" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 2, 2021

ရိုဟင်ဂျာဒုက္ခသည်တွေကြောင့် သစ်တောပြုန်းတီးမှု Sheik Hasina ဥတုရာသီညီလာခံမှာ တင်ပြ

VOA
ဗွီအိုအေ (မြန်မာဌာန)
02 နိုဝင်ဘာ၊ 2021

ဒုက္ခသည်ပြဿနာကို ကမ္ဘာ့နိုင်ငံတွေ မျှဝေတာဝန်ယူပေးဖို့ Glasgow မှာ ကျင်းပနေတဲ့ ဥတုရာသီဆိုင်ရာ COP-26 ညီလာခံမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ကပန်ကြားလိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော်ရှိနေတဲ့ ဒုက္ခသည်စခန်းဝန်းကျင်မှာ တောပြုန်းတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရ တာကြောင့် ဒုက္ခသည်ပြဿနာကို ကမ္ဘာ့နိုင်ငံတွေ မျှဝေတာဝန်ယူပေးဖို့ Glasgow မှာ ကျင်းပနေတဲ့ ဥတုရာ သီဆိုင်ရာ COP-26 ညီလာခံမှာ တနင်္လာနေ့က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ကပန်ကြား လိုက် ပါတယ်။

ဥတုရာသီဖေါက်ပြန်မှုကြောင့် ကြုံနေရတဲ့ စိန်ခေါ်မှုတွေဖြေရှင်းနိုင်ဖို့ ကျမတို့ကြိုးစားနေရပါတယ်။ ဘာကြောင့် လည်း ဆိုတော့ ဘင်္ဂလားဒေ့ရှ်ကိုရောက်လာတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ၁.၁ သန်းကို လက်ခံထား ရ လို့ပါ။ သူတို့လာပြီးနေထိုင်တဲ့ ဒေသတွေမှာ တောတွေပြုန်းကုန်တာပါ။ ဒါကြောင့် ကျမတို့ဟာ အကြီးမား ဆုံးစိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတာပါ- လို့ ပြောသွားတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ လွန်ခဲ့တဲ့ ၇ နှစ်တာကာလအတွင်း ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ကုန်ကျစားရိတ် ၂ ဆ တိုးလာခဲ့ကြောင်းနဲ့ လက်ရှိမှာ ဒီပြဿနာကို ရင်ဆိုင်ဖို့ နိုင်ငံတော်အစီစဉ်တရပ်ရေးဆွဲဖို့ ပြင်နေတယ်လို့ လည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် က ပြောပါတယ်။

ပင်လယ်ရေမျက်နှာပြင်မြင့်တက်တာ၊ မြစ်ကမ်းပါးအတိုက်စားခံရတာ၊ ရေကြီးတာနဲ့ မိုးခေါင်တာလို ဥတုရာ သီပြောင်းလဲမှု ကြောင့် အိုးအိမ်ရွှေ့ပြောင်း နေထိုင်ရသူတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ အကူအညီတွေ ဘင်္ဂလားဒေ့ရှ်က လိုအပ်နေကြောင်းလည်း ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */