Thursday, December 12, 2019

ရိုဟင်ဂျာဒုက္ခသည်များ ICJ အမှု စိတ်ဝင်စား

ဗွီအိုအေ (မြန်မာဌာန)
12 ဒီဇင်ဘာ၊ 2019
ဒေါ်ခင်စိုးဝင်း

Gambia နိုင်ငံက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိနေတဲ့အတွက် ဟန့်တားပေးနိုင်ဖို့၊ ICJ-နိုင်ငံတကာတရားရုံး အနေနဲ့ ကြားဖြတ်အရေးယူ ဆောင်ရွက်ချက် ချမှတ်နိုင်ရေး ဦးတိုက်လျှောက်ထားချက် ကြားနာနေတာနဲ့ ပတ်သက်လို့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ သဘောထားအမြင်ကို တင်ပြပေးချင်ပါတယ်။ ဘင်္ဂလားဒေ့်ရှ်နိုင်ငံ Cox’s Bazar မှာ ခိုလှုံနေတဲ့ Rohingya ဒုက္ခသည် Azid ကို ဒေါ်ခင်စိုးဝင်းက ဆက်သွယ်မေးမြန်းစဉ် သူက အခုလို စဖြေပါတယ်။

ဖြေ ။ ။ ကျနော်တို့ ဒုက္ခသည်စခန်းမှာ အရင်တုန်းက အင်တာနက်လိုင်းတွေပိတ်ထားတာ သုံးလောက် ရှိခဲ့ပါပြီ။ နောက်ပြီးတော့ ICJ မှာ ဂမ်ဘီယာရဲ့တရားစွဲမှု နဲ့အတူတူ ဒီမှာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ အင်တာနက်လိုင်းတွေဖွင့်ပေးတာကို သိမြင်ရလို့ ကျနော်တို့က အရမ်းကို ဝမ်းသာမိပါတယ်။ နောက်ပြီးတော့ ကျနော်တို့က ဒုက္ခသည်စခန်းထဲမှာ ရှိနေတဲ့ မိုဘိုင်းဖုန်းထဲမှာ ICJ က တင်ထားတဲ့ live တွေကို လူအများတွေ စုပြီးတော့ ကြည့်ခဲ့တာဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့။ အဲဒီတော့ ICJ မှာ ပြောဆိုနေတာတွေက အင်္ဂလိပ်လို ပြောဆိုနေတယ်ဆိုတော့ရိုဟင် ဂျာဘာသာစကားနဲ့ ဘာသာပြန်ပေးတဲ့လူတွေရော ရှိပါသလား။

ဖြေ။ ။ အင်္ဂလိပ်စကားတတ်တဲ့လူတွေက ဝိုင်းဝန်းကူညီပြီးတော့ ဘာသာပြန်ပေးပါတယ်။

မေး။ ။ အဲဒီတော့ ဒီ ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေအနေနဲ့ သူတို့ခံစားခဲ့ရတဲ့ ဒုက္ခတွေ၊ ပြဿနာတွေနဲ့ပတ်သက်ပြီးတော့ အခုလို နိုင်ငံတကာ တရားရုံးတခုမှာ အမှုတွေတင်ပြီးတော့ ကြားနာ စစ်ဆေးနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး သိရတဲ့အခါမှာ သူတို့ ဘယ်လို ခံစားကြလဲရှင့်။

ဖြေ။ ။ ဟုတ်ကဲ့။ အဲဒါကို ပြောပြရရင် ICJ မှာ ပထမနေ့ ဂမ်ဘီယာက ပြောဆိုတဲ့ လျှောက်တင်ချက်ကို ဒီမှာ ရိုဟင်ဂျာတွေက ကြားရလို့ အရမ်းကို ဝမ်းသာမိပါတယ်။ နောက်ပြီးတော့ ကိုယ်ခံစားခဲ့ရတဲ့အဖြစ်အပျက်တွေကို တင်ပြတာကို လူတွေကတွေ့ပြီးတော့ အရမ်းကိုဝမ်းသာမိပါတယ်။

နောက်ပြီးတော့ ဒုတိယနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွအပေါ် Genocide ဖြစ်တာကို မမှန်ဘူးလို့ ငြင်းဆိုခဲ့တာကို လူအများတွေက သိမြင်ရလို့ အရမ်းကို အားငယ်မိပါတယ်။ ပြီးတော့ ဒီမှာလူတွေက ဘယ်လိုထင်မိသလဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့ခုံရုံးမှာသွားပြီးတော့ ကမ္ဘာ့အလယ်မှာ လူလည်ကျနေတယ်လို့ ဒီမှာ လူတွေကပြောနေတာကို ကျနော်တို့ ကြားရပါတယ်။

ဘင်္ဂလားဒေ့်ရှ်နိုင်ငံ Cox’s Bazar မှာ ခိုလှုံနေတဲ့ Rohingya ဒုက္ခသည် Azid ကို ဒေါ်ခင်စိုးဝင်းက ဆက်သွယ်မေးမြန်းခဲ့တာပါ။




Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */