လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-02-08
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ကျောက်တစ်လုံး ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေကို ပြန်လည် နေရာချထားပေးဖို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၃ ရက်နေ့က သွားရောက်ညှိနှိုင်းခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ဘာသာရေး ပဋိပက္ခကြောင့် ကျောက်တစ်လုံးဒုက္ခသည်စခန်းကို ဖွင့်လှစ်ခဲ့ တာ ဖြစ် ပြီး မွတ်စလင် အိမ်ထောင်စု ၃၆၀ ကျော် လူဦးရေ တစ်ထောင်ကျော်ရှိပါတယ်။
သူတို့ကို ကျောက်ဖြူမြို့ထဲမှာ ပြန်လည်နေရာချထားဖို့ စီစဉ်နေကြတာဖြစ်ပါတယ်။
ကျောက်တစ်လုံးဒုက္ခသည်စခန်း စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ကိုဖြူချေက သူတို့မှာ မူလနေထိုင်ခဲ့တဲ့ အိမ် ပိုင် နေရာတွေ ရှိခဲ့တဲ့အတွက် မူလနေရာမှာ ပြန်လည်နေထိုင်ဖို့တောင်းဆိုထားတယ်လို့ ပြောပါတယ်။
"ကိုယ်တို့ကိုပြန်လည်နေရာချမယ်ဆိုရင် ကိုယ်တို့မှာ မြို့ပေါ်ရပ်ကွက်မှာ အော်ရဂျင်နယ် အိမ်ရှိတယ် အိုး အိမ်ရှိတယ်။ တချို့က ရောင်းချထားတယ် သူတို့ကို ပြန်လည်နေရာချထားပေးမယ်ဆိုရင် မြို့ပေါ်ရပ်ကွက် မှာ နေရာချထားပေးရမယ် အိမ်ရှိတဲ့သူတွေကို သူတို့အိမ်ပြန်ပေးရမယ် အဲလိုတောင်းဆိုထားတယ်။"
ကျောက်တစ်လုံးဒုက္ခသည်စခန်းမှာ နေထိုင်သူတွေဟာ ကျောက်ဖြူ မြို့ပေါ်ရပ်ကွက် ဖြစ်တဲ့ အရာရှိရပ် ကွက်၊ ပိုက် သည်ရပ်ကွက်၊ သမ္ဗာန်ချောင်းရပ်ကွက်နဲ့ ပြင်ဖြူမော်ရပ်ကွက်တွေမှာ မူလက နေထိုင်ခဲ့ကြသူ တွေဖြစ်ပါတယ်။
ကျောက်ဖြူမြို့ ဒေသခံတစ်ဦးဖြစ်သူ ဦးထွန်းကြည်က မြို့ထဲကသူတွေက မွတ်စလင်တွေကို မူလနေရာတွေ မှာ ပြန် လည်နေရာချထားမှာကို လက်မခံကြဘူးလို့ ပြောပါတယ်။
"တချို့ ကမြို့ထဲကို ပြန်သွင်းဖို့ဆိုတာကို လက်မခံဘူး။ သူတို့ကို အဲနေရာမှာပဲထားဖို့ ပြောတယ်။ အစိုးရ က တော့ စီမံကိန်းတွေချပြီး IDP ကန့်တွေ ဖျက်သိမ်းဖို့လုပ်နေတဲ့အခါ သူတို့ကို ထားဖို့ နောက်တစ်နေရာ အဲဒီ နားမှာပဲ ထားဖို့ စဉ်းစားထားတာရှိတယ်လို့ကြားတယ်။ အဲဒီလိုကျတော့လည်း နယ်ဘက်ကလူတွေက လက် မ ခံဘူး နယ်ဘက်ဆိုတဲ့ အဲဒီနားကလူတွေ သူတို့ကလည်း လက်မခံကြဘူး။"
ကျောက်ဖြူမြို့ထဲမှာ ပြန်လည်နေရာချထားပေးဖို့ စီစဉ်နေတာကို ဒေသခံတွေက လက်မခံကြောင်း ပြောဆို ချက်တွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထား ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တို့ကို RFA မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
လက်တလောအခြေအနေအရ ဒုက္ခသည်စခန်းကသူတွေကို နေရာပြန်လည်ချထားပေးနိုင်ရေးအတွက် နှစ် ဘက်အသိုင်းအဝိုင်းကို ညှိနှိုင်းနေဆဲဖြစ်ပြီး ကျောက်တစ်လုံး ဒုက္ခသည်စခန်းကို ချက်ချင်းပြောင်းရွှေ့ဖို့ မ ဟုတ်ဘဲ စခန်းမှာနေထိုင်သူတွေရဲ့ အသံတွေကို နားထောင်တာဖြစ်တယ်လို့ အစိုးရအဖွဲ့က ပြောကြား ထား ပါတယ်။
ဒုက္ခသည်တွေက သူတို့မူလနေရာကို ပြန်တောင်းဆိုထားတယ်လို့ ကြားသိရပြီး မူရင်းနေထိုင်သူတွေက လက်မခံတဲ့အခါ ပြဿနာကို ပိုဆိုးစေမယ်လို့ မြင်ကြောင်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ် စားလှယ် ဦးကျော်လွင်က ပြောပါတယ်။
"မွတ်စလင်တွေ ကျောက်ဖြူမြို့အတွင်း သူတို့နေခဲ့တဲ့နေရာတွေမှာ ပြန်နေချင်တယ်ဆိုပြီး တောင်းတာ ကြားတယ်။ ဒါပေမဲ့ လက်ရှိမှာ အဲလိုဖြစ်လာရင် ဒေသခံက လက်ခံနိုင်မခံနိုင်ဆိုတာလည်း ရှိသေးတယ်။ သူတို့လက်မခံရင် တစ်ခုခုဆို ပဋိပက္ခကို ပိုကြီးအောင် လုပ်တယ်လို့ မြင်တယ်။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ရဲ့ အမြင်ပါ။"
မွတ်စလင် ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းဖို့ ညှိနှိုင်းနေတာဟာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေ ရာချထားရေး ဝန်ကြီးဌာနရဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စ ခန်းတွေ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်အရ ၂၀၁၈ ခုနှစ်ထဲက စတင် ဆောင် ရွက်နေတာ ဖြစ်ပါတယ်။
ကျောက်တစ်လုံးစခန်းက လူတွေကို လက်ရှိစခန်းရဲ့ နှစ်ဖာလုံ အကွာလောက်က နေရာကို ပြန်လည်နေရာ ချထားဖို့ လျာထားချက်ရှိတယ်လို့ ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောပါ တယ်။
ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းဖို့ဆိုတာ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေထဲမှာ တစ်ခုအပါ အဝင် ဖြစ်ပြီး ICJ ရဲ့ ကြားဖြတ် အမိန့်လေးချက်ထဲမှာလည်း ရိုဟင်ဂျာမွတ်စလင်တွေကို အသိအမှတ်ပြုဖို့နဲ့ လွတ် လပ် စွာသွားလာခွင့်ပြုဖို့ဆိုတာ အချက်တစ်ချက်အနေနဲ့ ပါရှိပါတယ်။
ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်ထဲမှာ စခန်းတွေ ပိတ်သိမ်းပြီး နေရပ်ပြန်ဖို့ဆိုတာပါဝင်ပြီး စခန်းတစ်ခု ပိတ်ပြီး နောက်စခန်းတစ်ခုကို ပြောင်းရွှေ့ဖို့ဆိုတာမျိုးမဟုတ်ဘူးလို့ ကိုဖီအာနန် ကော်မရှင် အဖွဲ့ဝင်ဟောင်း ဦးအေးလွင်က ပြောပါတယ်။
လက်ရှိအစိုးရက ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေး ဆောင် ရွက်ရာမှာ မူလနေရာတွေကို ပြန် လည် နထိုင်ခွင့်ပေးတာမျိုး မဟုတ်ဘဲ ရပ်ကွက် (ဒါမှမဟုတ်) ကျေးရွာတစ်ခုပုံစံနဲ့ ပြန်လည် နေရာချထား ပေးနေတာဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်တာဟာ ကိုဖီအာနန်ကော်မရှင် အကြံပေးချက်တွေနဲ့ ကိုက်ညီမှု မရှိကြောင်းလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။
မွတ်စလင် ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းနိုင်ရေး အစိုးရဆောင်ရွက်နေတာမှာ ကျောက်တော်မြို့နယ်က နိဒင်စခန်းကို ၂၀၁၈ ခုနှစ် သြဂုတ်လမှာ အပြီး ပိတ်သိမ်းနိုင်ခဲ့ပါတယ်။
အဲဒီစခန်းက အိမ်ထောင်စု ၈၅ စုနဲ့ လူဦးရေ ၅၈၀ ကျော်ဟာ မူလက ကျောက်တော်မြို့ပေါ်မှာ နေထိုင်ခဲ့ကြ တာ ဖြစ်ပေမယ့် ဒုက္ခသည်တွေနဲ့ သဘောတူ ညှိနှိုင်းမှုအရ သူတို့ကို မူလနေရာမှာ ပြန်လည်နေရာမပေးဘဲ နိဒင်ကျေးရွာ အနောက်ဘက် လယ်ကွင်းပြင်မှာ လုံးချင်းနေအိမ်တွေ ဆောက်လုပ်ပြီး ပြန်လည်နေရာ ချ ထားပးခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဒုက္ခသည် သုံးထောင်ကျော်ရှိတဲ့ မြေပုံ IDP ကယ်ဆယ်ရေးစခန်းအတွက် နေအိမ် ၆၀၀ လောက် ဆောက်လုပ်မှာဖြစ်ပြီး လက်ရှိမှာ နေအိမ်အလုံးရေ ၁၀၀ လောက်ပြီးစီးနေပြီဖြစ်တာကြောင့် မိသားစုတွေ ပြောင်းရွှေ့နေထိုင်နေကြပြီလို့ ဆိုပါတယ်။
၂၀၁၈ ခုနှစ်ထဲက စစ်တွေမြို့ သက္ကယ်ပြင်၊ ခေါင်းဒုက္ကာ စခန်း ၁၊ ၂ စတဲ့ ဒုက္ခသည် စခန်း သုံးခုကိုလည်း ပြန်လည်နေရာချထားပေးနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်ခဲ့ပေမယ့် ဒီနေ့အချိန်ထိ သဘောတူညီချက် မရသေးဘဲ ဖြစ်နေပါတယ်။
Link : Here
No comments:
Post a Comment