Tuesday, January 11, 2022

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မရေရာသေး

RFA
လွတ်လပ်တဲ့အာရှအသံ
2022-01-11

နတ်မြစ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ၂၀၁၇၊ အောက်တိုဘာ ၁၆ ရက်‌နေ့က တွေ့ရစဉ် Photo: MUNIR UZ ZAMAN / AFP

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကနေ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် စစ်တပ်က နယ်မြေ ရှင်းလင်းရေး လုပ်ခဲ့တုန်းက တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ရခိုင်ပြည်နယ်အတွင်း နီးစပ်ရာ ဒုက္ခသည်စခန်း တွေကို ထွက်ပြေးခဲ့ရတဲ့ မွတ်စလင်ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ဖို့ အဆင်သင့်ပြင်ဆင်ထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကိုပြောပါတယ်။

မွတ်စလင်ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလကလည်း စစ်ကောင်စီရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါ်သက်သက်ခိုင်၊ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အပါအဝင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တို့အဖွဲ့ဟာ မွတ်စလင် ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ကြ ပါတယ်။ သူတို့ဟာ မောင်တောမြို့နယ်မှာရှိတဲ့ တောင်ပြိုလက်ဝဲ၊ လှဖိုးခေါင်၊ ငါးခူရစတဲ့ မွတ်စလင်ဒုက္ခသည် စခန်းတွေအပါအဝင်၊ စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူစတဲ့ မြို့နယ်တွေမှာရှိတဲ့ မွတ်စလင်ဒုက္ခသည် စခန်းတွေကို ဒီဇင်ဘာလ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ဒုက္ခသည်တွေကို ပြန်လက်ခံနိုင်ရေး သွားရောက် ကြည့်ရှုခဲ့ကြပါတယ်။

မွတ်စလင်ဒုက္ခသည်တွေကတော့ အခုလိုစစ်ကောင်စီက လုပ်ဆောင်နေတာတွေကို အယုံအကြည် မရှိဘူးလို့ ပြောနေကြပါတယ်။ စစ်ကောင်စီတပ်တွေက ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ အခုလို အ ချိန်မှာ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး ဆောင်ရွက်နေတာကို အယုံအကြည်မရှိဘူးလို့ Rohingya Youth Association ထူထောင်သူ ဦးခင်မောင်က ပြောပါတယ်။

"အခုထိ စစ်ကောင်စီက လူတွေကိုရက်ရက်စက်စက် သတ်ဖြတ်နေတဲ့အချိန်မှာ ဒီကိစ္စဟာပြီးနိုင်မလား။ အဲ့ ဒါကိုလည်း ကျွန်တော်တို့မှာ မေးခွန်းထုတ်ဖို့ လိုတဲ့အချိန်ရောက်နေပါပြီ။ အဲဒါကြောင့်မို့လို့ ဒီကိစ္စကို ကျွန် တော် တို့ လွယ်လွယ်ကူကူနဲ့ ယုံကြည်လို့မရဘူး။ စစ်တပ်ရဲ့ဖန်တီးမှုအကွက်ကို ကျွန်တော်တို့ သိပြီးသားပါ။ ကျွန်တော်တို့ ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့အတွက် အဓိက ကျွန်တော်တို့ တောင်းဆိုချက် တွေက ကျွန်တော် တို့ကို နိုင်ငံသားအခွင့် အရေးအပြည့်အဝပေးရမှာ။ ဒါနံပါတ်တစ် ကျွန်တော်တို့ရဲ့ တောင်းဆိုချက် ဒါကိုစစ် ကောင်စီက လိုက်လျောနိုင်မလား သူ့တို့ဒါကိုပြောရဲရဲ့လား"

ဒုက္ခသည်တွေကို အခုလို ပြန်လည်လက်ခံဖို့ လုပ်ဆောင်နေတာဟာ နိုင်ငံတကာစာမျက်နှာမှာ စစ်ကောင်စီကို အမြင်ကောင်းအောင်လုပ်နေတာလို့ ဘူးသီးတောင်မြို့နယ်က ဘူးသီးတောင်မြို့နယ်က လုံခြုံရေးအရ အမည် မဖော်လိုတဲ့ မွတ်စလင် ရပ်မိရပ်ဖတစ်ဦးကလည်း ယူဆနေပါတယ်။

"ဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ အစီအစဉ်ကျတော့ ကျွန်တော်တို့က ယုံကြည်မှု သိပ်မရှိပါဘူး။ ဘာကြောင့် လဲ ဆိုရင် သူတို့က ဟန်ပြအနေနဲ့ နိုင်ငံတကာအမြင်မှာ အမြင်ကောင်းပြချင်လို့ အဲဒီလိုလုပ်တာလို့ ယူဆ ပါ တယ်။ အခုဆိုရင် လေး၊ ငါးနှစ်တောင် ရှိပြီ။ သူတို့က အကြောင်းအမျိုးမျိုး ပြနေတယ်။ ပထမကျတော့ ကို ဗစ်ကိုအကြောင်း ပြတယ်။ ဒုတိယကျတော့ ဒေသတွင်း မတည်မငြိမ်ဖြစ်နေတာကို ပြတယ်။ အ ကြောင်း အမျိုးမျိုးတွေ ပြပြီးတဲ့အခါကျတော့ ကျွန်တော်တို့က ရင်ထဲက ဖြူစင်တဲ့စိတ်ဓာတ်နဲ့ ခေါ်တယ်လို့ မမြင်ဘူး"

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) အဖွဲ့ကို စစ်တပ်က ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး ဆောင်ရွက်ခဲ့တာကြောင့် ရိုဟင်ဂျာ မွတ်စလင် တွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတာ အခုဆိုရင် အချိန်လေးနှစ်ကျော် လာပါပြီ။ အဲဒီနယ်မြေရှင်းလင်းမှုတွေမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာစစ်တပ်ဟာ နယ်သာလန် နိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲခံထားရသလို၊ အာဂျင်တီးနားနိုင်ငံက ဖက်ဒရယ် တရားရုံးမှာလည်း တရားစွဲခံနေရပါတယ်။

"ကျွန်တော်တို့အမျိုးတွေ ဟိုမှာ ဒုက္ခရောက်နေတယ်။ သူတို့ပြန်လာနိုင်မယ်ဆိုလို့ရှိရင်တောင် သူတို့ပိုင်ဆိုင် တဲ့ ပစ္စည်းတွေက သူတို့မရှိတာနဲ့ မရှိတော့ပါဘူး"

ရိုဟင်ဂျာဒုက္ခသည်တွေဟာ နေရပ်ကို သူတို့ပြန်ရောက်ရင်တောင် ပိုင်ဆိုင်ခဲ့တာ မှန်သမျှ ဘာတစ်ခုမှ မရှိ တော့တာကြောင့် ဘဝအသစ်ပြန်ပြီး တည်ဆောက်ရမယ့် အခြေအနေဖြစ်နေတယ်လို့ မောင်တောမြို့နယ် က မွတ်စလင် ကျေးရွာလူကြီးတစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့အမျိုးတွေ ဟိုမှာ ဒုက္ခရောက်နေတယ်။ သူတို့ပြန်လာနိုင်မယ်ဆိုလို့ရှိရင်တောင် သူတို့ ပိုင် ဆိုင် တဲ့ ပစ္စည်းတွေက သူတို့မရှိတာနဲ့ မရှိတော့ပါဘူး။ သူတို့ပြန်လာမယ်ဆိုလို့ရှိရင်တော့ ဘဝ အသစ် ပြန်ပြီး တော့ တည် ဆောက်ရမယ့်အခြေအနေ ရှိနေတာပေါ့"

သူတို့ရဲ့တောင်းဆိုချက်ဖြစ်တဲ့ နိုင်ငံသားဖြစ်ခွင့်၊ အရင်နေထိုင်ခဲ့တဲ့နေရာတွေမှာ လုံလုံခြုံခြုံနဲ့ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ပေးဖို့ စတာတွေကို လက်မခံမချင်း နေရပ်ပြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ရိုဟင်ဂျာ တွေက ပြောကြပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ မွတ်စလင်တွေ နေရပ်နိုင်ဖို့ အဆင်သင့်ပြင်ဆင်ပြီးပြီ ဖြစ်သလို ၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရှိတဲ့သူတွေအားလုံး နိုင်ငံသားဖြစ်ခွင့်ပေးဖို့လည်း လုပ်ဆောင် ဆောင်နေတယ်လို့ ပြောပါတယ်။

"ပြန်လည်လက်ခံရေးအစီအစဉ်ကတော့ ယခင်တုန်းကအတိုင်းပဲ ကျွန်တော်အနေနဲ့က တံခါးဖွင့် ထားပြီး သား ဖြစ်တယ်။ ပြန်လည်လက်ခံနိုင်ဖို့အတွက်ကလည်း အရင်တုန်းကအတိုင်းပဲ အသင့်ဖြစ်ပြီး အိမ်တွေလည်း ဆောက်ပြီးပြီ။ သို့သော် လိုအပ်တဲ့ ဒုက္ခသည် စာရင်းဇယားတွေ အခုအချိန်မပေးသေးဘူး။ ကျွန် တော်တို အနေ နဲ့ကတော့ နိုင်ငံ သားဖြစ်ခွင့်ကို ၁၉၈၂ နိုင်ငံသား ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ လူတွေ အားလုံးကို နိုင်ငံ သား ဖြစ်ခွင့်ပေးမယ်ဆိုပြီးတော့ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ပြောထားပြီးသား ဖြစ် တယ်။ ဒါတွေနဲ့ ပတ် သက်လို့ လေ့လာ ဆန်းစစ်မှုတွေလည်း လက်တွေ့လုပ်ခဲ့ပြီ ဖြစ်တယ်"

အခုလက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ မွတ်စလင်တွေဟာလည်း ခရီးသွားလာခွင့်တွေကို ကန့် သတ်ခံထားရတုန်းပဲဖြစ်လို့ ကျန်းမာရေးကိစ္စတွေအပြင် တခြားဒေသတွင်း သွားလာရေးကိစ္စတွေမှာ တော် တော်လေးကို အခက်အခဲ ဖြစ်နေကြတယ်လို့လည်း မွတ်စလင်ကျေးရွာ လူကြီးတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်မှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၅ ရက်နေ့ကစလို့ မွတ်စလင်တွေကို ခရီးသွားလာခွင့် ထောက်ခံ ချက် ပုံစံ (၄)နဲ့မှ သွားလာရမယ်ဆိုပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသန္တရအမိန့်ထုတ်ပြီး အချိန် သုံး လအထိ ကန့်သတ်လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုတုပလောင်ဒုက္ခသည်စခန်းကို ၂၀၂၀၊ သြဂုတ် ၂၆ ရက်နေ့က တွေ့ရစဉ် (Photo: MUNIR UZ ZAMAN / AFP)
 
တစ်ဘက်မှာလည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ ရခိုင်ပြည်နယ်ကို ဖြတ်ကျော်ပြီး ပြည်ပနိုင်ငံ တွေကို တရားမဝင်လမ်းကြောင်းကနေ ထွက်ခွာဖို့ကြိုးစားနေတဲ့ မွတ်စလင်ဒုက္ခသည်တွေကိုလည်း စစ် ကောင်စီကနေ ဖမ်းဆီးပြီး ထောင်ဒဏ်ချတာတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့က မလေးရှားနိုင်ငံကို ရိုဟင်ဂျာတချို့ စက်လှေနဲ့ထွက်ခွာနေတုန်း ရခိုင်ပြည် နယ် မှာ ဖမ်းဆီးခံခဲ့ရသူ ၁၉၀ ကျော်ထဲက ၁၀၉ ဦးဟာလည်း မောင်တောမြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်စီချမှတ်ခံလိုက်ရပါတယ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ မွတ်စလင်ဒုက္ခသည် ၇၆ ဦးထဲက ၃၃ ဦး ဟာလည်း ဒီဇင် ဘာလ ၂၈ ရက်နေ့မှာ တောင်ကုတ်မြို့ နယ်တရားရုံးကနေ ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ခံလိုက် ရပါ တယ်။ သူတို့တွေဟာ လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ-၁၃(၁)၊ ပုဒ်မ-၆(၂)နဲ့ ပုဒ်မ-၆(၃)တွေနဲ့ ထောင်ဒဏ် ချမှတ်ခံရတာပါ။ ဒုက္ခသည်တွေ ပြန်လက်ခံရေး စစ်ကောင်စီက စီစဉ်နေတယ်ဆိုပေမယ့် တစ်ဘက်မှာလည်း အဖမ်းခံရတာတွေ ရှိနေတာကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ကိစ္စက အခုချိန်ထိ မရေမရာ ဖြစ်နေတုန်း ပါပဲ။


 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */