၁၉ - ၁၀ - ၂၀၂၁
၁၉ - ၁၀ - ၂၀၂၁ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင် မောင်တောမြို့နယ်၊ သရက်အုပ်ကျေး ရွာနှင့်ဒါးကြီးဇား ကျေးရွာကြားရှိ တာဘောင် ပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လှည့်ကင်း ဆောင်ရွက်နေစဉ် ရေတွင်းကျွန်း ချောင်းဝ ဘက်မှ ဝင်ရောက်လာသော မသင်္ကာဖွယ်ရာ ရိုဟင် ဂျာ အမျိုးသမီး ၆ ဦးအား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများ၏ ပြောပြချက်အရ ၎င်းတို့သည် မောင်တောမြို့နယ် မြို့မိချောင်း၊ ငါးခူရ၊ လှ ဖိုးခေါင်၊ ကြိမ်ချောင်း၊ ဒါးကြီးဇားကျေးရွာ တို့တွင် နေထိုင်ခဲ့ကြ သူများဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ သြ ဂုတ်လ ၂၅ ရက် အကြမ်းဖက် ဖြစ်စဉ် ဖြစ်ပွားမှုနောက်ပိုင်း မိသားစုများနှင့်အတူ ဘင်္ဂလား ဒေ့ရှ် နိုင်ငံသို့ နေရပ်စွန့်ခွာထွက်ပြေးကာ ဇာတီမူရ ဒုက္ခသည်စခန်း၌ နေထိုင်ခဲ့ကြောင်း၊ နေထိုင်စား သောက်ရေး အဆင်မပြေခြင်း တို့ကြောင့် မြန်မာနိုင်ငံအတွင်း ရှိ မိမိနေရပ်များတွင် ပြန်လည်နေ ထိုင်ကာ လုပ်ကိုင် စားသောက်ရန် အတွက် လှေဖြင့်နတ်မြစ်အားဖြတ် ကူး ခဲ့ပြီး မောင်တောမြို့ နယ် ရေတွင်းကျွန်းချောင်း အနီးရှိ နတ်မြစ်ကမ်းစပ် နယ်စပ်ခြံစည်းရိုး ရေပြွန်ပေါက်မှ မြန် မာ နိုင်ငံအတွင်းသို့ ဝင်ရောက်၍ တာဘောင်အတိုင်း လမ်းလျှောက်ထွက်ခွာလာစဉ် လုံခြုံရေး တပ် ဖွဲ့ ဝင်များ နှင့် တွေ့ရှိကာ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိ ရိုဟင်ဂျာ များအား ၎င်းတို့ထံတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ မောင်တောမြို့ပြည်သူ့ဆေးရုံသို့ပို့ ဆောင် စစ်ဆေးပြီးပါက တရားမဝင်နယ်စပ် ဖြတ်ကျော်မှု လဝက အက်ဥပဒေပုဒ်မ -၁၃(၁)ဖြင့် အမှုဖွင့်အရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်နေ့စဉ်မှ သိရသည်။
#ရခိုင်နေ့စဉ်
No comments:
Post a Comment