B B C
ဘီဘီစီ မြန်မာပိုင်း၀၃ ဒီဇင်္ဘာလ ၂၀၂၀

ဘာဆန်ချား ကျွန်းဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ နီးပါးလောက်ကမှ ပင်လယ်ထဲကနေ ပေါ်ထွန်းလာတဲ့ ကျွန်း ဖြစ် ပါတယ်။ ၂၀၁၇ တုန်းကတော့ ဒီကျွန်းမှာ လူတွေ နေနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးက လုပ်ငန်းတွေ စတင်ခဲ့ပါ တယ်။
၂၀၁၇ တုန်းက အာဆာအဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပြီး မြန်မာတပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး စစ် ဆင်မှုတွေကြောင့် ရိုဟင်ဂျာ တစ်သန်းနီးပါးလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းကို ထွက်ပြေး ခိုလှုံ ခဲ့ကြပါတယ်။ အဲဒီက ဒုက္ခသည်စခန်းတွေမှာ လူတွေ အဆမတန် ပြည့်ကျပ်နေတာကို လျှော့ချဖို့အတွက် ဒု က္ခသည် အနည်းဆုံး တစ်သိန်းလောက်ကို အဲဒီကျွန်းဆီ ရွှေ့ပြောင်း ထားရှိဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ် နေတာပါ။လက်ရှိနေနေရတဲ့ ဒုက္ခသည်စခန်းတွေထက် အဲဒီမှာ ဆောက်ထားပေးတဲ့ နေရာထိုင်ခင်း အဆောက် အအုံ တွေ က အများကြီး ပိုကောင်းတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ ဒီလိုလုပ်တာဟာ ရေတိုကာလအတွက်ပဲ ကြည့်ပြီးလုပ်ခဲ့တဲ့၊ လူမဆန် တဲ့ လုပ်ရပ်ဖြစ်တယ် ဆိုပြီး ဝေဖန်နေကြပါတယ်။
ကော့ဆက်စ်ဘဇားမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေထက် အဲဒီကျွန်းမှာ ဆောက်ပေးထားတဲ နေရာထိုင်ခင်း အဆောက်အအုံတွေက အများကြီး ပိုသာတယ်လို့ ဆို
အဲဒီမှာ ပြောင်းရွှေ့ နေသူတွေကို ကျွဲနွားမွေးမြူရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းအပါအဝင် အခွင့်အရေး ၁၈ ခုလောက် ပေးမယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက ကမ်းလှမ်းထားတယ်လို့ ဒုက္ခသည်စခန်း မှာ ကျန်ခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦး ဖြစ်သူ ဦးကာမားလ်က ဘီဘီစီကို ပြောပြပါတယ်။
ပထမအသုတ်အဖြစ် သွားကြသူတွေထဲမှာ ဒီအခွင့်အရေးတွေကို မျှော်မှန်းပြီး ကိုယ့်ဆန္ဒနဲ့ ကိုယ် သွားကြသူ တွေ ရှိသလို ကိုယ့်ဆန္ဒမပါဘဲ အပြောင်းရွှေ့ခံရသူတွေလည်း ပါတယ်လို့ သူက ပြောပါတယ်။
ရေတွေ ပတ်လည်ဝိုင်းနေပြီး လူနေဖို့ သင့်မသင့် ဆိုတာနဲ့ ပတ်သက်လို့ သိပ္ပံပညာရှင်တွေရဲ့ အတည် ပြုချက် မရှိထားတဲ့ အဲဒီကျွန်းမှာ ဘယ်လောက်ကြာကြာ နေရမလဲ ဆိုတာကို ဘင်္ဂလားဒေ့ရှ်အစိုးရက အချိန်ကာလ သတ်မှတ်ထားတာမျိုး မရှိကြောင်းနဲ့ သူတို့အနေနဲ့ကတော့ ဆုံးရှုံးသွားတဲ့ အခွင့်အရေးတွေ ရရင် နေရပ် မြန် မာနိုင်ငံကို ပြန်သွားဖို့ ဆန္ဒပဲ ရှိတာကြောင့် အနေကျဉ်းကျပ် ဒုက္ခရောက်ပေမဲ့ လက်ရှိဒုက္ခသည်စခန်းမှာပဲ နေ ရင်းနဲ့ ဆက်လက် စောင့်ဆိုင်းသွားမယ်လို့ ဦးကာမားလ် က ပြောပါတယ်။
ဘာဆန်ချားကျွန်းနဲ့ ဒုက္ခသည်အိမ်ရာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဂြိုဟ်တုကနေ မြင်ရတဲ့ မြင်ကွင်းများ
Link : Here
No comments:
Post a Comment