မြန်မာဌာန | သတင်းများ
စောဖိုးခွား
2021-01-19
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လာလို့မရအောင်ခြိမ်းခြောက်တားဆီးနေတဲ့ အကြမ်းဖက်အဖွဲ့တွေကို ဖော်ထုတ် တားဆီးပေးဖို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေး ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်းက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
ဒီကနေ့ ဗီဒီယိုကွန်ဖရင့်နဲ့ ကျင်းပတဲ့ မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ အလွတ်သဘောဆွေးနွေးပွဲမှာ ဦး ဟောက်ဒိုစွမ်းက တိုက်တွန်းခဲ့တာပါ။ ဒီအစည်းအဝေးမှာ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အောင် မြင် ဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်တွေကိုအမြန်အကောင် အထည်ဖော်ဖို့ ကိစ္စလည်းဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဒုက္ခသည်ပြန်လည်လက်ခံရေးအတွက် အသင့်ပြင်ထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လည်း ဒုက္ခသည်ပြန်လည်ပို့ဆောင်ရေးမှာ နှစ်နိုင်ငံကြား သဘောတူညီချက်တွေကို လိုက်နာဖို့ လိုတယ်လို့ လည်း ဦးဟောက်ဒိုဆွမ်းကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလထဲမှာ အင်တာနက်ဗီဒီယိုကနေတဆင့် ကျင်းပတဲ့ (၇၅) ကြိမ်မြောက် ကုလအဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေးအတွင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ARSA အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ခိုလှုံနေပြီး နေရပ်ပြန်လို တဲ့ ဒုက္ခ သည်တွေကို ခြိမ်းခြောက်ဟန့်တားနေတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီကနေ့ ဗီဒီယိုကွန်ဖရင့်နဲ့ ကျင်းပတဲ့ မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ အလွတ်သဘော ဆွေးနွေးပွဲကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Luo Zhaohui ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေး အတွင်းဝန် Mr. Masud Bin Momen နဲ့ မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဒုတိယဝန် ကြီး ဦးဟောက်ဒိုဆွမ်းတို့ တက်ရောက်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေပြီး နေရပ်ပြန်ချင်တယ်လို့ မြန်မာအစိုးရကို အကြောင်းကြားထားတဲ့ ဒီဟိန္ဒူ ဘာ သာ ဝင်တွေကိုလည်း စိစစ်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က အမြန်ပြန်ပို့ပေးဖို့လည်း ဒီကနေ့ အစည်း အ ဝေးမှာ မြန်မာအစိုးရက တောင်းဆိုပါတယ်။
Link : Here
No comments:
Post a Comment