Saturday, October 23, 2021

ရိုဟင်ဂျာ အစ္စလာမ်စာသင်ကျောင်း တိုက်ခိုက်ခံရ ခုနစ်ဦး သေဆုံး

RFA
လွတ်လပ်တဲ့အာရှအသံ
2021-10-22
ဘင်္ဂလားဒေ့ရှ်က ဘာလူကာလီ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဝတ်ပြုနေသူတွေကို ၂၀၁၈ ခုနှစ်က တွေ့ရစဉ်AFP Photo
 
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာရှိတဲ့ ဘာလူကာလီ ရိုဟင်ဂျာဒုက္ခသည်စခန်းက အစ္စ လာမ်စာသင်ကျောင်း အောက်တိုဘာလ ၂၂ ရက် ဒီနေ့မှာ တိုက်ခိုက်ခံရပြီး အနည်းဆုံး လူခုနစ်ဦး သေဆုံး ကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။

တိုက်ခိုက်သူတွေဟာ ဓားစာခံအချို့ကို ပစ်သတ်ခဲ့ပြီး တချို့ကိုတော့ ဓားနဲ့ထိုးခဲ့တယ်လို့ ဒေသတွင်း ရဲအရာရှိ ကြီးတစ်ဦးက AFP သတင်းဌာနကို ဖြေဆိုထားပါတယ်။

လေးဦးနေရာမှာတင် သေဆုံးသွားပြီး သုံးဦးကတော့ ဘာလူကာလီ ရိုဟင်ဂျာဒုက္ခသည်စခန်းက ဆေးရုံမှာ သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့ကပြောပေမယ့် ဒဏ်ရာရသူအရေအတွက်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ဒီကိစ္စဖြစ်ပြီးပြီးချင်းမှာပဲ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ကော့ဆက်ဘဇားခရိုင် ကမ်းရိုးတန်းတလျှောက် မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို လုံခြုံရေးတိုးမြှင့်ဖို့နဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲက မူးယစ်ဆေးဝါးရောင်း ဝယ်မှုတွေကို အနီးကပ်စောင့်ကြည့်ပြီး နယ်စပ်ကင်းလှည့်တာတွေကို အရှိန်မြှင့်လုပ်ဆောင်မယ်လို့ ဖြေဆိုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း ရိုဟင်ဂျာဒုက္ခသည်တွေထဲက ထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးမိုဟစ်အူလာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းမှာ အမည်မသိ သေနတ်သမား တစ်စုက ပစ် ခတ်လုပ်ကြံသွားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်မှုတွေကြောင့် ရိုဟင်ဂျာအရပ်သားအမြောက် အများ သေဆုံးပြီး၊ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး ခဲ့ရတာ အခု ဆိုရင် လေးနှစ်ကျော်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၀၀၀၀ နီးပါးကို ဘာဆန်ချားကျွန်းကို ပို့ ဆောင်ခဲ့သလို အခုနှစ် စက်တင်ဘာလထဲမှာ ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ဒုက္ခသည်တွေရဲ့ ဘဝ ပြန်လည်ထူထောင်ရေးအတွက် သဘောတူလက်မှတ်ရေးထိုးလိုက်ပြီးနောက် နောက်ထပ်ဒုက္ခသည် ၈၀၀၀၀ ကို ထပ်မံပြောင်းရွှေ့ဖို့ရှိပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */