးသတ်ခဲ့ပါတယ်။ ဒါပေမယ့် လည်း စီးပွားရေးပြိုလဲမှုတွေ အငတ်ဘေးဆိုက်မှု တွနဲ့ပတ်သက်ပြီးကြောက် ရွံ့ပူပန်မှုတွေ ရှိ နေပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း နိုင်ငံခြားတပ်ဖွဲ့ဝင်တွေကဘူးလ်လေဆိပ်ကနေ ထွက်ခွာခဲ့ ပြီးနောက် အ နောက်နိုင်ငံတွေဟာ အာဖဂန်ကိုသူတို့ရဲ့ထောက်ပံ့ပေးအပ်မှုတွေကို ပြင်းပြင်း ထန်ထန်တင်းကျပ်ခဲ့ပါတယ်။ “တရုတ်က ကျွန်တော်တို့ရဲ့အရေးပါဆုံးမိတ်ဖက်နိုင်ငံပါ ပြီးတော့ ကျွန်တော်တို့အတွက် အခြေခံကျတဲ့တစ်မူ ထူး ကဲတဲ့ အခွင့် အလမ်းတွေကို ကိုယ်စားပြုနေပါ တယ် အကြောင်းက သူတို့ဟာ ကျွန်တော်တို့နိုင်ငံပြန်လည် တည်ဆောက်ရေးမှာကူညီပေးဖို့နဲ့ ရင်းနှီးမြုပ်နှံ့မှုတွေလုပ်သွားဖို့ အဆင်သင့်ရှိနေပါတယ်” လို့ တာလီဘန်ပြော ခွင့်ရပုဂ္ဂိုလ်ရဲ့ပြော ဆိုချက်ကိုကိုးကားပြီး သတင်းစာကဖော်ပြခဲ့ပါတယ်။
“ကျွန်တော်တို့နိုင်ငံဟာ ကြေးနီသတ္ထုကြွယ်ဝပါတယ်။ တရုတ်ရဲ့ကျေးဇူးကြောင့်ပဲ လုပ်ငန်း တွေပြန်လည်ပတ် လုပ်ဆောင်နိုင်တော့မှာပါ။ ထပ်တိုးအနေနဲ့ ကမ္ဘာတစ်ဝန်းကဈေးကွက် တွေဆီရောက်ဖို့ တရုတ်ဟာ ကျွန် တော် တို့ရဲ့ဖြတ်သန်းခွင့်ရ လက်မှတ်တစ်ခုပါပဲ။” လို့သူက ပြော ကြားခဲ့ပါတယ်။ အနာဂတ်ကာလမှာလည်း အမျိုးသမီးတွေအနေနဲ့ တက္ကသိုလ်တွေမှာ ဆက်လက်ပညာသင်ကြားခွင့်တွေခွင့်ပြုပေးသွားမယ်ဆိုတာကို မူဂျာဟစ်က အတည်ပြုခဲ့ပါ တယ်။ အမျိုးသမီးအနေနဲ့ သူနာပြုတွေ ရဲတပ်ဖွဲ့ဝင်တွေ သို့မဟုတ် ဝန်ကြီးဌာနက အကူတွေ အဖြစ် အလုပ် လုပ်နိုင်တယ်လို့ သူကပြောပါတယ်။ ဒါပေမယ့်အမျိုးသမီးတွေကို ဝန်ကြီးအဆင့် ခန့်အပ်ဖို့တွေကို ပယ်ချခဲ့ပါတယ်။
အာဖဂန်ဟာငွေကြေးအကြီးအကျယ်လိုအပ်ချက်ရှိနေပြီး အာဖဂန်ဗဟိုဘဏ်ကနေ ပြည်ပမှာ အများ ဆုံးအပ်နှံ့ ထားတဲ့ ဒေါ်လာ၁၀ဘီလီယံခန့်ကို တာလီဘန်တွေအနေနဲ့ အလျင်အမြန်ရ ယူနိုင်ဖွယ်ရှိပါဘူး။ ဒီတစ်ပတ်အေ စာပိုင်းကပဲ ကုလအကြီးအကဲ အန်တိုနီယိုဂူတာရက်ဇ်က အာဖဂန်မှာ လူသားချင်းစာနာထောက်ထားရေးကပ် ဘေးဆိုက်ဖွယ်ရှိနေကြောင်း သတိပေး ခဲ့ပြီး မိုးခေါင်မှုတွေ စစ်ပွဲတွေကြောင့် မိသားစုထောင်နဲ့ချီနေ ရပ်စွန့်ခွာ ထွက်ပြေးဖို့ ဖိအားတွေ ဖြစ်စေလာနိုင်ပြီး ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အရေးပေါ်ရန်ပုံငွေတွေထောက်ပံ့ကူညီပေးဖို့ သူက တိုက် တွန်းပြောကြားခဲ့ပါတယ်။
“အခုတော့ ယခင်ကထက်ပိုပြီး အာဖဂန်ကလေးငယ်တွေ အမျိုးသမီးတွေ အမျိုးသားတွေဟာ နိုင်ငံတကာအ သိုင်းအဝန်းရဲ့အားပေးထောက်ပံ့မှုတွေ လိုအပ်နေပါပြီ” လို့သူကအင်္ဂါနေ့က ထုတ်ပြန်ချက်ထဲမှာ ပြောကြားခဲ့ ပါတယ်။ အာဖဂန်အတွက် ကုလလူသားချင်းစာနာထောက် ထားရေးမေတ္တာရပ်ခံထားတဲ့ ဒေါ်လာ၁.၃ဘီ လီယံမှာ ၃၉%ပဲရန်ပုံငွေရရှိသေးကြောင်း ကုလ ပြောခွင့်ရပုဂ္ဂိုလ် စတီဖန်နီဒူဂျာရစ်ကပြောကြားခဲ့ပါတယ်။
Al Jazeera သတင်းဌာနပါ “Afghanistan: Taliban to rely on Chinese funds, spokesperson says” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ ဆီ လျော်အောင်ပြန်ဆိုသည်။
No comments:
Post a Comment