Monday, October 11, 2021

မိုဟစ်အူလာ လုပ်ကြံခံရမှု ရိုဟင်ဂျာ ၁၆ ယောက် အဖမ်းခံရ

RFA
လွတ်လပ်တဲ့အာရှအသံ 
2021-10-10

 
လုပ်ကြံခံရတဲ့ ဦးမိုဟစ်အူလာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းမှာ၂ဝ၁၉ ခုနှစ်က တွေ့ရစဉ် Photo: Reuters

ဘဂ်လားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားမြို့က ဒုက္ခသည်စခန်းတစ်ခုမှာ အသတ်ခံလိုက်ရတဲ့ မိုဟစ်အူလာ ဖြစ် ရပ်နဲ့ ပတ်သက်လို့ ရိုဟင်ဂျာ ၁၂ ယောက်ကို ဘင်္ဂလားဒေ့ရှ်ရဲက ဖမ်းထားတယ်လို့ အေအက်ဖ်ပီ သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။ ဒါကြောင့် စုစုပေါင်းဖမ်းမိထားတာ ၁၆ ယောက်ရှိပြီလို့ ဒီအမှုကိုကိုယ်တွယ်နေတဲ့ ရဲအရာရှိ နေမူလ်ဟတ်က ပြောပါတယ်။

အသက် ၄၈ နှစ်အရွယ် မိုဟစ် အူလာဟာ ရိုဟင်ဂျာဒုက္ခသည်တွေကြား လေးစားခံရတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး၊ သူ့ကို ရိုဟင်ဂျာအကြမ်းဖက် အာဆာအဖွဲ့က လုပ်ကြံတာလို့ သူ့မိသားစုတွေနဲ့ မိတ်ဆွေတွေက ယူဆ ထားပါတယ်။ အခုလို ၁၆ ယောက်ကို ဖမ်းထားပေမယ့် သူတို့ဟာ မိုဟစ်အူလာလုပ်ကြံခံရမှုနဲ့ မပတ် သက်သ လို အဲဒီစခန်းမှာလည်း အာဆာအဖွဲ့က လှုပ်ရှားနေတာမရှိဘူးလို့ ရဲအရာရှိ နေမူလ်ဟတ်က ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဘာဆန်ချားကျွန်းကို ပြောင်းရွှေ့ခံလိုက်ရတဲ့ ရိုဟင်ဂျာတွေ တစ်သောင်း ကိုးထောင်လောက် ရဲ့ ဘဝပြန်လည်ထူထောင်ရေးအတွက် ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ စနေနေ့ သဘောတူ လက်မှတ်ရေး ထိုးလိုက်ပါတယ်။ နောက်လာမယ့် သုံးလအတွင်း အဲဒီကျွန်းကို လူပေါင်း ရှစ်သောင်းကျော် လောက် ပြောင်းရွှေ့နေရာချထားဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာနအကြီး တန်းအရာရှိ မိုဟာမက်မိုဆင်က ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */