VOA
ဗွီအိုအေ (မြန်မာဌာန)
18 ဧပြီ၊ 2020
မဆုမွန်
ဗွီအိုအေ (မြန်မာဌာန)
18 ဧပြီ၊ 2020
မဆုမွန်
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေ COVID-19 ကာကွယ်ရေး အပြင်းအထန် လုပ်ဆောင်နေ18 ဧပြီ၊ 2020
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ဒုက္ခသည်စခန်းတွေမှာ COVID-19 ရောဂါ ကာကွယ်ရေး လုပ် ဆောင်ထားတာတွေနဲ့ ပတ်သက်ပြီး မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတိမ်းရှောင်သွားကြတဲ့သိန်း ချီတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ ခိုလှုံနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် မှုနဲ့ ကြုံရမယ်ဆိုရင် အလွန်ကို အန္တရာယ် ကြီးမားလာနိုင်တဲ့အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဒုက္ခ သည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) စတဲ့ ကုလ သမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ဒုက္ခသည် ဆိုင် ရာ နိုင်ငံတကာ NGO အဖွဲ့တွေ၊ အကူအညီပေးရေး အဖွဲ့အစည်းတွေက သတိပေးထားပါတယ်။
SEE ALSO: ဒါကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရကရော ဒုက္ခသည်စခန်း တာဝန်ရှိသူတွေကပါ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ဒုက္ခသည်စခန်း အသီးသီးမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ လိုက်နာကြဖို့ စည်းကမ်း ချက်တွေ ထုတ် ပြန်ပြီး အထူးသဖြင့် လူစုလူဝေး မလုပ်ကြဖို့ အပါအဝင် စခန်းတွေထဲလည်း လူအဝင်အထွက် တင်းကျပ် ကန့်သတ်လိုက်တာပါ။
အဲဒီစခန်းတွေထဲက ဘာလုခါလီ ဒုက္ခသည်စခန်းမှာ ဗိုင်းရပ်စ်ကာကွယ်ရေး ဘယ်လိုညွှန်ကြားချက်တွေ ထုတ်ထားတယ်ဆိုတာကို အဲဒီမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံက ပြောပြပါတယ်။
“ဟုတ်ကဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ကနေ တလတကြိမ်တော့ စားနပ်ရိက္ခာတွေ ထုတ်ပေးနေပါ တယ်။ စားနပ်ရိက္ခာတွေ ထုတ်ပေးချိန် လူစုလူဝေး မလုပ်ကြဖို့ ညွှန်ကြားထားတယ်။ အိမ်ထောင်တစုကနေ အိမ်ထောင်ဦးစီးတဦးကပဲ စားနပ်ရိက္ခာတွေ သွားထုတ်ရပါတယ်ခင်ဗျာ။ တဦးနဲ့တဦးလည်း သုံးပေခွာပြီး တော့ ရိက္ခာတွေ ထုတ်နေကြရပါတယ်ခင်ဗျာ။ ဒီကနေ့အချိန်အထိတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇား ခရိုင်မှာ ရှိနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ကိုဗစ် ၁၉ နဲ့ပတ်သက်ပြီး ကူးစက်ခြင်း တဦးတ ယောက် မှ မရှိသေးပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပြင်ပိုင်းမှာ လူသေဆုံးတယ်၊ လူတွေ ကူးစက်ခံရတယ် ဆို တာ ကြားသိနေရတော့ အဲ့တော့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းထဲမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေက အလွန်ကို စိုးရိမ်နေကြပါတယ်ခင်ဗျ။ ဒီလို ကူးစက်မှု ဖြစ်လာနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ထုတ်ပြန်တဲ့ စည်းကမ်းချက်တွေကို ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေက လိုက်နာကြပါ တယ်။”
ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အသိပညာပေးတာတွေကို ရိုဟင်ဂျာ၊ ဗမာ၊ ဘင်္ဂါလီ ဘာသာစကားသုံးမျိုးနဲ့ ရေဒီယို ကနေ ထုတ်လွှင့်တာ၊ ဗွီဒီယိုနဲ့ ပြသတာအပြင် ပိုစတာနဲ့ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေကို UNHCR က ဦးဆောင်ပြီး ကျန်းမာရေးလုပ်သားတွေနဲ့ ဆောင်ရွက်နေကြပါတယ်။

SEE ALSO:
လတ်တလောမှာတော့ ဒုက္ခသည်စခန်းတွေမှာ ဘာသာရေး ဝတ်ပြုဆုတောင်းပွဲတွေ အပါအဝင် လူစုလူဝေး တွေကို တားမြစ်ထားသလို ဗလီတွေမှာလည်း လူဦးရေ အကန့်အသတ်နဲ့ ဝတ်ပြုကြရတယ်လို့ ဦးအီစလံက ပြောပါတယ်။
“လူတွေ လူစုလူဝေးတွေ မလုပ်ကြဖို့ စာသင်ကျောင်းတွေ ပိတ်ထားဖို့ ပိတ်ပင်ထားတယ်။ နောက် ဈေး ဆိုင် တွေ လည်း အကုန်ပိတ်ထားပါတယ်။ နောက် လူတွေ အိမ်ထဲကနေ အိမ်ပြင်မထွက်ကြဖို့လည်း ညွှန်ကြား ထား ပါ တယ်ခင်ဗျာ။ နောက် တဦးနဲ့တဦး သုံးပေအကွာအဝေးမှာ နေကြဖို့၊ ချောင်းဆိုးရင် နှာချေရင် မျက် နှာတွကို ကာထားဖို့ ပဝါတွေကာထားဖို့ Mask နှာခေါင်းစီးတွေတပ်ဖို့လည်း ညွှန်ကြားထားပါတယ်ခင်ဗျာ။ နောက် တကိုယ်ရေသန့်ရှင်းရေးအတွက် လက်ကို မကြာခဏ ဆပ်ပြာနဲ့ဆေး ကြောဖို့ အဲ့လို ကျန်းမာရေး ပညာပေး ညွှန်ကြားမှုတွေ ရှိနေပါတယ်ခင်ဗျာ။ အခု ကမ့်ပ်ထဲမှာ ဘုရားရှိခိုးရင် လူငါးဦးထက်ပိုပြီး မစုဝေး စေရဘူးလို့ ပြောထား ညွှန်ကြားထားပါတယ်။ ဗလီမှာတော့ ဗလီဦးဆောင်ဆရာနဲ့ လူအနည်းငယ်ပဲ ဝတ်ပြု ဆုတောင်းပါတယ်။ တခြားသူတွေဆိုရင်တော့ ကိုယ့်အိမ်မှာပဲ ကိုယ်ဝတ်ပြုကြပါတယ်ခင်ဗျာ။ အခုဆိုရင် ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း အသံချဲ့စက်တွေနဲ့ မကြာခဏ ကြေညာချက်တွေ ထုတ်ပြန်တာ ရှိပါတယ်။ စခန်းပတ်လည်ကိုလည်း လိုက်လံနှိုးဆော်နေတာတွေ ရှိပါတယ်။ အထူးသဖြင့် ဖျားနာရင် ချောင်းဆိုးရင် နေမကောင်းဖြစ်လာရင် သက်ဆိုင်ရာ ဆေးရုံကို အမြန်ဆုံးပြေးပြကြဖို့ကိုလည်း ညွှန်ကြားထားပါတယ်။”
အခုလို သိန်းချီတဲ့လူတွေ စုဝေးခိုလှုံနေထိုင်ရတဲ့ စခန်းတွေထဲ COVID-19 လို ကပ်ရောဂါ ဖြစ်ပွားလာမှာ စိုးရိမ်နေကြချိန်မှာပဲ ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပြီး လှေစီးထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ ရဲ့ လှေတစီး ပင်လယ်ထဲ မျောနေချိန် အစာရေစာ ပြတ်လပ်မှုကြောင့် အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ရပါတယ်။
အဲဒီထဲက အသက်မသေ ကျန်ရစ်သူတွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ကယ်တင်လိုက်ပြီးတဲ့ နောက် အဲဒီထဲက ရိုဟင်ဂျာတချို့ကို ကုတုပလောင်စခန်းထဲ ခေါ်ယူစောင့်ရှောက်ထားပြီး ဆေးကုပေးနေ တယ်လို့လည်း ဦးအီစလံက ပြောပြပါတယ်။
“အခု အဲ့ဒီ့ ဒုက္ခသည်တွေကို ဧပြီလ ၁၆ ရက်နေ့ မနက်ပိုင်းက ဘင်္ဂလားဒေ့ရှ် လုံခြုံရေးအဖွဲ့တွေနဲ့ ကု လအဖွဲ့ အစည်း တွေ အပါအဝင် အဖွဲ့တွေက သူတို့ကို ကုတုပလောင် ဒုက္ခသည်စခန်းထဲက ဒုက္ခသည်လက်ခံရေး စခန်းထဲမှာ စောင့်ရှောက်ထားပါတယ်ခင်ဗျာ။ နေမကောင်းတဲ့သူတွေကို ဆေးရုံတင်ပြီးတော့ သူတို့ ဆေးဝါး ကုသမှု ပေးနေပါတယ်။ တခြားသူတွေကိုလည်း အစားအသောက်တွေပေးပြီး ဆေးကုပေးနေပါတယ်။ နောက် သူတို့ကို ကိုဗစ် ၁၉ နဲ့ ပတ်သက်ပြီးတော့ ကူးစက်ခံထားရတာ ရှိမရှိ ရက်ပေါင်း ၁၄ ရက် ထားပြီး တော့ စောင့်ကြည့်မယ်ဆိုပြီးတော့ ကြားသိရပါတယ်။ ဒုက္ခသည်စခန်းတွေမှာပဲ နေမယ်ဆိုရင်လည်း အခက် အခဲတွေက ပိုပြီးကြုံလာရနိုင်တယ်။
“အခုက မြန်မာပြည်ပြန်ရေး လုပ်ငန်းစဉ် အိမ်ပြန်ဖို့လမ်းကလည်း မမြင်တော့ အခုတောင် လူတွေက မလေး ရှားဘက်သွားလိုက် ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက်နဲ့ ပင်လယ်ထဲမှာသေလိုက် အဲ့လိုတွေဖြစ်နေ တယ်။ ဒါကြောင့် ကျနော်တို့အရေးကို နိုင်ငံတကာကရော မြန်မာအစိုးရကပါ ပြေလည်အောင် ဖြေရှင်းပေးဖို့ အလေးအနက် တောင်းဆိုချင်ပါတယ်။”
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ ကမ္ဘာအနှံ့ COVID-19 ဗိုင်း ရပ်ရောဂါကူးစက်မှု ကာကွယ်တဲ့အနေနဲ့ သွားလာမှု ကန့်သတ်နေတဲ့ တချိန်တည်းမှာပဲ ရခိုင်ပြည် နယ် မောင်တောခရိုင်ဘက်မှာလည်း ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာတဲ့သူတွေကို လက်မခံတော့တဲ့အကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးက ဗွီအိုအေမြန်မာပိုင်းကို ပြောဆိုထားသလို နယ် စပ်ဂိတ်တွေကနေ ပြန်ဝင်လာသူတွေ ဧပြီလဆန်းကစပြီး မရှိတော့ဘူးလို့လည်း အတည်ပြုထားပါတယ်။ စနေနေ့ထိဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ COVID-19 ကူးစက်ခံထားရသူ ၂၁၀၀ ကျော်ရှိပြီး သေဆုံးသူ ၈၀ ကျော်ရှိတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

Link : Here
No comments:
Post a Comment