VOA
ဗွီအိုအေ (မြန်မာဌာန)
03 သြဂုတ်၊ 2020
မဆုမွန်
03 သြဂုတ်၊ 2020
မဆုမွန်
ကုတုပလောင် ဒုက္ခသည်စခန်းတွင် ဆုတောင်းပွဲကျင်းပနေသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (သြဂုတ် ၂၅၊ ၂၀၁၉)
ရိုဟင်ဂျာမူဆလင်တွေ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်လာကြရတာ သုံးနှစ်ပြည့်ပါတော့မယ် နေရပ်ပြန် ရေး- ရှေ့အနာဂတ်နဲ့ သူတို့အတွက် တရားမျှတမှု မျှော်လင့်ချက် အခြေအနေ အလားအလာတွေ ဘယ်လို ရှိပါသလဲ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးပါမယ်ရှင်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဘက်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လကုန်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နယ်ခြားစောင့် တပ်နဲ့ အစိုးရစစ်တပ် အခြေစိုက်စခန်းတွေကို အင်အားသုံးပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ARSA အစွန်း ရောက် အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့နောက်ပိုင်း စစ်တပ်ဘက်က နယ်မြေရှင်းလင်းမှုတွေအတွင်း အသက်အန္တရာယ်စိုးရိမ်မှုတွေကြောင့် ဒေသတွင်းမွတ်ဆလင်တွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို သိန်းနဲ့ချီ ထွက်ပြေးခိုလှုံခဲ့ကြတာပါ။ အဲဒီနယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်းမှာ လူအစုလိုက် အ ပြုံလိုက် သတ်ဖြတ်မှု၊ ရွာမီးရှို့မှု၊ အမျိုးသမီးတွေကိုအဓမ္မကျင့်မှုစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာစစ်တပ်က လုပ်ဆောင်ခဲ့တယ်လို့လည်း စွဲချက်တင်ခံထားရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Ukhia မှာရှိတဲ့ Jamtoli ဒုက္ခသည်စခန်းက ရိုဟင်ဂျာ အမျိူးသားတဦး။ (ဒီဇင်ဘာ ၁၁၊ ၂၀၁၉)
ဒီနှစ် ၂၀၂၀ပြည့်နှစ် သြဂုတ်လဆိုရင်တော့- သူတို့တွေ ဒီကော့ဇ်ဘဇား ခရိုင်ထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ ခိုလှုံနေထိုင်ခဲ့ကြရတာ သုံးနှစ်တင်းတင်းပြည့်တော့ မှာဖြစ် ပေမဲ့ နေရပ်ရင်း မြန်မာပြည်ပြန်နိုင်ရေးအတွက်က တော့ မရေမရာဖြစ်နေတုန်းပဲလို့ ရိုဟင်ဂျာ ဒုက္ခသည် တွေက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
ဒုက္ခသည်တွေရဲ့ အနာဂတ် အထူးသဖြင့် လူမမည်ကလေးတွေနဲ့ လူငယ်လေးတွေရဲ့ ရှေ့ဆက်ရမယ့် ဘဝ အာမခံချက် ဘာမှ မရေရာပါဘူးလို့ ရခိုင်မှာကျန်ခဲ့တဲ့မူဆလင်တွေလည်း အခွင့်အရေးတွေဆုံးရှုံးနေကြရ ဆဲပါလို့ ရခိုင် ပြည်နယ်မြောက်ပိုင်း တမန်းသားကျေးရွာအုပ်စု အထက်တန်းကျောင်းမှာ စေတနာ့ဝန်ထမ်း ကျောင်းဆရာလုပ်ခဲ့သူ ကုတုပလောင် ဒုက္ခသည်စခန်းကမ့်နံပတ် ၁ မှာ ခိုလှုံနေထိုင်သူ ကိုကာမေလ်က သူ့စိုးရိမ်ချက် ပြောပြပါတယ်။
"ပြန်သွားရမယ့်အခြေအနေကတော့ တော်တော်လေးကို မကောင်းတဲ့အခြေအနေရောက်နေပြီ။ ဒီမှာနေရ တာကလည်း နေတာပဲရှိတယ်။ ဒီမှာနေရတဲ့ကလေးတွေဘဝ လူကြီးတွေဘဝက မျှော်လင့်ချက်တွေ ဘာ တ ခုမှ မရှိဘဲနဲ့ ဒီအတိုင်း ဆက်ပြီးနေရမယ်ဆိုရင် အကုန် ပျက်စီးသွားမှာ။ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ဘာတခုမှ အာမခံချက်မရှိတဲ့နေရာ ကျနော်တို့ နေရတာက နေတာပဲရှိတယ်။ အခြေအနေက တော်တော် လေးကို မကောင်းဘူး။ ဒီလိုနေ ရာမှာ နေထိုင်ခဲ့ရတာ ကမ္ဘာမှာ ပြောမဆုံး၊ ရေးမဆုံးဖြစ်ရပါပြီ။ အဲ့ဒီ့မှာနေ ထိုင်ခဲ့တဲ့ ၂၀၁၂ မှာ ဆုံးရှုံးခံရတဲ့ ပုဂ္ဂိုလ်တွေရော ၂၀၁၇မှာ ဆုံးရှုံးခဲ့ရတဲ့ ပုဂ္ဂိုလ်တွေရော တချို့တဝက်က ဒီမှာရောက်လာတယ် အဲ့ဒီ့မှာပဲ နေခဲ့တဲ့သူတွေကလည်း လွတ်လပ်စွာသွားလာခွင့် ပညာသင်ယူခွင့်အ ခြေ ခံ လူ့အခွင့်အရေးဆိုတာ ဘာတခုမှ မရှိဘဲနဲ့ သူတို့လည်း အဲ့ဒီ့အိမ်တွေထဲမှာပဲ နေနေကြရတုန်းပဲ ဘာဖြစ် လို့နေရသေးလဲဆိုရင် မြန်မာအစိုးရအနေနဲ့ ပေးသင့်ပေးထိုက်တဲ့ အခွင့်အရေးကို ဘာတခုမှ မပေးဘဲနဲ့လုပ် တယ်။ ဒါပေမဲ့ လူတွေကို ဒါမျိုးလုပ်လို့မရပါဘူး၊ လူဆိုတာ လူပါပဲ လူဆိုတာ တန်းတူညီတူ အခွင့်အရေး ပေးရင်ပြဿနာတွေပေါ်လာစရာ အကြောင်းမရှိပါဘူးလို့ ကျနော့်အနေနဲ့အကြံပေးတင်ပြပြောချင်ပါတယ်။"
သိန်းနဲ့ချီ စုပြုံနေထိုင်နေရတဲ့ ဒုက္ခသည်စခန်းကနေ လွတ်မြောက်ရေးလမ်းစကို ဝိုင်းဝန်းကြိုးပမ်း အဖြေရှာ ကြ ဖို့ကိုလည်း ကုတုပလောင် ဒုက္ခသည်စခန်း အမှတ် ၇ မှာ နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးအောင်မြိုင်က လည်း မေတ္တာရပ်ခံပါတယ်။
"အခုဆိုရင် သုံးနှစ်ပြည့်ပြီး ကျနော်တို့ ဒုက္ခသည်တွေဘဝက အင်မတန်မှ ကြမ်းတမ်းပြီး ဒုက္ခတွေ အခက် ခဲတွေနဲ့နေနေကြရပါတယ်။ ဒုက္ခသည်ဘဝ ဆိုတာက သိတဲ့အတိုင်းပဲလေ ကျနော်တို့ကတော့ ကိုယ့်နေရပ် မူရင်းနေရာကိုပဲ တမ်းတပါတယ်။ အခုအိဒ်ပွဲချိန်ဆိုလည်း ကိုယ့်နေရပ်ကိုပဲ ကိုယ်ပြန်ပြီး လုပ်ချင်တယ်။ ကျနော်တို့ အရမ်းကြီးကို အောက်မေ့ပါတယ် သတိရနေတယ် ကျနော်တို့ရဲ့ မူလဒေသကို ဒီမှာ ကျနော်တို့ ဒီမှာ လုံးဝကို မနေချင်တော့ဘူး။ မြန်မာအစိုးရအနေနဲ့ ကျနော်တို့ကို အမြန်ဆုံးခေါ်သင့်ပါတယ်။ ကျနော်တို့လည်း မြန်မာနိုင်ငံသားတွေပါပဲ။"
အထူးသဖြင့် စခန်းတွေထဲမှာ ကလေးတွေ ပညာရေးတပိုင်းတစနဲ့ လူငယ်တွေအလုပ်အကိုင် မဲ့ဖြစ်နေတဲ့ အပေါ် ဦးအောင်မြိုင်က စိုးရိမ်နေတာပါ။
"အခုဆို သုံးနှစ်ရှိလာပြီ တပိုင်းတစ ဒီမှာ ပညာရေးအခြေအနေတွေမှာ ငါးတန်း၊ ခြောက်တန်း၊ ခုနှစ်တန်း၊ ရှစ်တန်း ကျောင်းတက်နေတဲ့ ကျောင်းသားတွေပါ ဒီဘက်ကို ပါလာတယ်။ ဒီမှာက Learning Center ဆိုပြီးတော့ပဲရှိတယ်။ ဒါကလည်း မြန်မာ့ Curriculum နဲ့မဟုတ်ပါဘူး။ ဒီမှာက အတန်းအလိုက်ကျောင်း တက် လို့ မရဘူးဆိုတော့ ဒီကလေးတွေက ဘယ်ကိုရောက်သွားလဲဆိုတော့ ဆိုးကျိုးဘက်ကိုရောက်သွား နေ တာကို အရမ်းပဲ စိုးရိမ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်လည်းမရှိဘူး၊ ကျောင်းလည်း တက်လို့မ ရ ဘူးဆိုတော့ တစတစနဲ့ ဆိုးကျိုးဘက်ကို ရောက်သွားကြတာ အရမ်းကို စိုးရိမ်စရာပါပဲ။ ဒီမှာနေရတာ လူ ဦးရေကလည်း အရမ်းထူထပ်တယ်။ INGO၊ NGO နဲ့ အစိုးရဘက်က တတ်နိုင်သလောက်တော့ လုပ်ပေး တယ်။ ဒါပေမဲ့ ဒုက္ခသည်တွေအများကြီးဆိုတော့ သူတို့လည်း လုံလုံလောက်လောက် မကူညီနိုင်ပါဘူး။ ဒါကြောင့် ကျနော်တို့ ကိုယ့်အိမ်ပဲကိုယ်ပြန်ချင်တယ်။ အစိုးရရယ် ဒုက္ခသည်ရော အမြန်ဆုံးတိုင်ပင်ပြီးတော့ အဖြေလေးတခု ထွက်အောင် ကြိုးပမ်းကြသင့်တယ်။"
SEE ALSO:
ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း အိဒ်ပွဲတော် ကျင်းပ
ဘာလုခါလီဒုက္ခသည်စခန်း အမှတ် ၉ မှာနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံခေါ် ဦးကျော်မြင့်ကတော့ သူတို့ထွက်ပြေးလာကြတာ သုံးနှစ်ပြည့်လာပေမဲ့ အစိုးရရဲ့နေ ရပ်ပြန် ရေးဆောင်ရွက်ပေးနေတဲ့ အစီအစဉ်ကတော့ အောင်မြင်မှုမရှိလို့ သူတို့အတွက် မျှော်လင့်ချက်မဲ့နေတုန်း ပဲလို့ပြောပါတယ်။
"ကျနော်တို့ ရိုဟင်ဂျာလူမျိုးတွေကို ရခိုင်ပြည်နယ်ကနေ မောင်းထုတ်ခံရတာ ထွက်ပြေးခဲ့ကြရတာ အခုဆို ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကိုရောက်လာတာ သုံးနှစ်ပြည့်ပါပြီခင်ဗျာ ယနေ့အချိန် အထိ ကတော့ နေအိမ်ပြန်နိုင်ရေးအစီအစဉ်က အောင်မြင်အောင် ဆောင်ရွက်လာနိုင်တာ ဘာတခုမှ မတွေ့ခဲ့ရပါ ဘူး။ အဲ့ဒီ့အပေါ် ရိုဟင်ဂျာတွေဘက်က စိုးရိမ်စိတ်တွေနဲ့ စိတ်ပျက်လက်ပျက် နေထိုင်နေကြရတာကို တွေ့ရ ပါ တယ်။ ကုလသမဂ္ဂကိုရော နိုင်ငံတကာအဖွဲ့အစည်းကိုလည်း ကျနော်တို့ အကြိမ်ကြိမ်တင်ပြတောင်း ဆိုခဲ့ ပေမဲ့ ဒီကနေ့အချိန်အထိက တော့ နေရပ်ပြန်ရေးအစီအစဉ်က မရေမရာဖြစ်နေတုန်းပါပဲခင်ဗျာ။ ကုလ လုံခြုံ ရေးကောင်စီအထိ တင်ပြခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီမှာရောက်နေတဲ့ ရိုဟင်ဂျာတွေရဲ့ ဒုက္ခတွေအကြပ် အတည်းတွေက ယနေ့အချိန်အထိ ပြေလည်မှု တစုံတခုမရှိသေးပါဘူး။ နောက် တရားမျှတမှုအတွက် လည်း ICC နဲ့ ICJ ကနေ ဆုံးဖြတ်ချက် တစုံတခု မရသေးပါဘူးခင်ဗျာ။ ဒုက္ခသည်တွေရဲ့ဘဝဆိုတာ အင်မ တန်မှ ကြမ်းတမ်းလွန်းလှတဲ့အတွက် ဒုက္ခသည်တွေရဲ့ဘဝကို အားလုံးစဉ်းစားပေးသင့်ပါတယ်ခင်ဗျာ။ ဘာ ဖြစ်လို့ဆိုရင် ကမ္ဘာတခုလုံးမှာ COVID 19 ကိုရိုနာဗိုင်းရပ်စ်ဖြစ်နေတာကို စိုးရိမ်ချက်ရယ်၊ နောက် အမျိုးမျိုး သောဖြစ်ရပ်တွေရဲ့ခံစားချက်ရယ် ကျနော်တို့ဒုက္ခသည်တွေ ခံစားနေရတာကို နိုင်ငံတကာရော မြန်မာအစိုး ရ ရော ကျနော်တို့ရဲ့ အကြပ်အတည်းတွေ ပြေလည်အောင် စဉ်းစား ဆောင်ရွက်သင့်ပါတယ်လို့ တောင်း ဆိုချင်ပါတယ်။"
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေဘက်က သူတို့နေရပ်ပြန်နိုင်ရေး စီစဉ်မှုတွေမှာ လွတ်လပ်စွာလှုပ် ရှား သွား လာခွင့် ပညာသင်ယူခွင့် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် နိုင်ငံသားအခွင့်အရေး အပြည့်အဝရဖို့ လုံခြုံရေးအာ မခံချက်ပေးဖို့အပါအဝင် ဆုံးရှုံးနစ်နာခဲ့ရမှုတွေ အတွက် တရားမျှတမှုရှိဖို့ တောင်းဆိုသလို ရို ဟင်ဂျာဆိုတဲ့အသုံး အနှုန်းကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ ဒီဒုက္ခသည်တွေ နေရပ်ရင်းကို ပြန်လာနိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ပြန်လည်လက်ခံရေး အစီအမံ တွေနဲ့ဆောင်ရွက်နေတယ်လို့ ပြော ဆိုထားပါတယ်။

No comments:
Post a Comment