လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-05-25
ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုကို မြန်မာနိုင်ငံအနေနဲ့ ရင်ဆိုင်ဖြေရှင်းဖို့အတွက် ကုန်ကျစရိတ် ကျပ်သန်း ပေါင်း ၆၈၀ ကို ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ချပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ရှိကျင်းပနေတဲ့ ၁၆ ကြိမ် မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်ပြတောင်းခံထားပါတယ်။
တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးနိုင်လင်းအောင်က ဒီလိုတောင်းခံတာဟာ ဥပဒေနဲ့ညီ ညွတ်ရဲ့လားဆိုပြီး မေလ ၂၂ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မေးခွန်းထုတ်ခဲ့တာပါ။