Thursday, January 14, 2021

Cox's Bazar က ဒုက္ခသည်စခန်းတစ်ခုမီးလောင်ပြီး အိမ် ခြေ ၅၀၀ ထက်မနည်းပျက်စီး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
14 ဇန္နဝါရီ၊ 2021 

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်း မီးလောင်နေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - U Aye Lwin - ဇန်နဝါရီ ၁၄၊ ၂၀၂၁)
 
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း Cox’s Bazar ဒေသ မှာရှိ တဲ့ ရိုဟင် ဂျာဒုက္ခသည်စခန်းမှာ ဒီနေ့ အိမ်ခြေ ရာနဲ့ချီပြီး မီး လောင် ကျွမ်းခဲ့ပါတယ်။  ဒီနေ့ မီးလောင်ကျွမ်းမှုကြောင့် အဲဒီဒုက္ခ သည်စခန်းမှာရှိတဲ့ အိမ်ခြေ ၅၀၀ ထက်မနည်း မီးလောင် ပျက်စီး သွားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ Save the Children အဖွဲ့ ညွှန်ကြား ရေးမှူး Onno van Manen က ထုတ်ပြန် ချက်တခု မှာ ပြောထားပါတယ်။ 

Save the Children အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ မီးလောင်တာ ဘယ်ဒုက္ခသည်စခန်းဆိုတာ အတိအကျ ဖော်ပြ မ ထားပါဘူး။ ဒုက္ခသည်တစ်ဦးက ဓာတ်ပုံတွေနဲ့တကွ ဗွီအို အေကို အကြောင်းကြားထားတဲ့ထဲမှာတော့ Nayapara ဒုက္ခသည်စခန်း အမှတ် ၂၆ လို့ပြောထားပါတယ်။


 SEE ALSO:
ရိုဟင်ဂျာဒုက္ခသည်အရေး Joe Biden အစိုးရ ဦးဆောင်ဖြေရှင်းပေးဖို့ RI အဖွဲ့တိုက်တွန်း 

ဒီမီးလောင်ကျွမ်းမှုက နှစ်ပေါင်းများစွာ ဒုက္ခအခက်အခဲတွေ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတွေအတွက်တော့ နောက် ထပ် ဆိုးရွားတဲ့ ထိခိုက်ဆုံးရှုံးမှုကြီဖြစ်တယ်လို့ Onno van Manen ကပြောပါတယ်။ အခုလို မီးလောင် ကျွမ်းမှုကြောင့် အဲဒီမှာရှိနေတဲ့ ဒုက္ခသည်တွေဟာ သူတို့ခိုလှုံစရာ နေရာတွေ မရှိတော့ဘဲ ကလေးတွေရဲ့ အနာ ဂတ်ဟာလည်း မရေမရာ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြတယ်လို့ သူကပြောပါတယ်။ ဒါကြောင့် နိုင်ငံတ ကာ အသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာတွေရဲ့ ဒုက္ခတွေကို ဖြေရှင်းဖို့အတွက် ရေရှည်ခိုင်မာတဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေဖို့ လိုတယ်လို့လည်း သူက တောင်းဆိုလိုက်ပါတယ်။
 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */