ဒါကာ၊ ဇန္နဝါရီ ၂၉
ဒေသတွင်းလုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုများအတွက် ပဋိပက္ခတစုံတခုမဖြစ်စေဘဲ ရိုဟင်ဂျာများ နေရပ်ပြန်ရေး အတွက် ရင်းနှီးသောသဘောထားဖြင့် မြန်မာနိုင်ငံနှင့်ဆွေးနွေးမှုများဆက်လုပ်သွား မည်ဟု ဘင်္ဂလားဒေ့ရှ် ဝန် ကြီးချုပ် ရှိတ် ဟာဆီနာက ကြာသပတေးနေ့တွင်ပြောသည်။နိုင်ငံသားများကိုပြန်ခေါ်ရန် မြန်မာနိုင်ငံနှင့်ဆွေးနွေးမှုများဆက်လက်ပြုလုပ်နေသည်ဟုလည်းပြောသည်။
ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ရိုဟင်ဂျာများနေရပ်ပြန်ရေးအတွက် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် ၃ ပွင့် ဆိုင်ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
လက်ရှိတွင် ရိုဟင်ဂျာ ၁၁ သိန်းကျော်ကိုခိုလှုံရာပေးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့က်စ်ဘဇားခရိုင်တွင် နေရာပြွတ်သိပ်လာသဖြင့် ဘင်္ဂလားပင်လယ်အော်အတွင်းရှိ လူသူကင်းမဲ့သည့်ဘာရှန်ချားကျွန်းသို့ ရိုဟင်ဂျာ များကိုပြောင်းရွှေ့နေရာချထားသည်။
ပြီးခဲ့သည့်ဒီဇင်ဘာတွင်စတင်ကာ အဆင့် ၂ ဆင့်ဖြင့် ရိုဟင်ဂျာ ၃၆၀၀ ကျော်ကို ဘာရှန်ချားကျွန်းသို့ပြောင်း ရွှေ့ထားပြီး နောက်ထပ် ၃၀၀၀ ကျော်ကိုထပ်မံပြောင်းရွှေ့သွားမည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရကပြောထားသည်။
ဘာရှန်ချားကျွန်းပေါ်တွင်ရိုဟင်ဂျာ၁ သိန်းကျော်ကိုနေရာချထားပေးမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံကစီစဉ်ထား သော်လည်း သူတို့၏အဓိကရည်မှန်းချက်မှာ နေရပ်ပြန်ကြရေးဖြစ်ကြောင်းလည်း မကြာခဏပြောဆိုသည်။
ဘာသာပြန်-

PM pushes for peaceful solution
No comments:
Post a Comment