B B C
ဘီဘီစီ မြန်မာပိုင်း၇ အောက်တိုဘာ ၂၀၂၀
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇားမြို့မှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဆိုးဆိုးဝါးဝါး ဖြစ်ပွားမှာကို စိုးရိမ် နေ ကြပါတယ်။
ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းရှိရာ ကော့ဇက်ဘဇားမြို့မှာ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းလောက် ပြိတ်သိပ် ပြီး နေနေကြရပါတယ်။
အဲဒီက ဒုက္ခသည် စခန်းမှာ လွန်ခဲ့တဲ့ ငါးလက ဗိုင်းရပ်စ်ပိုး ဖြစ်ပွားသူ ပထမဆုံး တွေ့ရှိခဲ့ပေမယ့် ပိုးရှိလူနာနဲ့ သေဆုံးသူ ဦးရေဟာ အံ့အားစရာကောင်းလောက်အောက်ကို နည်းပါးနေဆဲဖြစ်ပါတယ်။
လက်ရှိအချိန်ထိ အဲဒီမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၈ ဦးသာ ရှိပါသေးတယ်။
အခုနောက်ဆုံး ထုတ်ပြန်ချက်တွေအရ ကိုဗစ် အတည်ပြုလူနာ ၃၀၀ အောက်သာ ရှိပါတယ်။
အဲဒီမှာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ကာကွယ်တားဆီးရေးအတွက် ဒုက္ခသည် စေတနာ့ဝန်ထမ်းတွေရဲ့ လုပ်ဆောင် မှုကလည်း အင်မတန် အရေးပါပါတယ်။
Link : Here
No comments:
Post a Comment