" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, October 9, 2021

ရိုဟင်ဂျာ ၈ သောင်းကျော် ဘာဆန်ချာကျွန်း ပြောင်းရွှေ့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
09 အောက်တိုဘာ၊ 2021
ကုတုပလောင် ဒုက္ခသည်စခန်း မြင်ကွင်းတခု။ ၆ အောက်တိုဘာ၊ ၂၀၂၀

ရိုဟင်ဂျာ ၈ သောင်းကျော် ဘာဆန်ချာကျွန်း ပြောင်းရွှေ့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်

ကုလသမဂ္ဂက အကူညီပေးဖို့ သဘောတူညီချက်ရခဲ့တဲ့နောက် ဘင်္ဂလားပင်လယ်အော်ထဲက ဘာဆန်ချာ ကျွန်း ဆီကို ရိုဟင်ဂျာ ဒုက္ခသည် ၈၀ ၀၀၀ ကျော် ပို့ ပေးဖို့ ဘင်္ဂလားဒက်ရှ်အစိုးရက စီစဉ်နေပါတယ်။ လူ့ အ ခွင့်ရေးအဖွဲ့တွေက စိုးရိမ်ကြောင်း ပြောနေတဲ့ ကြားက ဒီကျွန်းပေါ်က ဒုက္ခသည်စခန်းကိုပို့ပေးထားတဲ့ ရိုဟင်ဂျာဒုက္ခ သည်က ၁၉ ၀၀၀ လောက်ရှိနေပြီဖြစ်ပါတယ်။

နိုဝင်ဘာလ မုတ်သုန်ရာသီ ချိန်ရောက်ရင် ဘာဆန်ချာကျွန်းဆီကို ရိုဟင်ဂျာ သောင်းနဲ့ချီပို့ပေးမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ ကော်မရှင်နာမင်းကြီး Shah Rezwan Hayat ကို ကိုးကားပြီး AFP သ တင်း က ဖော်ပြပါတယ်။ လာမယ့်နှစ် ဖေဖေါ်ဝါရီလကုန်လောက်မှာ ဒုက္ခသည် ၁သိန်း လောက် အပြီးပို့ပေးဖို့ သတ် မှတ်ထားတာဖြစ်တဲ့ အတွက် နောက်ထပ် ပြောင်းရွှေ့ပေးရမယ့် သူက ၈၁ ၀၀၀ လောက်ရှိကြောင်းလည်းပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် တချို့ကတော့ မနေချင်ကြောင်း ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ ဒုက္ခသည် တွေ ကို အတင်းအကြပ်ပြောင်းရွှေ့ပေးတာမျိုး မရှိကြောင်း ပြောပါတယ်။ ဒီကျွန်းကို ပို့ပေးထားသူတွေထဲက ရာပေါင်းများစွာ ထွက်ပြေးခဲ့ကြတာ ဖြစ်ပြီး သူတို့ကို ကုန်းတွင်းပိုင်း ဒါမှမဟုတ် ကမ်းရိုးတန်းရွာတွေမှာ ပြန် လည် ဖမ်းမိခဲ့သလို သြဂုတ်လ တုန်းကတော့ ငါးဖမ်းလှေနဲ့ ထွက်ပြေးသူ ဒါဇင်နဲ့ချီ လေမှောက်လို့ သေဆုံး ခဲ့ရတာပါ။

အခုလို ကျွန်းပေါ်ကို ပြောင်းရွှေ့ပေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက မေးခွန်းထုတ်နေပေမယ့် ဒီကျွန်းက အေ ခြနေတွေကို ကုလသမဂ္ဂက စောင့်ကြည့်ဖို့နဲ့ လူသားချင်းစာနာမှု အကူညီတွေ ပေးအပ်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ကုလ တာဝန်ရှိသူတွေကြား သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်း ကြီးရုံး UNHCR ကတော့ ရိုဟင်ဂျာတွေကို အကာကွယ်ပေးဖို့ စနေနေ့မှာ နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးမှာ ဖြစ်ကြောင်းလည်း ပြောခွင့်ရသူကို ကိုးကားပြီး သတင်းက ဖော်ပြပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရက ဒီဒုက္ခသည်တွေကို စိစစ်ပြီး ပြန်ခေါ်ဖို့ ဘင်္ဂလား ဒေ့ရှ် အစိုးရနဲ့ သဘောတူထားတာဖြစ်ပေမယ့် အခုချိန်အထိတော့ဘာမှ မလုပ်ဆောင်နိုင်သေးပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */