05/10/2020
ဘာသာပြန်

နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၄၅-နှစ်မြောက် နှစ်ပတ်လည်အခန်းအနားတွင် ဘင်္ဂ လားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေ အဗ္ဗဒူမိုမန်က တရုတ်နိုင်ငံအား ယခုကဲ့သို့ တောင်းဆို လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနအဆိုအရ သိရှိရသည်။
နှစ်ပတ်လည် အခန်းအနား အထိန်းအမှတ်အဖြစ် သမ္မတ မိုဟာမက်အဗ္ဗဒူဟာမစ်နှင့် ဝန်ကြီးချုပ် ရှိတ်ဟာ စီနာ တို့ကလည်း တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ဝန်ကြီးချုပ် လီခယ်ကျင်းတို့ထံ ဝမ်းမြောက်ကြောင်း နှုတ်ခွန်း ဆက် သဝဏ်လွှာများ ပေးပို့ကြသည်ဆို၏။
သမ္မတ ဟာမစ်ကမူ ဖော်ရွေသော တရုတ်ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးမှုနှင့် သာယာဝပြောမှု များဆက် လက်တိုးပွားပါစေလိုကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပြီး၊ အနာဂါတ်ကာလတွင် နှစ်နိုင်ငံ အကြားရှိ ရင်းနှီးမြုပ်နှံမှုများ ပိုမိုခိုင်မာလာမည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြန်လည်ရေးသားရာ၌ နှစ်နိုင်ငံတို့သည် တန်းတူညီမျှမှုအခြေခံဖြင့် အပြန်အ လှန် လေးစားစွာ အစဉ်အမြဲ ဆက်ဆံခဲ့ကြကြောင်း၊ နှစ်ဦးနှစ်ဘက် ယုံကြည်မှု ခိုင်မာစေရန်နှင့် အကျိုးရှိ သော ပူးပေါင်းဆောင်ရွက်မှုများတွင် နက်ရှိုင်းစွာ ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ တရုတ် နိုင် ငံအနေခြင့် ဘင်္ဂလားဒေ့ရှ်၏ မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် ပူးပေါင်းမှုကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ရန် ဆန္ဒရှိ ကြောင်း ရေးသားထားသည်။
ဝန်ကြီးချုပ် ရှိတ်ဟာစီနာကလည်း တရုတ်နိုင်ငံအား ဘင်္ဂလားဒေ့ရ်ှ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါဆုံး မိတ်ဖက်အဖြစ် ဖော်ပြလိုက်ပြီး နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ခြင်း အဆင့်သို့ မြှင့် တင် ရေး နည်းလမ်းရှာဖွေနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ လုံခြုံ ရေး၊ တည်ငြိမ်အေး ချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် တရုတ်နိုင်ငံနှင့်အတူ ကိုင်တွယ် ဖြေရှင်းသွား မည်ဖြစ် ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါကပ်ကျရောက်လျှက်ရှိစဉ် တရုတ်နိုင်ငံ၏ အကူအညီပေးမှုနှင့် ပုူးပေါင်းဆောင်ရွက်မှုများကို အလေးအနက် တန်ဖိုးထားပါကြောင်း သဝဏ်လွှာ ရေးသားပေးပို့သည် သ တင်း၌ ဆက်လက်ဖော်ပြသည်။
((( Dhaka Tribune., October 4th, 202,” Bangladesh asks China for proactive roles to persuade Myanmar to begin Rohingya repatriation. By: Humayun Kabir Bhuiyan. “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
Link : Here
No comments:
Post a Comment