" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, October 23, 2021

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်း တိုက်ခိုက်မှု စုံစမ်းဖော် ထုတ်ဖို့ ကုလတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း
23 အောက်တိုဘာ၊ 2021

ကုတုပလောင် ဒုက္ခသည်စခန်းတွင်းမှာ အသတ်ခံရသူ ရိုဟင်ဂျာအရေးခေါင်းဆောင် Mohibullah ရဲ့ဈာပန။ (၀၉ ၊ ၃၀၊ ၂၀၂၁)

ဘင်္ဂလားဒေ့ရှ် နို င်ငံက ဒုက္ခသည်စခန်းတွင်း ရိုဟင်ဂျာအုပ်စု ၂ ခုကြား တိုက်ခိုက်မှုကြောင့် လူ ၇ ယောက် ထက် မနည်း သေဆုံးခဲ့မှုကို စုံစမ်းဖော်ထုတ် အရေးယူဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ ဒုက္ခသည် ၇ ယောက်ထက်မနည်း သေဆုံးပြီး၊ ကလေးတွေ အပါအဝင် ဒဏ်ရာရ သူတွေ ရှိခဲ့တဲ့ သောကြာနေ့က တိုက်ခိုက်မှုမှာ တာဝန်ရှိတဲ့ သူတွေကို စုံစမ်းဖော်ထုတ် အရေးယူဖို့ ဒုက္ခသည် များဆိုင်ရာ ကုလ သမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ကိုယ်စားလှယ် Johannes Van Der Klaauw က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။

ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့ ဖြစ်ရပ်အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ပြောဆိုခဲ့သလို၊ ဒုက္ခသည်စခန်း တွင်း လုံခြုံရေး တိုးတက်အောင် အမြန်ဆုံး လုပ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ Cox's Bazar ဒေသက ဘာ လုခါလီ ဒုက္ခသည်စခန်းမှာ သောကြာနေ့ အစောပိုင်းက တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။

ပြီးခဲ့တဲ့ လကုန်ပိုင်းမှာတုန်းကလည်း ထင်ရှားတဲ့ ရိုဟင်ဂျာခေါင်းဆောင်တဦးဖြစ်သူ Mohib Ullah ဟာ ကုတု ပလောင် ဒုက္ခသည်စခန်းထဲမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရအပြီး သေဆုံးခဲ့ဖူးပါတယ်။ အခုလို ပစ်ခတ်သတ် ဖြတ်မှု ထပ်ဖြစ်တာပါ။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် တိမ်းရှောင်သွား ခဲ့ ကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အစီအစဉ်တွေ အကောင်အထည် မဖော်နိုင်သေးပဲ ဖြစ်နေ ချိန်မှာ လုံခြုံရေးပြဿနာတွေ ပေါ်ပေါက်နေတာလည်းဖြစ်ပါတယ်။

မြန်မာအာဏာပိုင်တွေကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်မခံပေမဲ့ ရခိုင် ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို စိစစ်လက်ခံမှာ ဖြစ်ကြောင်း ကတိပြုထားပါတယ်။ Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */