04.10.2020
ဘာသာပြန်
သေဆုံးသူများမှာ အိုင်မန်ရှာရဖ် ( အသက် ၃၀-နှစ် ) နှင့် ရှန်ဆူလ်အလမ် ( ၂၈-နှစ် ) တို့ဖြစ်ကြောင်း၊ အူခီ ယာမြို့နယ် ကူတူပါလောင် ဒုက္ခသည်စခန်းအတွင်း အကွက်အမှတ် D နှင့် E တို့၌ အချင်းချင်း သြဇာအာ ဏာ အားပြိုင်ကြရမှ အခင်းဖြစ်ပွားကြောင်း ၊ ဒုက္ခသည်စခန်းရှိ မှတ်ပုံတင်ထားပြီးသူများအဖွဲ့နှင့် မှတ်ပုံမ တင်ရသေးသူများ အဖွဲ့တို့အကြား အခြေအတင် အငြင်းပွားလျှက်ရှိကြောင်း စခန်းတာဝန်ကျ ရဲသေနတ် ကိုင် တပ်ရင်းမှ အင်စပိတ်တော် ယာရှင်ဖာရွတ်က ပြောဆိုသည်။
ငြင်းခုန်မှုများ ဆက်လက် ဖြစ်ပွားနေခဲ့ပြီး တနင်္ဂနွေနေ့ နံနက် စောစောပိုင်းတွင် နှစ်ဘက်တိုက် ခိုက်ကြေ ကြာင်း၊ လွန်ခဲ့သည့် စက်တင်ဘာ ၃၀ ၌လည်း အလားတူဖြစ်ပွားခဲ့ပြီး ၁၅ -ဦး ဒါဏ်ရာရရှိကြောင်း၊ အခင်း Nဖစ်ပွားရာတို့၌ ရဲတပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထားပြီး လောလောဆယ်တွင် အခြေအနေကို ထိန်းချုပ် နိုင် ပြီဖြစ်ကြောင်း၊ သေဆုံးသူတို့၏ ရုပ်အလောင်းများကို ကော့ခ်ဘဇားရှိ ဆက်ဒါဆေးရုံသို့ ပို့ဆောင်လျှက် စစ် ဆေးနေကြောင်း၊ ဥပဒေနှင့်အညီအရေးယူမှုများပြုလုပ်လျှက်ရှိကြောင်း အူခီယာမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး ဂါဇီ ဆလာအူဒင်က ရှင်းပြသည်ဟု သတင်း၌ ဆက်လက်ဖော်ပြသည်။
#ကူတူပါလောင်ဒုက္ခသည်စခန်း #စခန်းတွင်းအာဏာအားပြိုင်ရာမှ_ဒုက္ခသည်နှစ်ဦးသေဆုံး
((( Dhaka Tribune., October 4th, 2020,” 2 Rohingyas killed in clash over establishing supremacy .By: Abdul Aziz, Cox’s Bazar.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
https://www.dhakatribune.com/bangladesh/nation/2020/10/04/2-rohingyas-killed-in-clash-over-establishing-supremacy
လင့်၊https://h2oupdatenews.com/%e1%80%b1%e1%80%80%e1%80%ac%e1%80%b7%e1%80%81%e1%80%b9%e1%80%98%e1%80%87%e1%80%ac%e1%80%b8-%e1%80%92%e1%80%af%e1%80%80%e1%81%a1%e1%80%9e%e1%80%8a%e1%80%b9%e1%80%85%e1%80%81%e1%80%94%e1%80%b9%e1%80%b8/
No comments:
Post a Comment