Sunday, October 24, 2021

မြန်မာ့အရေး အမေရိကန်က အထူးအလေးထား ဆောင် ရွက် နေကြောင်း ဦးကျော်မိုးထွန်းပြော

RFA
လွတ်လပ်တဲ့အာရှအသံ
2021-10-24

 ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အမေရိကန်အစိုးရအနေနဲ့ ဒီရက်ပိုင်းအတွင်း မြန်မာ့အရေးအတွက် အထူးအလေးထား ဆောင်ရွက်နေတာတွေကို အထင်အရှားတွေ့နေရတယ်လို့ RFA ကို ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ဝ ရက်နေ့မှာ မြို့တော်ဝါရှင်တန်ဒီစီကို သူရောက်ရှိနေစဉ်အတွင်း အမေရိကန်နိုင် ငံ ခြားရေးဌာန ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Wendy Sherman နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီလိုတွေ့ဆုံချိန်မှာ အာဏာသိမ်းစစ်ကောင်စီကို ပိုမိုဖိအားပေးရေးအတွက် ပြောဆိုခဲ့သလို ဒု ဝန်ကြီး Wendy Sherman ကလည်း မြန်မာပြည်ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ခိုင်ခိုင်မာမာ ဆက်လက်ဆောင် ရွက်မယ်လို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */