VOA
ဗွီအိုအေ (မြန်မာပိုင်း)
24 သြဂုတ်၊ 2020
24 သြဂုတ်၊ 2020
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ရှိ ကုတုပလောင် ဒုက္ခသည်စခန်းမှာ ဆုတောင်းပွဲကျင်းပနေတဲ့ ရိုဟင်ဂျာများ။ (သြဂုတ် ၂၅၊ ၂၀၁၉)
ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေရတာ ၃ နှစ် ပြည့်ခဲ့ပါပြီ။ ဒုက္ခသည်စခန်းတွင်းက အဖြစ်ဆောက်ထားတဲ့ ခိုလှုံရေးစခန်းတွေမှာ နေထိုင်နေရတဲ့ မြန်မာနိုင်ငံက မွတ်စလင် လူနည်းစုဝင် တ သန်းလောက်ရဲ့ ရှေ့ရေးကတော့ မရေမရာ ရှိနေဆဲပါ။
၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်အတွင်း ဌာနေပြန်ရေး ၂ ကြိမ် စီစဉ်ခဲ့ပေမယ့်လည်း ဒုက္ခသည်တွေက လက်မခံတာ ကြောင့် မအောင်မြင်ခဲ့ပါဘူး။
မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် ဒုက္ခသည်တွေကို ပြန်လက်ခံမယ် လို့ ပြောထားတာပါ။
ဗုဒ္ဓဘာသာဝင်တွေ အများစုဖြစ်တဲ့ မြန်မာနိုင်ငံမှာ သူတို့ကို နိုင်ငံခြားသားတွေ ဖြစ်တယ်လို့ သတ်မှတ် ထားပြီး နိုင်ငံ သားဖြစ်ခွင့် ငြင်းပယ်ခံရသလို အကြမ်းဖက်မှုတွေကိုလည်း စိုးရိမ်တာကြောင့် ဌာနေပြန်ဖို့ ဒုက္ခ သည်တွေက လက် မခံကြတာပါ။
မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် ဒုက္ခသည်တွေကို ပြန်လက်ခံမယ် လို့ ပြောထားတာပါ။
ဗုဒ္ဓဘာသာဝင်တွေ အများစုဖြစ်တဲ့ မြန်မာနိုင်ငံမှာ သူတို့ကို နိုင်ငံခြားသားတွေ ဖြစ်တယ်လို့ သတ်မှတ် ထားပြီး နိုင်ငံ သားဖြစ်ခွင့် ငြင်းပယ်ခံရသလို အကြမ်းဖက်မှုတွေကိုလည်း စိုးရိမ်တာကြောင့် ဌာနေပြန်ဖို့ ဒုက္ခ သည်တွေက လက် မခံကြတာပါ။
ဒုက္ခသည်တချို့ကတော့ လူကုန်ကူးသူတွေနဲ့လိုက်ပြီး အရှေ့တောင် အာရှ နိုင်ငံတွေကို လှေနဲ့သွားကြတဲ့ အန္တရာယ်များလှတဲ့ လမ်းကြောင်းကို ရွေးချယ်ပါတယ်။
ပင်လယ်ထဲမှာ အစာရေစာ ပြတ်လပ်တာမျိုး၊ နောက် မခိုင်ခံ့လှတဲ့ လှေတွေမှာ လူအပြည့်အကြပ်လိုက်ပါ ကြတဲ့ ပင်လယ်ပြင် ခရီးစဉ်အတွင်း ဒီဘက်နှစ်ပိုင်းတွေမှာ သေဆုံးသူလည်း အများအပြား ရှိခဲ့ပါတယ်။
အခုအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကြောင့် အသွားအလာ တားမြစ်ကန့်သတ်မှုတွေ ရှိနေချိန်မှာ မလေးရှားလို နိုင်ငံတွေက အလုပ်အကိုင်တွေနဲ့ အရင်းအမြစ်တွေကို ကာကွယ်နိုင်ဖို့အတွက် နိုင်ငံထဲကို လှေတွေနဲ့ရောက်လာရင် ပင်လယ်ထဲကို ပြန်မောင်းထုတ်မယ်လို့ ခြိမ်းခြောက်မှုတွေနဲ့အတူ အန္တရာယ်ကြီးလှတဲ့ လမ်းကြောင်းတွေက ပိုပြီးတော့ ခက်ခဲလာပါတယ်။
တချို့ ရိုဟင်ဂျာတွေကတော့ ချမ်းသာတဲ့နိုင်ငံ တခုခုမှာ အခြေချနိုင်ရေးဆိုတဲ့ တတိယလမ်းကြောင်း အ တွက် မျှော်လင့်ချက် ဆက်ပြီး ထားနေကြဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အနောက်နိုင်ငံတွေကို အခြေချ လိုသူတွေ ဒုက္ခသည်တွေအဖြစ် နိုင်ငံတွင်းကို ဝင်ရောက်လာမယ့်အရေး စိုးရိမ်ချက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် အခြေချမှုဆိုင်ရာ အစီအစဉ်ကို ၂၀၁၀ ပြည့်နှစ်မှာ အဆုံးသတ်ထားပါတယ်။
No comments:
Post a Comment