Saturday, January 18, 2020

မြန်မာအပေါ် သြဇာပိုလွှမ်းမိုးနိုင်ဖို့ တရုတ် ကြိုးပမ်း

NHK World Japan
2020.01.18

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ဟာ သောကြာနေ့က စတင်ခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ် ၂ ခုနီးပါး အတွင်း တရုတ်ခေါင်းဆောင်တစ်ဦးရဲ့ မြန်မာနိုင်ငံခရီးစဉ် လည်းဖြစ်ပါတယ်။

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို သမ္မတ ရှီ တက်ရောက်မှာ ဖြစ်ပါတယ်။

တရုတ်ရဲ့ Belt and Road ကနဦးလုပ်ဆောင်ချက်ကို တိုးမြင့်လုပ်ဆောင်ဖို့ သဘောတူညီမှုတစ်ခုကိုလည်း နှစ်နိုင်ငံ လက်မှတ်ရေးထိုးကြမယ်လို့ မျှော်လင့်ရပါတယ်။

မြန်မာနိုင်ငံကို ဖြတ်ပြီး တရုတ်ပြည်မကြီးနဲ့ အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်ထားတဲ့ စီးပွားရေးစင်္ကြံတစ်ခု တည် ဆောက်ဖို့ တရုတ်က လိုလားနေပါတယ်။

တရုတ်သမ္မတဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း တွေ့ဆုံမှာဖြစ်ပါတယ်။မြန်မာ နိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်တွေကို ကာကွယ်ပေးဖို့ ကြားဖြတ်အရေးယူဆောင်ရွက်ချက်တွေ ချ မှတ် မလားဆိုတာကို နိုင်ငံတကာတရားရုံး ICJ က နောက်အပတ်မှာ ကြေညာဖို့ မျှော်လင့်ရတဲ့ အချိန်မှာ တရုတ်သမ္မတ ခရီးစဉ်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */