" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဆုံးဖြတ်မည်. Show all posts
Showing posts with label ဆုံးဖြတ်မည်. Show all posts

Wednesday, January 15, 2020

ICJ မှာ မြန်မာ့အရေး ဆုံးဖြတ်ချက်ချမယ့်အပေါ် ဥပဒေအရ ပြင်ဆင်ထားပြီလို့ မြန်မာပြော

B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.15
အပြည်ပြည်ဆိုင်ရာ တရားရုံးရောက် ဒေါ်အောင်ဆန်းစုကြည်

နယ်သလန်နိုင်ငံ သည်ဟိဂ်မြို့ အခြေစိုက် ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ ကုလသမဂ္ဂပဋိဉာဉ်ကို ချိုး ဖောက်မှု မြောက်မမြောက် ဆုံးဖြတ်ချက် ထွက်လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ မြန်မာဘက်ကကိုယ်စား လှယ်စေလွှတ်ဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ဘီဘီစီကို ပြောပါတယ်။

Tuesday, January 14, 2020

ကြားဖြတ်အရေးယူမှု ချမှတ်ပေးဖို့ ဂမ်ဘီယာအဆို ICJ မှာ ဇန်နဝါရီ ၂၃ ဆုံးဖြတ်မည်

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
2020-01-14

ICJ ကုလသမဂ္ဂတရားရုံးကို တွေ့ရစဉ်
Photo: IJC

 
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်နဲ့ မြန်မာနိုင်ငံကို တရားစွဲထားတဲ့ ဂမ်ဘီယာကနေ တောင်း ဆိုထားတဲ့ “အရေးပေါ် ကြားဖြတ်အရေးယူမှု ချမှတ်ပေးဖို့အဆို” ကို ICJ နိုင်ငံတကာတရားရုံးက ဇန်နဝါရီ လ ၂၃ ရက်နေ့မှာ ဆုံးဖြတ်မယ်လို့ ဂမ်ဘီယာနိုင်ငံ တရားရေးဌာနရဲ့ တွစ်တာအကောင့်မှာ မနေ့က ရေးသား ထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */