" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ညမထွက်ရအမိန့်. Show all posts
Showing posts with label ညမထွက်ရအမိန့်. Show all posts

Saturday, November 9, 2019

မင်းတပ်ခရိုင် ပလက်ဝမြို့ နယ်မြေလုံခြုံရေး တဖြည်းဖြည်း စိုးရိမ်လာရသဖြင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်

ELEVEN 
9 NOVEMBER 2019
 အောင်သူထွန်း
ချင်းပြည်နယ် မင်းတပ်ခရိုင် ပလက်ဝမြို့ နယ်မြေလုံခြုံရေး တဖြည်းဖြည်း စိုးရိမ်လာရသဖြင့် ညမထွက်ရ အ မိန့် ပုဒ်မ ၁၄၄ ကို နိုဝင်ဘာ ၉ ရက်မနက်ပိုင်းမှ စတင်၍ ထုတ်ပြန်ုလိုက်သည်ဟု ချင်းပြည်နယ်အစိုးရ အဖွဲ့ ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဝန်ကြီး ဦးစိုးထက်က ပြောကြားသည်။

"ပလက်ဝမှာ ပုဒ်မ ၁၄၄ ထုတ်တယ်ဆိုတာ ဟုတ်ပါတယ်။ ပလက်ဝတစ်မြို့နယ်လုံးပါ။ စမီးမြို့လည်းပါ တယ်။ ကျွန်တော်တို့ ပလက်ဝက နယ်မြေလုံခြုံရေးက တဖြည်းဖြည်း ပိုပိုဆိုးလာတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်လေးခု၊ ငါးခုလောက်မှာ ပုဒ်မ ၁၄၄ ထုတ်ထားတာ ကြာပါပြီ။ ကျွန်တော်တို့က နယ်မြေ လုံခြုံရေး ပိုကောင်းလာမယ်ထင်ပြီး မထုတ်ကြဘူး။ အခုကတော့ တလောက အိန္ဒိယကလူတွေရော၊ ကျွန် တော်တို့ လွှတ်တော်ကိုယ်စားလှယ်ရော ဖမ်းဆီးခံရတာတို့ ဖြစ်လာတယ်။ မြို့တွေရွာတွေကိုရော ဖမ်းပြီး မလွှတ်တာတွေ အများကြီးဖြစ်လာတယ်။ အဲဒီလို ဖြစ်လာလို့ ပုဒ်မ ၁၄၄ ထုတ်တာပါ” ဟု ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဝန်ကြီး ဦးစိုးထက်က ပြောကြားသည်။

Sunday, April 21, 2019

ကျောက်တော်တွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၂ ဦး ဖမ်းဆီးခံရ

DVB
By ဒီဗွီဘီ
21 April 2019
ရခိုင်ပြည်နယ် ကျောက်တော်​မြို့မှာ ညမထွက်ရအမိန့် ၁၄၄ အား ကျူးလွန်​​ဖောက်​ဖျက်​တဲ့ အမျိုးသား ၂ ဦး ကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ ကျောက်တော်မြို့မ ရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဧပြီ ၂၀ ရက်နေ့ ည ၁၀ နာရီကျော်အချိန်မှာ သူတို့ကို အပြင်မှာတွေ့လို့ ပုဒ်မ ၁၄၄ ကို ကျူးလွန်​ဖောက် ဖျက်တဲ့အတွက်​ မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုကာ ပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်ထားပါတယ်​” လို့​ ပြောပါ တယ်​။


Tuesday, April 2, 2019

ရခိုင်ပြည်နယ် မြောက်ဦးမြို့ အပါအဝင် မြို့နယ် ၅ ခု မှာ ညမထွက်ရအမိန့်ထုတ်

B  B  C
ဘီဘီစီ မြန်မာပိုင်း
April 2 ' 2019


ရခိုင်ပြည်နယ်က ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော် တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြောက်ဦးအပါ အဝင် မြို့နယ် ၅ ခုမှာ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ဧပြီလ ၁ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရက ထုတ် ပြန် ခဲ့လို့ ဧပြီ လ ၂ ရက် ဒီကနေ့မှာတော့ စတင်အသက်ဝင်နေပြီလို့ ရခိုင်ပြည်နယ်အစိုးရက ဘီဘီစီကို ပြော ပါတယ်။

Monday, February 11, 2019

မောင်တောမြို့နယ်အတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ နောက်ထပ် ၂ လတိုး

နိရဉ္စရာ၊
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၁
 
ရခိုင်ပြည်နယ်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် ညမထွက်ရ အမိန့်ပုဒ်မ ၁၄၄ ကို နောက် ထပ် ၂ လ တိုးမြင့် ထုတ်ပြန်လိုက်သည်ဟု သတင်းရရှိသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */