Thursday, August 22, 2019

ဒုက္ခသည်တွေနေရပ်ပြန်ဖို့ တုံ့ဆိုင်းနေတဲ့အပေါ် စိတ်မကောင်းကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးပြော

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-08-22
ဘင်္ဂလားဒေ့ရှ်က Shalbagan စခန်းမှာ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ စောင့်နေတဲ့ ကားသမားတစ်ဦးကို ၂၀၁၉ သြဂုတ် ၂၂ ရက်နေ့က တွေ့ရစဉ်၊Photo: MUNIR UZ ZAMAN / AFP 
                                   
ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ တုံ့ဆိုင်းနေကြတဲ့အပေါ် စိတ်မကောင်းဖြစ်ရကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီး အဘူမိုမင် က ပြောပါတယ်။

ကြာသပတေးနေ့က စတင်ခဲ့တဲ့ ဒုက္ခသည်ပြန်ပို့ရေးလုပ်ငန်းရလဒ်ကို ကြေညာဖို့ ဝန်ကြီး အဘူမိုမင် ဟာ ညနေ လေးနာရီအထိ စောင့်ဆိုင်း ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနဲ့ တရုတ်အစိုးရအရာရှိတွေလည်း ဒုက္ခ သည်ပြန်လည်ခေါ် ယူရေးလုပ်ငန်းအတွက် ကောက်စဘဇား က ဒုက္ခသည်စခန်းတွေကိုရောက်ရှိနေခဲ့ကြပါ တယ်။ နိုင်ငံခြားရေးဝန်ကြီး အဘူမိုမင်ဟာ ညနေ လေးနာရီ အထိ စောင့်ဆိုင်းခဲ့ပါတယ်။ ဒါပေမဲ့ နေရပ်ပြန် လိုသူ တဦးတယောက်မှ ပေါ်ပေါက်မလာခဲ့ပါဘူး။

အစိုးရအနေနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ကြဖို့ အတင်းအဓမ္မ မဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့ဘက်က ချို့ ယွင်းချက် မရှိအောင် လိုအပ်သမျှ အသင့်ပြင်ဆင်ထားခဲ့ကြောင်း၊ မြန်မာဘက်ကလည်း ဒုက္ခသည်တွေနဲ့ ယုံကြည်မှု တည် ဆောက်ရေးဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အကောင်းမြင် ပါကြောင်းလည်း အဘူမိုမင် က ပြောပါတယ်။

ဒီအတွင်း ဒုက္ခသည်စခန်းတွေမှာ NGO အရပ်ဘက် အဖွဲ့အစည်းတချို့က ဒုက္ခသည်တွေကို နိုင်ငံသားပေးရေး စတဲ့ တောင်းဆိုချက်တွေအပေါ် ကတိကဝတ်တွေ အသေအချာမရမချင်း နေရပ်မပြန်ကြဖို့ တိုက်တွန်း စည်းရုံးနေတဲ့အပြင်၊ စခန်းတွေအတွင်း ပိုစတာတွေ၊ လက်ကမ်းစာရွက်တွေ ပျံ့နှံ့နေတာနဲ့ ပတ်သက်ပြီး လက်သည်တွေကို စုံစမ်းမယ်လို့ လည်း အဘူမိုမင် က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်ဒုက္ခသည်တွေ ပထမအကြိမ် မူလနေရပ်ပြန်ရေး မအောင်မြင်ခဲ့သလို၊ ကြာ သပ တေးနေ့က ဒုတိယအကြိမ် အစီအစဉ်မှာလည်း နှစ်နိုင်ငံ တာဝန်ရှိသူတွေ တနေကုန် စောင့်ဆိုင်းခဲ့ကြေ ပမဲ့ ပြန်လိုသူ တဦး တယောက်မှ ထွက်ပေါ်မလာခဲ့ပါဘူး။ ဒီအကြောင်းကို RFA သတင်းထောက် ဦးသစ် ဆင်း က တင်ပြထားပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */