Myanmar Top News
October 15, 2020
October 15, 2020
နိုဝင်ဘာ ၈ ရက်တွင် မြန်မာနိုင်ငံ၌ကျင်းပမည့်အထွေထွေရွေးကောက်ပွဲပြီးပါက မြန်မာနိုင်ငံသို့ ရိုဟင်ဂျာများ နေ ရပ်ပြန်ရေးနှင့် ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုး ဖောက်မှုများအတွက် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ နှင့်အသစ်တဖန်ပြန်လည်ညှိနှိုင်းပေးမည်ဟု ဘင်္ဂလားဒေ့ရှ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရှာရီယာ အာလမ်က ဗုဒ္ဓ ဟူးနေ့တွင်ပြောသည်။
“ရိုဟင်ဂျာတွေနေရပ်ပြန်စေချင်တယ်”ဟု အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး စတီဖင် ဘီဂန်နှင့် ဒါကာမြို့ တွင် တွေ့ဆုံမှုအပြီး သတင်းထောက်များကိုပြောသည်။“သူတို့ဘက်က ပိတ်ဆို့အရေးယူမှုတချို့လုပ်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဒုတိယဝန်ကြီးကပြော ပါတယ်။ အခုက နိုဝင်ဘာ ၈ ရက်ဆိုရင် မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲရှိတယ်။ အဲဒါပြီးရင်တော့ သူတို့က ရိုဟင်ဂျာတွေနေရပ်ပြန်ရေးအတွက် စေ့စပ်ပေးပါလိမ့်မယ်”ဟုလည်း အာလမ်ကပြောသည်။
Ref : Rohingya repatriation: US to engage anew after Myanmar polls in November
အိမ်နီးချင်းနိုင်ငံ ၂ နိုင်ငံအနေဖြင့် ရိုဟင်ဂျာအကြပ်အတည်းကို ရေရှည်တည်တံ့မည့်နည်းလမ်းတခုဖြင့် ပိုမို စေ့စပ်ညှိနှိုင်းရေးမျှော်လင့်သည်ဟုလည်း ဘီဂန်ကပြောသည်။ ဘီဂန်သည် ဗုဒ္ဓဟူးနေ့နေ့လည်ပိုင်းတွင် အိန္ဒိ ယနိုင်ငံမှဘင်္ဂလားဒေ့ရှ်သို့ ၃ ရက်ကြာမည့်ခရီးစဉ်အနေဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်-အမေရိကန် ၂ နိုင်ငံကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုအပြင် အခြားကိစ္စရပ်များလည်းဆွေး နွေးခဲ့သည်။ အမေရိကန်ကုမ္ပဏီများ COVID-19 ကာကွယ်ဆေးထုတ်လုပ်နိုင်ပါက ဘင်္ဂလားဒေ့ရှ်သည် ဦးစားပေးနိုင်ငံ တနိုင်ငံဖြစ်ကြောင်းလည်း ဘီဂန်ကပြောသည်။Ref : Rohingya repatriation: US to engage anew after Myanmar polls in November
Link : Here
No comments:
Post a Comment