VOA
ဗွီအိုအေ (မြန်မာဌာန)
20 ဇွန်၊ 2020
မဆုမွန်
20 ဇွန်၊ 2020
မဆုမွန်
ကုတုပလောင် ဒုက္ခသည်စခန်း မြင်ကွင်းတခု။ (ဇွန် ၁၊ ၂၀၂၀)
ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့ဟာ ကမ္ဘာ့ဒုက္ခသည်များနေ့ World Refugee Day ဖြစ်ပါတယ်။ ဒုက္ခသည်များနေ့ အထိမ်းအမှတ် ဒုက္ခသည်တွေအရေး တောင်းဆိုတာတွေ၊ အခမ်းအနားကျင်းပတာ၊ ဆန္ဒထုတ်ဖော်တာ၊ သ ရုပ်ဖော်တင်ဆက် သတင်းထုတ်ပြန်တာတွေ နိုင်ငံတကာမှာ လုပ်ဆောင်ကြပေမယ့်လို့ ကမ္ဘာ့အကြီးဆုံး ဒုက္ခ သည်စခန်းလို့ တင်စားခေါ်ဝေါ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည် တွေကတော့ "On World Refugee Day, We Do Not Want to Celebrated, We Want to Go Home” ကမ္ဘာ့ ဒုက္ခသည်များနေ့မှာ ကျနော် ကျမတို့ ဘာအခမ်းအနားတွေမှ မကျင်းပလိုဘူး၊ ကိုယ့်အိမ်ကိုပဲ ပြန်ပါရစေ ဆိုတဲ့ ကြေညာချက်ထုတ် တောင်းဆိုလိုက်ကြပါတယ်။
သူတို့လိုလားချက်ကိုတော့ ဒီကြေညာချက်ကို ဦးဆောင်ထုတ်ပြန်သူ ARSPH ငြိမ်းချမ်းရေးနဲ့ လူ့အခွင့် အ ရေး ဆိုင်ရာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဦး Mohib Ullah က ဗွီအိုအေကို ပြောပြပါ တယ်။
“ကျနော်တို့ ဒီ Refugee Day Celebration ကို မလုပ်ချင်ပါဘူး။ ကျနော်တို့ ကိုယ့်ဒေသ ကိုယ့်မြေကိုပဲ ပြန် ချင်ကြတယ်လို့ ခေါင်းစဉ်ထိုးထားတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ မြန်မာအစိုးရက ဂျီနီဗာကွန်ဗန်းရှင်းမှာ လက်မှတ် ထိုးထားတယ်။ Genocide ကို Protection လုပ်မယ်၊ Action လုပ်မယ်ဆိုပြီး အဲ့ဒီ့မှာ လက်မှတ်ထိုး ထားတယ်။ အဲ့သလို လက်မှတ်ထိုးထားသလို အခု ကျနော်တို့ရဲ့ အခွင့်အရေးကို ပေးပါဆိုပြီး တောင်းဆို ထား ပါတယ်။ နောက် ကျနော်တို့ အိမ်ကိုပဲ ပြန်ချင်ကြတယ်။ အိမ်ကိုပဲ ပြန်ခေါ်ပါ။ ကျနော်တို့ရဲ့ နိုင်ငံသား အခွင့်အရေးနဲ့အညီ သွားလာခွင့် လွတ်လပ်ခွင့် အဲ့ဒါတွေပေးပါ။ ကျနော်တို့ကို အိမ်ပြန်ခွင့်ပေးပါ။
“နောက် ကျနော်တို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြောတာက ကျနော်တို့ Celebration မလုပ်ချင်ဘူး။ ကျ နော်တို့ အိမ်ကိုပဲ ပြန်ချင်ကြတယ်။ ခင်ဗျားတို့ စုပေါင်းပြီးတော့ အိမ်ကိုပြန်သွားနိုင်အောင် မြန်မာအစိုးရကို ပြောပေးပါဆိုပြီး တောင်းဆိုထားတယ်။ နောက် ဘင်္ဂလားဒေ့ရှ် အစိုးရကိုတော့ ကျနော်တို့ရဲ့ Education ကျနော်တို့ရဲ့ကလေးတွေ ဒီမှာ ပညာရေး အခြေခံအခွင့်အရေး Secondary ပညာရေး သင်ကြားနိုင်ခွင့် လုပ်ပေးပါဆိုပြီး ဒီနေ့ ဇွန်လ ၂၀ရက်နေ့ ရက်စွဲနဲ့ ထုတ်ထားတာပါ။”
ရိုဟင်ဂျာတို့ရှေ့ရေး ဝေဝါးဆဲ - ကမ္ဘာ့ဒုက္ခသည်များနေ့ အထူးဆောင်း ပါး
ရခိုင်ပြည်နယ် တမန်းသားကျေးရွာအုပ်စု အထက်တန်းကျောင်းမှာ ကျောင်းဆရာလုပ်ခဲ့တဲ့ ကုတုပလောင် ဒုက္ခသည်စခန်း အမှတ် ၇ မှာ နေထိုင်သူ ရိုဟင်ဂျာဒုက္ခသည် ကိုကာမေလ်ကလည်း အခုလိုပြောပါတယ်။
“ကျနော်တို့ အဓိက ကိုယ့်နိုင်ငံကိုပဲ ကိုယ်ပြန်ချင်ပါတယ်။ ကိုယ့်နိုင်ငံကိုပဲ ကိုယ်ပြန်ပြီးတော့ ကျနော်တို့ ဆုံး ရှုံးသွားခဲ့တဲ့ အခွင့်အရေးတွေ ပြန်ရချင်ပါတယ်။ ကျနော်တို့ဟာ ကမ္ဘာ့လူသားတွေထဲက ရိုဟင်ဂျာဆိုတာ လည်း လူသားဖြစ်ပါတယ်။ ကျနော်တို့ကို လူသားတမျိုးလို့ ထင်မြင်ယူဆပြီးတော့ ကျနော်တို့ ရသင့်ရထိုက်တဲ့ နိုင်ငံသားအခွင့် အရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသည့် အခြေခံလူ့အခွင့် အရေး တွေ ကို ကျနော်တို့ကို ပြန်ပြီးတော့ ပေးပါလို့ တောင်းဆိုချင်ပါတယ်။
“ကျနော်တို့လည်း ဘိုးဘွားဘီဘင်ကပင် အစဉ်တစိုက် မြန်မာနိုင်ငံမှာ နေထိုင်လာတဲ့သူတွေပါ။ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တဖက်တလမ်းကနေ ကျနော်တို့လည်း ကူညီပေးချင်ပါတယ်။ ကျနော်တို့နိုင်ငံ ကိုလည်း အများကြီး ဖွံ့ဖြိုးစေချင်ပါတယ်။ ဒါကြောင့် ကျနော်တို့ ရသင့်ရထိုက်တဲ့ မွေးရာပါ အခွင့်အရေးတွေ ကို ပြန်ပြီး ဖော်ဆောင်ပေးပါလို့ အနူးအညွတ် တောင်းပန်ချင်ပါတယ်။ ဒုက္ခတွေနဲ့ ခံနေရလို့ ကျနော်တို့မှာ ဒုက္ခသည်ဘဝ ဖြစ်နေကြရတာပါ။ ဒါကြောင့် ကျနော်တို့ ဒီဒုက္ခသည်ဘဝမှာ မနေချင်တော့ဘူး။ ကျနော်တို့ အိမ်ကိုပဲ ပြန်ချင်ပါတယ်။”
ရိုဟင်ဂျာဆိုတဲ့ အသုံးကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင် သွားကြတဲ့ ဒီ သိန်းချီတဲ့ ဒုက္ခသည်တွေ နေရပ်ရင်းပြန်လာနိုင်ရေး ကုလသမဂ္ဂ၊ ဘင်္ဂလားဒေ့ရှ် အစိုးရတို့နဲ့ သဘောတူညီမှုတွေ လက်မှတ်ရေးထိုးထားပြီး ပြန်လည်လက်ခံရေး ပူးပေါင်းလက်တွဲ လုပ်ဆောင်နေ တယ် လို့ ပြောထားပါတယ်။

Link : Here
No comments:
Post a Comment