Tuesday, November 2, 2021
ရိုဟင်ဂျာဒုက္ခသည်တွေကြောင့် သစ်တောပြုန်းတီးမှု Sheik Hasina ဥတုရာသီညီလာခံမှာ တင်ပြ
VOA
ဗွီအိုအေ (မြန်မာဌာန)
02 နိုဝင်ဘာ၊ 2021
ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော်ရှိနေတဲ့ ဒုက္ခသည်စခန်းဝန်းကျင်မှာ တောပြုန်းတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရ တာကြောင့် ဒုက္ခသည်ပြဿနာကို ကမ္ဘာ့နိုင်ငံတွေ မျှဝေတာဝန်ယူပေးဖို့ Glasgow မှာ ကျင်းပနေတဲ့ ဥတုရာ သီဆိုင်ရာ COP-26 ညီလာခံမှာ တနင်္လာနေ့က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ကပန်ကြား လိုက် ပါတယ်။
Sunday, October 31, 2021
ယေန့ သတင်း( အမြန်ရှာရန် )အောက်တိုဘာလ၊၂၀၂၁
31.10.2021
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်က မိုးဗြဲဘက်မှာလည်း ပစ်ခတ်မှုတွေ ဖြစ်-BBC
မြောင်မြို့နယ်မှာ ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေ ဖျက်ဆီး- BBC
၂၀၂၀ ရွေးကောက်ပွဲ တစ်ကြိမ်ထက်ပို မဲပေးခဲ့သူတွေကို အရေးယူဖို့ပြင်-BBC
စစ်ကိုင်းဒေသခံကာကွယ်ရေးတပ်တွေကို စစ်ကောင်စီ ရဟတ်ယာဉ်သုံးရှင်းလင်း-BBC
လှိုင်မြို့နယ်ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ 44st-UG နဲ့ မဟာမိတ်အဖွဲ့ထုတ်ပြန်-BBC
ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူတွေကို ပြည်ဝင်ခွင့်ပေးမယ့် ထိုင်းစာရင်းထဲ မြန်မာပါဝင်လာ-BBC
နေအိမ်နဲ့အဆောက်အဦတချို့ကိုချိတ်ပိတ်မှု ဥပဒေနဲ့ညီညွတ်လား-BBC
လက်နက်မဲ့ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်စွာပြုမူပြင်းထန်စွာရှုတ်ချတယ်လို့ KNUထုတ်ပြန်-BBC
ဖယ်ခုံမှာ စစ်တပ်က ဖမ်းသွားတဲ့အမျိုးသား ၂၀ နီးပါးကို ၄ ရက်ကြာတဲ့အထိ အဆက်အသွယ်ပြတ်နေ-BBC
ကျွန်းလှ လွှတ်တိုက်ရွာက မီးရှို့ခံရုပ်အလောင်း-BBC
ထန်တလန်မြို့က အိမ်တွေနဲ့ ဘာသာရေးအဆောက်အဦတွေကို PDF မီးရှို့တာလို့ စစ်ကောင်စီစွပ်စွဲ-BBC
အေအေနဲ့ ပတ်သက်နေတယ်ဆိုတဲ့ လက္ကာရွာသားတွေရဲ့ အမှုကို နိုဝင်ဘာလ ၅ ရက်မှာ အပြီးသတ် အမိန့်ချ မယ်-BBC
ထိုင်းနယ်စပ်ကနေ ခိုးဝင်လာတဲ့ မြန်မာ ၇၂ ဦးကို ထိုင်းစစ်တပ် ဖမ်းဆီးမိ-BBC
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ချင်းပြည်နယ်ကို လူမျိုးတုံးသတ်ဖြတ်နေတယ်လို့ NUG ၀န်ကြီးပြော-BBC
ချင်းပြည်နှင့်အတူ ရပ်တည်ကြောင်း KNU ထုတ်ပြန်-RFA
စစ်အာဏာရှင်ကို အမြစ်ပြုတ်တော်လှန်မယ့် မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော်အဖွဲ့-RFA
ထန်တလန်မြို့မှာ စစ်ကောင်စီတပ်တွေရဲ့ လုပ်ရပ်တွေအပေါ် NUG သဘောထားထုတ်ပြန်-RFA
ကျောင်းပေါင်းစုံ ပညာရေးသပိတ်အဖွဲ့ဝင် ခြောက်ယောက် အဖမ်းခံရ- RFA
ခင်ဦးမြို့နယ် ယောက်သွားအိုင်ရွာက လူငယ် တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ- RFA
ထန်တလန်မီး စစ်တပ်က ရှို့တာမဟုတ်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းငြင်း- RFA
စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီ လေကြောင်းအသုံးပြု တိုက်ခိုက်နေ- RFA
ခင်ဦးမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်တပ်က ဝင်ရောက်စီးနင်း-RFA
ဒေါက်တာ လျန်မှုန်းဆာခေါင်းရဲ့အိမ် စစ်တပ်ပိုင်အဖြစ် သိမ်းဆည်းခံရ- RFA
မြန်မာ့အရေးမှာ UN က ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေ လိုအပ်ကြောင်း ဦးကျော်မိုးထွန်း ပြောကြား-RFA
ထန်တလန်မြို့ပေါ် အိမ် ၁၆၃ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ CDF ထုတ်ပြန်-RFA
ထန်တလန်နဲ့ မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ တောင်းဆိုမှုတွေ ထွက်ပေါ် -VOA
စစ်ကောင်စီ ဝင်ငွေရမယ့် လုပ်ငန်းတွေကို တားမြစ်ရေး နိုင်ငံတကာရောက် မြန်မာတွေ ဆန္ဒပြလှုပ်ရှား-VOA
မူးယစ်ဂိုဏ်းဝင် ၂ ဦး ထိုင်း-မြန်မာနယ်စပ်မှာ အသေဖမ်းမိ -VOA
မြန်မာနိုင်ငံတွင်း ကလေးအခွင့်အရေး ချိုးဖောက်မှုများ ကုလကိုယ်စားလှယ်တွေ ဝေဖန် - VOA
နိုင်ငံတကာရေးရာ
နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေအပေါ် အခွန်စည်းကျပ်ရေး G-20 သဘောတူ- VOA
ဆူဒန်စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲ နှိမ်နင်းခံရ၊ ၃ ဦးသေ -VOA
Sunday, October 24, 2021
မြန်မာ့အရေး အမေရိကန်က အထူးအလေးထား ဆောင် ရွက် နေကြောင်း ဦးကျော်မိုးထွန်းပြော
လွတ်လပ်တဲ့အာရှအသံ
2021-10-24
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အမေရိကန်အစိုးရအနေနဲ့ ဒီရက်ပိုင်းအတွင်း မြန်မာ့အရေးအတွက် အထူးအလေးထား ဆောင်ရွက်နေတာတွေကို အထင်အရှားတွေ့နေရတယ်လို့ RFA ကို ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂ဝ ရက်နေ့မှာ မြို့တော်ဝါရှင်တန်ဒီစီကို သူရောက်ရှိနေစဉ်အတွင်း အမေရိကန်နိုင် ငံ ခြားရေးဌာန ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Wendy Sherman နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဘူးသီးတောင်မှ ရိုဟင်ဂျာ ၂ ဦးကို စစ်တပ် ဖမ်းဆီး
Sep 25, 2021
ဖမ်းဆီးခံရသူ နှစ်ဦးအနက် တစ်ဦးသည် ဂူတာပြင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်ပြီး ၎င်းတို့ကို မည်သည့်အတွက်ဖမ်းဆီးသည်၊ မည်သည့်နေရာတွင်ထိန်းသိမ်းထားသည်ကို မသိရှိရပေ။ ဘူးသီးတောင်မြို့ မြို့တွင်းတစ်နေရာကို စက်တင်ဘာ ဒုတိယပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ဂူတာပြင်ကျေးရွာအုပ်စု၊ စိမ့်ညှင်းပြားဈေး၏ ဈေးကော်မတီ ဝင် အမျိုးသားနှစ်ဦးကို ယမန်နေ့ (စက်တင်ဘာ ၂၄) တွင် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံ များထံမှ သိရသည်။
Saturday, October 23, 2021
ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်း တိုက်ခိုက်မှု စုံစမ်းဖော် ထုတ်ဖို့ ကုလတိုက်တွန်း
VOA
ဗွီအိုအေ (မြန်မာပိုင်း
23 အောက်တိုဘာ၊ 2021
ဘင်္ဂလားဒေ့ရှ် နို င်ငံက ဒုက္ခသည်စခန်းတွင်း ရိုဟင်ဂျာအုပ်စု ၂ ခုကြား တိုက်ခိုက်မှုကြောင့် လူ ၇ ယောက် ထက် မနည်း သေဆုံးခဲ့မှုကို စုံစမ်းဖော်ထုတ် အရေးယူဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ ဒုက္ခသည် ၇ ယောက်ထက်မနည်း သေဆုံးပြီး၊ ကလေးတွေ အပါအဝင် ဒဏ်ရာရ သူတွေ ရှိခဲ့တဲ့ သောကြာနေ့က တိုက်ခိုက်မှုမှာ တာဝန်ရှိတဲ့ သူတွေကို စုံစမ်းဖော်ထုတ် အရေးယူဖို့ ဒုက္ခသည် များဆိုင်ရာ ကုလ သမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ကိုယ်စားလှယ် Johannes Van Der Klaauw က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။
ရိုဟင်ဂျာ အစ္စလာမ်စာသင်ကျောင်း တိုက်ခိုက်ခံရ ခုနစ်ဦး သေဆုံး
လွတ်လပ်တဲ့အာရှအသံ
2021-10-22
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာရှိတဲ့ ဘာလူကာလီ ရိုဟင်ဂျာဒုက္ခသည်စခန်းက အစ္စ လာမ်စာသင်ကျောင်း အောက်တိုဘာလ ၂၂ ရက် ဒီနေ့မှာ တိုက်ခိုက်ခံရပြီး အနည်းဆုံး လူခုနစ်ဦး သေဆုံး ကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။
တိုက်ခိုက်သူတွေဟာ ဓားစာခံအချို့ကို ပစ်သတ်ခဲ့ပြီး တချို့ကိုတော့ ဓားနဲ့ထိုးခဲ့တယ်လို့ ဒေသတွင်း ရဲအရာရှိ ကြီးတစ်ဦးက AFP သတင်းဌာနကို ဖြေဆိုထားပါတယ်။
Friday, October 22, 2021
Ukhiya မှာ ပြိုင်ဘက် ရိုဟင်ဂျာ အုပ်စုတွေကြား သေနတ် ပစ်ခတ်မှုမှာ ၇ ဦး သေဆုံး
Published:22-10-2021, Zawgyi
Wednesday, October 20, 2021
တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများမှနေ၍ မြန်မာနိုင်ငံအတွင်းသို့ တရာမဝင် နယ်စပ်ဖြတ်ကျော်ကာ ပြန်လည်ဝင်ရောက်လာသူများထပ်မံဖမ်းဆီးရမိ
၁၉ - ၁၀ - ၂၀၂၁
၁၉ - ၁၀ - ၂၀၂၁ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင် မောင်တောမြို့နယ်၊ သရက်အုပ်ကျေး ရွာနှင့်ဒါးကြီးဇား ကျေးရွာကြားရှိ တာဘောင် ပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လှည့်ကင်း ဆောင်ရွက်နေစဉ် ရေတွင်းကျွန်း ချောင်းဝ ဘက်မှ ဝင်ရောက်လာသော မသင်္ကာဖွယ်ရာ ရိုဟင် ဂျာ အမျိုးသမီး ၆ ဦးအား ဖမ်းဆီးရမိခဲ့သည်။ဖမ်းဆီးရမိသူများ၏ ပြောပြချက်အရ ၎င်းတို့သည် မောင်တောမြို့နယ် မြို့မိချောင်း၊ ငါးခူရ၊ လှ ဖိုးခေါင်၊ ကြိမ် ချောင်း၊ ဒါးကြီးဇားကျေးရွာ တို့တွင် နေထိုင်ခဲ့ကြ သူများဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ သြ ဂုတ်လ ၂၅ ရက် အကြမ်းဖက် ဖြစ်စဉ် ဖြစ်ပွားမှုနောက်ပိုင်း မိသားစုများနှင့်အတူ ဘင်္ဂလား ဒေ့ရှ် နိုင်ငံသို့ နေရပ်စွန့်ခွာထွက်ပြေးကာ ဇာတီမူရ ဒုက္ခသည်စခန်း၌ နေထိုင်ခဲ့ကြောင်း၊ နေထိုင်စား သောက်ရေး အဆင်မပြေခြင်း တို့ကြောင့် မြန်မာနိုင်ငံအတွင်း ရှိ မိမိနေရပ်များတွင် ပြန်လည်နေ ထိုင်ကာ လုပ်ကိုင် စားသောက်ရန် အတွက် လှေဖြင့်နတ်မြစ်အားဖြတ် ကူး ခဲ့ပြီး မောင်တောမြို့ နယ် ရေတွင်းကျွန်းချောင်း အနီးရှိ နတ်မြစ်ကမ်းစပ် နယ်စပ်ခြံစည်းရိုး ရေပြွန်ပေါက်မှ မြန် မာ နိုင်ငံအတွင်းသို့ ဝင်ရောက်၍ တာဘောင်အတိုင်း လမ်းလျှောက်ထွက်ခွာလာစဉ် လုံခြုံရေး တပ် ဖွဲ့ ဝင်များ နှင့် တွေ့ရှိကာ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိ ရိုဟင်ဂျာ များအား ၎င်းတို့ထံတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ မောင်တောမြို့ပြည်သူ့ ဆေးရုံသို့ပို့ ဆောင် စစ်ဆေးပြီးပါက တရားမဝင်နယ်စပ် ဖြတ်ကျော်မှု လဝက အက်ဥပဒေပုဒ်မ -၁၃(၁)ဖြင့် အမှုဖွင့်အရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်နေ့စဉ်မှ သိရသည်။
#ရခိုင်နေ့စဉ်
Monday, October 18, 2021
Friday, October 15, 2021
Monday, October 11, 2021
မိုဟစ်အူလာ လုပ်ကြံခံရမှု ရိုဟင်ဂျာ ၁၆ ယောက် အဖမ်းခံရ
RFA
လွတ်လပ်တဲ့အာရှအသံ
2021-10-10
ဘဂ်လားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားမြို့က ဒုက္ခသည်စခန်းတစ်ခုမှာ အသတ်ခံလိုက်ရတဲ့ မိုဟစ်အူလာ ဖြစ် ရပ်နဲ့ ပတ်သက်လို့ ရိုဟင်ဂျာ ၁၂ ယောက်ကို ဘင်္ဂလားဒေ့ရှ်ရဲက ဖမ်းထားတယ်လို့ အေအက်ဖ်ပီ သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။ ဒါကြောင့် စုစုပေါင်းဖမ်းမိထားတာ ၁၆ ယောက်ရှိပြီလို့ ဒီအမှုကိုကိုယ်တွယ်နေတဲ့ ရဲအရာရှိ နေမူလ်ဟတ်က ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း စစ်သွေးကြွနှိမ်နင်းရေး ဖမ်းဆီးမှု ဆက်လုပ်
VOA
ဗွီအိုအေ (မြန်မာပိုင်း)
11 အောက်တိုဘာ၊ 2021
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ ခေါင်းဆောင်တဦးဖြစ်တဲ့ Mohib Ullah ပြီးခဲ့တဲ့ သီတင်း ပတ်ထဲ အသတ်ခံခဲ့ရပြီးနောက်ပိုင်း ဒီဒုက္ခသည်စခန်းတွေမှာ ရဲတွေက ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုတွေ လုပ်နေ တာဖြစ်ပြီး အခုချိန်ထိ ရဲကဖမ်းထားသူ အနည်းဆုံး ၁၆ ဦးရှိပြီလို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
Sunday, October 10, 2021
Bhasan Char ကျွန်းက ရိုဟင်ဂျာတွေကူညီဖို့ ကုလနဲ့ ဘင်္ဂလားဒေ့ရှ် သဘောတူ
ပြင်သစ်နိုင်ငံက နာမည်ကျော် ဘိုင်ယူး စစ်သတင်းထောက်ဆု (Bayeux Calvados- Normandy Award) အတွက် ဒီနှစ် ၂၀၂၁ ခုနှစ်မှာ ပထမဆုကို New York Times သတင်းစာက မြန်မာဓာတ်ပုံသတင်းထောက်ကို ချီးမြှင့်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဓာတ်ပုံဆရာအတွက် အန္တရာယ်ရှိတာကြောင့် အမည်ကိုတော့ ဖော်ပြမထားပါဘူး။
Saturday, October 9, 2021
ရိုဟင်ဂျာခေါင်းဆောင် လုပ်ကြံခံရမှု မျက်မြင်သက်သေ သရုပ်ဖော်ပုံကြမ်း
RFA
လွတ်လပ်တဲ့အာရှအသံ
Oct 8, 2021
■ ၂၀၂၁ စက်တင်ဘာလ ၂၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ ဒုက္ခ သည်ခေါင်းဆောင် မိုဟစ်အူလာ လုပ်ကြံသတ်ဖြတ်ခံရ စဉ်က အတူရှိနေခဲ့တဲ့ မျက်မြင်သက်သေတစ်ဦးရဲ့ ပြန် ပြောပြချက်ကို RFA ကာတွန်းဆရာ Rebel Pepper က သရုပ်ဖော်ပုံကြမ်း ရေးဆွဲပေးထားပါတယ်။
Link : Hereရိုဟင်ဂျာ ၈ သောင်းကျော် ဘာဆန်ချာကျွန်း ပြောင်းရွှေ့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်
ဗွီအိုအေ (မြန်မာပိုင်း)
09 အောက်တိုဘာ၊ 2021
ရိုဟင်ဂျာ ၈ သောင်းကျော် ဘာဆန်ချာကျွန်း ပြောင်းရွှေ့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်
ကုလသမဂ္ဂက အကူညီပေးဖို့ သဘောတူညီချက်ရခဲ့တဲ့နောက် ဘင်္ဂလားပင်လယ်အော်ထဲက ဘာဆန်ချာ ကျွန်း ဆီကို ရိုဟင်ဂျာ ဒုက္ခသည် ၈၀ ၀၀၀ ကျော် ပို့ ပေးဖို့ ဘင်္ဂလားဒက်ရှ်အစိုးရက စီစဉ်နေပါတယ်။ လူ့ အ ခွင့်ရေးအဖွဲ့တွေက စိုးရိမ်ကြောင်း ပြောနေတဲ့ ကြားက ဒီကျွန်းပေါ်က ဒုက္ခသည်စခန်းကိုပို့ပေးထားတဲ့ ရိုဟင်ဂျာဒုက္ခ သည်က ၁၉ ၀၀၀ လောက်ရှိနေပြီဖြစ်ပါတယ်။
Wednesday, October 6, 2021
မြန်မာနယ်စပ်က ရာဇဝတ်မှုတွေကို ဘင်္ဂလားဒေရှ့်ဘက်က ပစ်ခတ်နှိမ်နင်းမည်
ယခင်က မြန်မာနယ်စပ်မှာ ပစ်မိန့်ပေးမထားပေမယ့် အခုအခါ လက်နက်၊ မူးယစ်ဆေးဝါး နဲ့ လူကုန်ကူးမှုတွေ ကို တားဆီးဖို့ ပစ်မိန့်ပေးမှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Dr. AK Abdul Momen က သူရဲ့ရွေးကောက်ပွဲ နယ်မြေ Sylhet (ဆေလ် ဟက်) မှာ သတင်းထောက်တွေကို ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာပါ။