VOA
ဗွီအိုအေ (မြန်မာဌာန)
14 စက်တင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာဌာန)
14 စက်တင်ဘာ၊ 2019
ဘင်္ဂလားဒေ့ရှ် အာဏာရပါတီက တာဝန်ရှိသူတစ်ဦးလုပ်ကြံသတ်ဖြတ်ခံ ရပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပိုင်း နယ်စပ်မြို့မှာ ရဲတပ်ဖွဲ့က နောက်ထပ် ရိုဟင်ဂျာ ဒုက္ခသည် ၂ ဦးကို သောကြာနေ့က ပစ်ခတ်သတ် ဖြတ်ခဲ့ပါတယ်။
အဲဒီ နှစ်ယောက်ဟာ Awami League ပါတီ လူငယ်အဖွဲ့က အရာရှိ Faruk ကို သတ်ဖြတ်ခဲ့တယ်လို့ ရဲတပ် ဖွဲ့က ပြောပါတယ်။ အဲဒီ အရာရှိဟာ လွန်ခဲ့တဲ့လက သတ်ဖြတ်ခံရတာဖြစ်ပြီး ရာဇဝတ်ပြစ်မှုရှိသူ ရိုဟင်ဂျာ တွေက သူ့ကို သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိနေခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းမှာ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းနီးပါးရှိပြီး ၇ သိန်းခွဲလောက်ဟာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်က ရခိုင်ပြည်နယ် အတွင်း ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် အဲဒီနေရာကို ထွက်ပြေး ရောက်ရှိလာခဲ့ကြတာပါ။
Cox’s Bazaar က ရဲတပ်ဖွဲ့အကြီးအကဲ Masud Hossain က သေဆုံးသူနှစ်ဦးဟာ Taknaf မြို့အနီး ရဲတပ်ဖွဲ့ နဲ့ အပြန်အလှန် ပစ်ခတ်မှုခဲ့ပြီးတဲ့နောက် ဒဏ်ရာ အပြင်းအထန် ရရှိပြီး ဆေးရုံမှာ သေဆုံးသွားတာလို့ ပြော ပါတယ်။ သူတို့ဟာ ဆိုးသွမ်း ရိုဟင်ဂျာတွေဖြစ်ပြီး လုယက်မှု၊ ပြန်ပေးဆွဲမှုနဲ့ မူးယစ်ဆေး မှောင်ခိုမှုတွေမှာ ပါဝင်သူတွေဖြစ်ကြောင်းနဲ့ Faruk ကို သတ်ဖြတ်တယ်လို့ စွပ်စွဲခံနေရသူတွေ လို့လည်း Cox’s Bazaar ခရိုင် ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။
အခုအခါ Awami League ပါတီ လူငယ်အဖွဲ့က အရာရှိ Faruk ကို သတ်ဖြတ်မှုမှာ ပါဝင် ပတ်သက်မှုကြောင့် ရဲ တပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်ပြီး သေဆုံးသူ ရိုဟင်ဂျာ ဒုက္ခသည် ၆ ဦးအထိ ရှိသွားပြီလို့ AFP သတင်းအရ သိရပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လ က စလို့ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူ ဒုက္ခသည် အနည်းဆုံး ၃၆ ဦး ရှိပြီ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဟာ ရိုဟင်ဂျာတွေအပေါ် ဥပဒေ ပြင်ပ သတ်ဖြတ်မှုတွေ ကျူးလွန်တယ်လို့လည်း လူ့အခွင့် အရေး အဖွဲ့တွေက စွပ်စွဲထားခဲ့ပါတယ်။
Link : Here

No comments:
Post a Comment