Sep 25, 2021
ဖမ်းဆီးခံရသူ နှစ်ဦးအနက် တစ်ဦးသည် ဂူတာပြင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်ပြီး ၎င်းတို့ကို မည်သည့်အတွက်ဖမ်းဆီးသည်၊ မည်သည့်နေရာတွင်ထိန်းသိမ်းထားသည်ကို မသိရှိရပေ။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ဂူတာပြင်ကျေးရွာအုပ်စု၊ စိမ့်ညှင်းပြားဈေး၏ ဈေးကော်မတီ ဝင် အမျိုးသားနှစ်ဦးကို ယမန်နေ့ (စက်တင်ဘာ ၂၄) တွင် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံ များထံမှ သိရသည်။
ဖမ်းဆီးခံသူနှစ်ဦးမှာ ဂူတာပြင်ကျေးရွာနေ စိမ့်ညှင်းပြားဈေးကော်မတီဝင် အသက် ၅၀ အရွယ်ရှိ မိုဟာမတ် အာ ယုပ်နှင့် အသက် ၄၈ နှစ်အရွယ် ကာဒဲရ် တို့ဖြစ်ကြောင်း ဂူတာပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးကျော် လှ က အတည်ပြုသည်။
“စစ်တပ်က ခေါ်ယူသွားတာလို့ ဆိုပါတယ်။ ခေါ်ယူသွားတာက ဘူးသီးတောင်ဘက်ကို ခေါ်ယူသွားတယ်။ ကျွန်တော်သိရတာက ဗျူဟာဘက်သို့ ခေါ်ယူသွားတယ်လို့ ကြားတယ်” ဟု ၎င်းက ဆိုသည်။
စိမ့်ညှင်းပြားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီဒီအာမတ်ကလည်း အလားတူ ပြောသည်။
“ဘူးသီးတောင်အခြေစိုက်ဗျူဟာက ခေါ်သွားတာပါ။ ဘာကြောင့်ခေါ်သွားတယ်ဆိုတာကို ကျွန်တော်တို့လည်း မသိပါ” ဟု ဦးဆီဒီအာမတ်က ပြောသည်။
“အရင်တုန်းကတော့ ရန်ငြိုးရန်စလူတော့ ရှိရင်ရှိမယ်။ သူတို့မှာ ရန်ငြိုးရန်စရှိခဲ့မယ်ဆိုရင်တောင် ထောင်ကျ နိုင်လောက်တဲ့အထိ ရန်ငြိုးရန်စမရှိပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က လူကောင်းတွေဖြစ်တယ်”
ဖမ်းဆီးခံရသူနှစ်ဦးနှင့် ပတ်သက်ပြီး အာမခံချက်ပေးရမည်ဆိုလျှင် ကျေးရွာသားများက အာမခံပေးရန် အ ဆင်သင့်ရှိကြောင်း ဦးဆီဒီအာမတ်က ဆက်ပြောသည်။
၎င်းတို့ နှစ်ဦးအနက် မိုဟာမတ်အာယုပ်ဆိုသူသည် ဂူတာပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်ပြီး ၎င်းတို့ကို စစ်တပ်အင်အား ၄၀ ခန့်ဖြင့် လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု မျက်မြင်များက ပြောသည်။
အာရကန်ရိုဟင်ဂျာလွတ်မြောက်ရေးတပ် (ARSA) အဖွဲ့ကို ရိက္ခာထောက်ပံ့သည်ဟု စွပ်စွဲကာ စစ်တပ်က ဖမ်း ဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းများထွက်ပေါ်နေသော်လည်း Myanmar Now အေ နဖြင့် သီးခြားအတည်မပြုနိုင်ပေ။
ဂူတာပြင်ကျေးရွာသည် ၂၀၁၇ ရခိုင်ပြည်နယ်ပဋိပက္ခကာလအတွင်း ရိုဟင်ဂျာရွာသားများ ရာနှင့်ချီ သတ်ဖြတ် ခံရသည့် ကျေးရွာတစ်ရွာဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းက မွတ်ဆလင်များအပါအဝင် ကျေးရွာတာဝန်ခံ ၆ ဦးခန့်ကို စစ်ကောင်စီတပ်က ပီရွက်ကျေးရွာ၊ စေတီတောင်ဓမ္မာရုံသို့ ခေါ်ယူပြီး ရက္ခိုင့်တပ်တော် (AA) ကို ရိက္ခာနှင့် ငွေကြေး မထောက်ပံ့ရန် သတိပေးထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါ တယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p
Link : Here
No comments:
Post a Comment