People Media
OCTOBER 12, 2020
ဒါကာ၊ အောက်တိုဘာ ၁၂
ရိုဟင်ဂျာများ ရခိုင်ပြည်နယ်မှနေရပ်သို့ပြန်မည့်လုပ်ငန်းစဉ်များ အထမမြောက် သေးသည့်အတွက် စိုးရိမ် ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး လီဂျင်မင်းက တနင်္ဂနွေနေ့ တွင်ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမန်နှင့် တွေ့ဆုံရာတွင်ပြောခြင်းဖြစ်သည်။
မြန်မာနိုင်ငံသို့ ရိုဟင်ဂျာများ မြန်ဆန်၊ ရေရှည်တည်တံ့သည့်နေရပ်ပြန်မှုဖြစ်နိုင်စေရန် တရုတအစိုးရထောက်ပံ့ ပေးရေး မိုမန်ကတောင်းဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကော့က်စ်ဘဇားရှိဒုက္ခသည်စခန်းများတွင် ဂိုဏ်များနယ်မြေစိုးမိုးရေးတိုက်ပွဲများ ကြောင့် ရိုဟင်ဂျာများနှင့်ဒေသခံ ၈ ယောက်သေဆုံးခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရိုဟင်ဂျာများမပြန်ပါက သူ တို့သည် ဒေသလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတရပ်ဖြစ်နေမည်ဟု မိုမန်ကပြောသည်။
မူးယစ်ကုန်ကူးရာတွင် ရိုဟင်ဂျာများပါဝင်နေသည်ဟုလည်း စွပ်စွဲမှုများရှိနေသည်။
ရိုဟင်ဂျာများရခိုင်ပြည်နယ်သို့နေရပ်ပြန်ရေးအတွက် အာဆီယံနိုင်ငံများ၏ တက်ကြွစွာဆောင်ရွက်မှု ပါဝင် လာစေ ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက တောင်းဆိုနေသည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ နှင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်တို့တွင် နေရပ်ပြန်ရေးလုပ်ငန်းစဉ်များစတင်သော်လည်း အ ယုံ အကြည်မရှိဟုဆိုကာ ရိုဟင်ဂျာများက မြန်မာနိုင်ငံပြန်ရန်ငြင်းဆိုသည်။
Ref : China concerned at delay in repatriation of Rohingyas
Link: Here
No comments:
Post a Comment