By DVB
4 November 2019
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အာဆီယံ အစည်း အဝေး မှာပြောဆိုခဲ့ခြင်းမရှိဘဲ ဘင်္ဂလားဒေ့ရှ်ဘက် နေရပ်စွန့်ခွာသွားသူတွေ ဆန္ဒအလျောက် ဘေးကင်း လုံခြုံစွာ ပြန်လာနိုင်ရေးဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ၁၀ ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရပ်စ်က ပြောသွားတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ရခိုင်ပြည်နယ် အရေးကိစ္စအပေါ် စိုးရိမ်ပူပန်ကြောင်း၊ ပြဿနာအရင်း အမြစ်ကို ဖြေရှင်းဖို့နဲ့ နေရပ်စွန့်ခွါသူတွေ မိမိဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင် ရေး မြန်မာအစိုးရရဲ့ တာဝန် ဖြစ်ကြောင်းပြောပါတယ်။
မြန်မာအစိုးရအနေနဲ့ ဒုက္ခသည်တွေ ဆန္ဒအလျောက်ငြိမ်းချမ်းစွာပြန်လာနိုင်ဖို့လိုအပ်တဲ့ အခြေအနေတွေကို ဖန် တီးပေးဖို့နဲ့ လုံခြုံမှုမရှိဘူးလို့ ခံစားရပါက ဆန္ဒအလျောက်နေရပ်ပြန်ဖို့ ကိစ္စ မဖြစ်နိုင်ဘူးလို့ လည်း မစ္စတာ ဂူတာရပ်စ်က ပြောပါတယ်။
“ရခိုင်ပြည်နယ်မှာ ရခိုင်အသိုက်အဝန်းရယ်၊ ရိုဟင်ဂျာအသိုက်အဝန်းရယ်ရှိတယ်။ အမုန်း စကားတွေနဲ့ တ ခြားမုန်းတီးမှုပုံစံတွေ ပျောက်ကွယ်သွားဖို့အတွက် ရင်ကြားစေ့ရေး ဖြစ်စေမယ့် အခြေအနေတွေ မရှိမဖြစ် ဖန်တီးပေးရမယ်”
ဒါ့အပြင် ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး အာဆီယံညှိနှိုင်းဆောင်ရွက်မှုကို ကုလသမဂ္ဂ အနေနဲ့ ကြိုဆိုတယ် လို့ လည်းပြောပါတယ်။
ရခိုင်ပြည်နယ်အရေး ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောကြားချက်အပေါ် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကာကွယ် စောင့်ရှောက်ပေးရမယ့်လူအားလုံးရဲ့ လုံခြုံရေးနဲ့ အခွင့် အရေးတွေကို ကာကွယ်ပေးဖို့ တာဝန်ကို မြန်မာအစိုးရအနေနဲ့ ရှောင်လွှဲမှာမဟုတ်ဘူး”လို့ ပြန် လည်တုန့်ပြန်ပြောကြားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် အရေးကိစ္စဟာ အလွန်သိမ်မွေ့ ရှုပ်ထွေးတဲ့ ကိစ္စတခု ဖြစ်ကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ ပြဿနာရဲ့ သိမ်မွေ့ရှုပ်ထွေးမှု အတိုင်းအတာကို အနည်းအကျဉ်း သိထားဖို့ လို အပ် ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ လက်မှတ်ရေးထိုးထားတဲ့ နှစ်နိုင်ငံ သဘောတူညီချက်၊ UNHCR ၊ UNDP တို့နဲ့ လက်မှတ်ရေးထိုးထားတဲ့ သုံးပွင့်ဆိုင် သဘောတူညီချက်တွေနဲ့အညီ စိစစ်အတည်ပြုပြီးဖြစ်တဲ့ နေရပ် စွန့်ခွါသူတွေကို ပြန်လည်လက်ခံဖို့ အပြည့်အဝ ကတိပြုထားတယ်လို့ လည်း ဒေါ်အောင်ဆန်း စုကြည် ကပြောပါတယ်။
မြန်မာအစိုးရရဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ကြိုးပမ်းဆောင်ရွက်နေမှုတွေကို ကူညီပံ့ပိုးပေးကြတဲ့ အာဆီယံ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနဲ့ AHA စင်တာတို့အပေါ် ကျေးဇူးတင်ရှိကြောင်း၊ ပြဿနာအပေါ် လက်တွေ့ကျပြီး ဘက်လိုက်မှုမရှိဘဲ မျှတဲ့ ချဉ်းကပ်မှုနဲ့ အကူအညီပေးနေကြတဲ့ မိတ်ဆွေတွေရဲ့အကူ အညီ နဲ့ ဆက်လက် ကြိုးပမ်းသွားမယ်လို့လည်း ပြောသွားပါတယ်။
ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အရေးပေါ်အခြေအနေကို ပိုမိုဝိုင်းဝန်းဆောင်ရွက်ကြ ဖို့ လိုအပ်နေတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အာဆီယံ ခေါင်းဆောင်တွေကို တိုက် တွန်း ပြောကြားသွားပါတယ်။

Link : Here
No comments:
Post a Comment