Wednesday, November 25, 2020

ရိုဟင်ဂျာဒုက္ခသည် ပြန်သွားနိုင်ရေး မြန်မာကိုဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်တောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
25 နိုဝင်ဘာ၊ 2020  
ဘင်္ဂလားဒေရှ့် နိုင်ငံမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘေးကင်းလုံခြုံမှု ရှိရှိ ဂုဏ်သိက္ခာနဲ့ အညီ ရေရှည်ခံမယ့် ဌာနေပြန်ရေး ဖြစ်လာဖို့ မြန်မာ အစိုးရကို ပြင်းပြင်းထန်ထန် ဖိအားပေးဖို့ လိုအပ်တယ်လို့ ဘင်္ဂ လားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ A. K. Abdul Momen က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

ရိုဟင်ဂျာ ပြသနာ ဖြေရှင်းနိုင်ရေး နိုင်ငံတကာဘက်က အရေးပေါ် တိုးမြှင့် ဆောင်ရွက်ကြဖို့လိုအပ်တယ် လို့ လည်း ဝန်ကြီး Momen က ထောက်ပြပါတယ်။ ဘင်္ဂလားဒေရှ့်ဆိုင်ရာ သံအမတ်ကြီးသစ်တွေ အဖြစ် အသစ် ခန့်အပ်ခံကြရတဲ့ ဆွီဒင် သံအမတ်ကြီး Berg Von Linde ၊ စပိန် သံအမတ်ကြီး Francisco de As-s Benitez Salas နဲ့ နော်ေ၀ သံအမတ်ကြီး Espen Rikter-Svendsen တို့နဲ့ နိုင်ငံတော် ဧည့်ဂေဟာ Padma မှာ တွေ့ဆုံ စဉ် အခုလို တိုက်တွန်းခဲ့တာလို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး ဘင်္ဂလားဒေရှ့် သ တင်းတွေမှာ ဖော်ပြပါတယ်။

ရိုဟင်ဂျာတွေ ဘင်္ဂလားဒေရှ့်ဘက် ခိုလှုံနေရတာ သုံးနှစ် ကျော်လာပြီ ဖြစ်ပေမယ့် သူတို့ ဌာနေပြန်နိုင်မယ့် အခြေ အနေမျိုး မြန်မာဘက်က ဖန်တီး မပေးတာကြောင့် တဦးမှ ပြန်မပို့နိုင်သေးကြောင်း ဘင်္ဂလားဒေရှ့် နိုင်ငံ ခြားရေး ဝန်ကြီး က ပြောဆိုကြောင်းလည်း ဖော်ပြပါတယ်။ မြန်မာဘက်ကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံး အနှုန်း ကို လက်သင့် မခံပေမယ့်လည်း ဒီ ဒုက္ခသည်တွေကို ပြန်စိစစ် လက်ခံမယ်လို့ ပြောဆိုထားပါတယ်။

ဒုက္ခသည် ဌာနေပြန်ရေးကလည်း ၂ ကြိမ်တိုင်တိုင် မအောင် မမြင်ဖြစ်ခဲ့ပြီး နှစ်နိုင်ငံကြား အပြန်အလှန် အပြစ် ဖို့ နေကြတာပါ။ အင်္ဂါနေ့က ဘင်္ဂလားဒေရှ့် သမ္မတထံ သံအမတ် ခန့်အပ်လွှာ ပေးအပ်တဲ့ တွေ့ဆုံပွဲမှာတော့ ဆွီဒင် သံအမတ်ကြီးက ဆွီဒင် အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက်ရော သူတို့ကို လက်ခံထားတဲ့ အ သိုင်း အဝိုင်း အတွက်ပါ ထောက်ပံ့သွားရေး ဘင်္ဂလားဒေရှ့် အစိုးရ ပြည်သူတို့နဲ့ အတူ ဆက်လက် ဆောင် ရွက်မယ့် အကြောင်း ပြောခဲ့တယ်လို့ ဘင်္ဂလားဒေရှ့် ဆိုင်ရာ ဆွီဒင်သံရုံးက ထုတ်ပြန်ထားပါတယ်။
 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */