Wednesday, October 6, 2021

မြန်မာနယ်စပ်က ရာဇဝတ်မှုတွေကို ဘင်္ဂလားဒေရှ့်ဘက်က ပစ်ခတ်နှိမ်နင်းမည်

ဗွီအိုအေ (မြန်မာပိုင်း)
06 အောက်တိုဘာ၊ 2021
ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်မှာ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာမှု၊ မူးယစ်ဆေးဝါးနဲ့ လက် နက်မှောင်ခိုတင်သွင်းမှု တွေကို ရပ်တန့်အောင် တားဆီးရမှာဖြစ်ပြီး လိုအပ်ပါကပစ်ခတ်နှိမ်နင်းမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့မှာ ပြောဆို လိုက်ပါတယ်။

ယခင်က မြန်မာနယ်စပ်မှာ ပစ်မိန့်ပေးမထားပေမယ့် အခုအခါ လက်နက်၊ မူးယစ်ဆေးဝါး နဲ့ လူကုန်ကူးမှုတွေ ကို တားဆီးဖို့ ပစ်မိန့်ပေးမှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Dr. AK Abdul Momen က သူရဲ့ရွေးကောက်ပွဲ နယ် မြေ Sylhet (ဆေလ် ဟက်) မှာ သတင်းထောက်တွေကို ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာပါ။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့လုပ်နေပေမယ့် ဒုက္ခသည် များဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ လုံလုံလောက်လောက် ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ပြောဆိုပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ပတ်သက်ပြီး သမိုင်းကြောင်းရှိခဲ့ကြောင်း၊ ၁၉၇၈ ခုနှစ်မှာသိန်းနဲ့ချီရောက်လာခဲ့ ကြောင်း၊ ၁၉၉၂ မှာ၂၅၃,၀၀၀ ကျော်ထပ်မံရောက်ရှိလာခဲ့ကြောင်း၊ ညှိနှိုင်းမှုကြောင့် မြန်မာနိုင်ငံဘက်က ၂၃၆,၀၀၀ ကျော် ပြန်လည် လက်ခံခဲ့ကြောင်း၊ ကျန်တာတွေက UNHCR အထောက်အပံ့နဲ့ ဘင်္ဂလားဒေ့်ရှ် ဘက် မှာ ဆက်လက်နေကြကြောင်း၊ ဒါပေမယ့် ဒီတခါမှာ အလွန်များကြောင်း၊ ၁,၁၀၀,၀၀၀ ကျော် ရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

ရခိုင်မှာ ပဋိပက္ခတွေ မရှိတော့တာ ၄ နှစ်ရှိပြီဖြစ်ပေမဲ့ ဒုက္ခသည်ဆိုင်ရာ ကူညီရေးအဖွဲ့တွေအနေနဲ့ ဒုက္ခသည် တွေ ကို ပြန်ဖို့မတိုက်တွန်းကြ ဘူးလို့လည်းပြောဆိုပါတယ်။ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာ နိုင် ငံ က ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လက်ခံမယ်လို့ ပြောထားပေမယ့်လည်း အခုအချိန်ထိ ဒုက္ခသည်တွေ ဌာ နေပြန်နိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းက " မြန်မာနိုင်ငံကိုပြန်ခွင့်ရရမယ်လို့" ပြောတဲ့ ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah ဟာအ သတ် ခံခဲ့ရကြောင်း၊ ဒါဟာ အလွန်ဝမ်းနည်းစရာကောင်းကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ကပြောဆို ခဲ့ပါတယ်။ သတ်တဲ့သူတွေကိုဖေါ်ထုတ်အရေးယူမယ်လို့လည်းဆိုပါတယ်။ ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး သံသယ ရှိသူ ၅ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကဖမ်းဆီးထားပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */