Tuesday, November 2, 2021

အမေရိကန် သံတမန်ဟောင်း ဘေလ်ရစ်ချတ်ဆန်နှင့် စစ်ကောင်စီ ဥက္ကဋ္ဌ တွေ့ဆုံ

ဧရာဝတီ
2 November 2021
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းနှင့် နယူးမက္ကဆီကို ပြည် နယ် အုပ်ချုပ် ရေးမှူးဟောင်းဖြစ်သူ မစ္စတာ ဘေလ် ရစ်ချတ်ဆန်သည် ယနေ့ နေပြည်တော်တွင် အာဏာ သိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးနေသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ဆောင် ရွက်မှု အခြေ အနေ၊ ကိုဗစ် ကာကွယ်ဆေးထိုးနှံမှု အခြေအနေနှင့် ရောဂါကူးစက်မှုနှုန်း ကျလာသည့်နောက် အခြေခံပညာကျောင်းများ ပြန်ဖွင့်နေသည့် အခြေအနေများ ဆွေးနွေးခဲ့ကြောင်း တပ်မတော်သတင်းနှင့် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

မစ္စတာရစ်ချတ်ဆန်နှင့် တွေ့ဆုံပွဲသို့ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ကျန်းမာရေးဝန်ကြီး ဒေါက် တာ သက်ခိုင်ဝင်းတို့လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အမေရိကန်နိုင်ငံဘက်မှ မြန်မာနိုင်ငံအတွက် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးများ ကူညီဆောင်ရွက် ပေးနိုင်ရေး အခြေအနေများကိုလည်း နှစ်ဖက် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မစ္စတာ ရစ်ချတ်ဆန်သည် စစ်ကောင်စီ လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာန၊ လူကယ်ပြန် ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူ များနှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးရန် ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

မစ္စတာရစ်ချတ်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်သည် လူသားချင်းစာနာမှုဆိုင်ရာ ကူညီရေး ပုဂ္ဂလိက ခရီးစဉ်သာ ဖြစ်ကြောင်း၊ ကိုဗစ်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးသွားရန် ရှိကြောင်း သူ၏ ပြောရေးဆိုခွင့်ရှိသူ Madeleine Mahony က AP သတင်းဌာနသို့ ပြောထားသည်။

မစ္စတာ ရစ်ချတ်ဆန်၏ မြန်မာပြည်ခရီးစဉ်နှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီ ယိုဂူတာရက်စ်ကလည်း သိရှိထားပြီး မြန်မာစစ်တပ်က ဖမ်းဆီးထားသည့်အမေရိကန်နိုင်ငံသားသတင်း သမား Danny Fester အား ပြန်လွှတ်ပေးရေး ကိစ္စဆွေးနွေးရန် အာဏာပိုင်များနှင့် အစီအစဉ်ရှိ မရှိဆို သည့် AP သတင်းဌာန၏ မေးမြန်းချက်ကိုမူ မစ္စတာရစ်ချတ်ဆန်၏ ပြောခွင့်ရပုဂ္ဂိုလ်က ငြင်းဆိုသည်။

အမေရိကန် အစိုးရကလည်း အမေရိကန် သံတမန်ဟောင်း ဘေလ်ရစ်ချတ်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်ကို ကြို ဆိုကြောင်း နိုဝင်ဘာလ ၁ ရက်တွင် ပြောသည်။

“အုပ်ချုပ်ရေးမှူး Richardson ဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေမှာ လုပ်ဆောင်နေတဲ့ အတွေ့ အကြုံများစွာ ရှိပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားသည်။

၎င်း၏ ခရီးစဉ်ကို အမေရိကန်အစိုးရက ကမကထပြု ဆောင်ရွက်ခဲ့ခြင်း မဟုတ်သော်လည်း ခရီးစဉ်အတွင်း လူ သားချင်း စာနာထောက်ထားမှု အကူအညီများပေးနိုင်ရေး ပိုမိုကောင်းမွန်လာစေရန် အထောက်အကူပြု လိမ့်မည်ဟု မျှော်လင့် ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်အရ သိရသည်။

မစ္စတာဘေလ် ရစ်ချတ်ဆန်သည် နဝတ၊ နအဖ အစိုးရ လက်ထက် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ထောက်လှမ်း ရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ရင်းနှီးသူဖြစ်ပြီး၊ အမေရိကန် အောက်လွှတ် တော်အမတ်အဖြစ် ဆောင် ရွက်နေစဉ် ၁၉၉၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ကာ နေအိမ် အကျယ်ချုပ် ကျနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သူဖြစ်သည်။

ထိုသို့ တွေ့ဆုံအပြီး တနှစ်ခန့်အကြာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ သည်။

ယခု သူ၏ မြန်မာပြည်ခရီးစဉ်မှာ သံတမန်ဟောင်း၊ ထောက်လှမ်းရေး အဖွဲ့ဝင်ဟောင်းများ ဖြစ်သည့် ဦးငွေ ထွန်း၊ အငြိမ်းစား လေတပ်အရာရှိကြီး ဗိုလ်မှူးကြီး ခင်မောင်သိန်းတို့က စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ဧရာဝတီက စုံစမ်းသိရသည်။

မစ္စတာ ရစ်ချတ်ဆန်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ၂၀၁၇ ခုနှစ် ရခိုင် မြောက်ပိုင်း ပဋိပက္ခများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင် ရွက်ရေး ကော်မတီ၏ အကြံပေး အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။

ထိုသို့ တာဝန်ထမ်းဆောင်နေစဉ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် မပြေမလည် ဖြစ် ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် အကြံပေးအဖွဲ့မှ နုတ်ထွက်ခဲ့သည်။

၎င်းက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကြံ ပေးအဖွဲ့သည် ရိုဟင်ဂျာအရေးကိစ္စကို ဖုံးဖိထားရန် ကြိုးစားနေပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည်လည်း ကျင့် ဝတ်သိက္ခာပိုင်းအရ ခေါင်းဆောင်မှု ကင်းမဲ့နေကြောင်း ထိုစဉ်က ရိုက်တာ သ တင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ဝေဖန် ဖူးသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ် အာဏာသိမ်းခြင်းနှင့် ပတ်သက်၍လည်း မစ္စတာဘေလ်ရစ်ချတ် ဆန်က “မြန် မာ စစ်တပ်ဟာ အင်အားသုံးပြီး အတတ်နိုင်ဆုံး တည်ငြိမ်အောင် ပြသရမယ်။ ဒေါ်အောင်ဆန်းစု ကြည်ဟာ မြန်မာခေါင်း ဆောင်အနေနဲ့ ဒီမိုကရေစီ တန်ဖိုးတွေကို မြှင့်တင်ဖို့ ပျက်ကွက်တဲ့အတွက် ဘေးဖယ် ပေးပြီး အခြား ဒီမိုကရေစီ ခေါင်း ဆောင်တွေကို နိုင်ငံတကာထောက်ခံမှုနဲ့အတူ အခြေအနေကို ထိန်းချုပ်ခွင့် ပေးရမယ်” ဟု Twitter လူမှုကွန်ရက်တွင် ဖေဖော်ဝါရီ ၂၁ ရက်က ရေးသားခဲ့သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */