VOA
ဗွီအိုအေ (မြန်မာဌာန)
09 ဒီဇင်ဘာ၊ 2019
မဆုမွန် ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ ဂန်ဘီ ယာ နိုင်ငံဖက်က စွဲဆိုထားတဲ့အမှုဟာ တရားမျှတမှုရရှိမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြ တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဘက်က မျှော်လင့်နေပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
09 ဒီဇင်ဘာ၊ 2019
မဆုမွန်
ရိုဟင်ဂျာ ဒုက္ခသည်များ
နိုင်ငံတကာတရားရုံး ICJမှာ ရိုဟင်ဂျာမူဆလင်တွေကို လူမျိုးတုန်းသတ်ဖြတ်မှုတရားစွဲဆိုမှုမှာ ရိုဟင်ဂျာ မူဆလင်တွေအတွက် တရားမျှတမှုရဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ရိုဟင်ဂျာ ဒုက္ခသည် စခန်း တွေ မှာ ခိုလှုံနေ ထိုင်တဲ့ ရိုဟင်ဂျာတွေက တောင်းဆိုကြပါတယ်။ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာမူဆလင်တွေ အစုအပြုံလိုက် ထွက် ပြေးကြရတဲ့အထိ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး OIC အစ္စလာ မစ်နိုင်ငံတွေရဲ့ကိုယ်စား ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာတရားရုံး ICJ မှာ ပြီးခဲ့တဲ့ နို ဝင်ဘာလက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ရိုဟင်ဂျာဆိုတဲ့အသုံးကိုတောင် လက်ခံမထားတဲ့ မြန်မာနိုင်ငံဘက်က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် လည်း ဖြစ် နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မြန်မာနိုင်ငံရဲ့အကျိုးစီးပွားအ တွက် ကာ ကွယ်ရန်ဆိုပြီး တရားသွားရင်ဆိုင်ဖို့ ICJ ကို ရောက်ရှိနေပါတယ်။ ကြားနာစစ်ဆေးမှုတွေကို မနက်ဖြန်မှာ စတင်မှာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ကုတုပလောင်ရိုဟင်ဂျာစခန်းထဲက ရိုဟင်ဂျာဒုက္ခသည် တဦးကတော့ သူတို့အရေးအတွက် တရားစွဲဆိုပေးခဲ့သူတွေကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။
“နိုင်ငံတကာတရားရုံး ICJ အထိ တရားစွဲဆိုပေးခဲ့တဲ့သူတွေကို တကယ်ပဲ အလေးအနက်ထား ကျေးဇူးတင်ပါတယ်။ ကျနော်တို့ ရိုဟင်ဂျာမူဆလင်တွေအတွက် တရားမျှတမှုရချင်ပါတယ်။ စစ်မှန်တဲ့ တရားခွင် ဖြစ် မယ်လို့လည်း မျှော်လင့်ပါတယ်။ ကျနော်တို့အတွက် တရားမျှတမှုရဖို့ အလ္လာအရှင်မြတ်ဆီမှာ ဆုတောင်း ပါတယ်။”
ရိုဟင်ဂျာဒုက္ခသည် Abul Fayaz ပြောသွားတာပါ။ ဒီ သတ်ဖြတ်မှုဖြစ်စဉ်အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင်မှာလည်း တာဝန်ရှိတယ်လို့လည်း Abu Fayaz က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်၂၀၁၇ ဩဂုတ်လ ကုန်တုန်းက ARSA အကြမ်းဖက်အဖွဲ့က အစိုးရလုံခြုံရေးစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့နောက်၊ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ရာမှာ ရိုဟင်ဂျာ သိန်းဂဏန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင် ခဲ့ကြ ရပါတယ်။ အဲဒီဖြစ်စဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ မြန်မာနိုင်ငံက လက်မှတ်ထိုးထားတဲ့ လူ မျိုး တုန်းသတ်ဖြတ်မှုတားမြစ်ရေးနိုင်ငံတကာသဘောတူညီချက်ကို မြန်မာဖက်က ချိုးဖောက်တာဆိုပြီး ဂန် ဘီယာနိုင်ငံက ICJ မှာ တရားစွဲခဲ့တာပါ။
ကုလသမဂ္ဂစုံစမ်းရေးအစီရင်ခံစာတွေမှာလည်း ဒီဖြစ်စဉ်ဟာ လူမျိုးတုန်းသတ်ဖြတ်မှုအထိ ရည်မှန်းတဲ့လုပ် ရပ်ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။ ဒီအတွက် စစ်ခေါင်းဆောင်တွေမှာ အဓိကတာဝန်ရှိတယ်ဆိုပြီး တာ ဝန်ရှိတဲ့အမည်စာရင်းကိုပါ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာအစိုးရဘက်ကတော့ ဒီအစီရင်ခံစာတွေဟာ ချဲ့ကား ပြီး တဖက်သပ်ဆန်တယ်လို့ မြင်ပါတယ်။
ခင်ပွန်းဖြစ်သူ အသတ်ဖြတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာအမျိုးသမီးတဦးကတော့ စစ်ခေါင်းဆောင်တွေနည်းတူ ဒေါ် အောင်ဆန်းစုကြည်ကိုပါ အရေးယူစေချင်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
“ မြန်မာစစ်တပ်ကို အရေးယူသလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တရားခွင်တင် စစ်ဆေးသင့်ပါ တယ်။ ကျမတို့တွေကို ဘာကြောင့် သတ်တာလဲ။ အသက် သုံး လေးနှစ်ပဲရှိတဲ့ ကျမတို့အငယ်ဆုံးသား ကျမသမီးလေးတွေကို ဘာကြောင့်သတ်တာလဲ။ သူတို့က အပြစ်မရှိတဲ့သူတွေပါ။ ကျမတို့ အမျိုးသမီးတွေကို မုဒိန်းကျင့်တာ၊ နှိပ်စက်သတ် ဖြတ်တာ ဘာကြောင့်ပါလဲ။ ဒါတွေအားလုံးအတွက် တရားမျှတမှုလိုချင်ပါတယ်။”
မနက်ဖြန်ဒီဇင်ဘာလ ၁၀ရက်နေ့ အင်္ဂါနေ့မှာတော့ နယ်သာလန်နိုင်ငံ The Hague က နိုင်ငံတကာတရား ရုံးမှာတော့ ဒီ စွပ်စွဲချက်တွေနဲ့ တိုင်ကြားထားတဲ့ အမှုကို စတင်ကြားနာစစ်ဆေးမှာ ဖြစ်ပြီး ဂမ်ဘီယာနိုင်ငံက လျှောက်လဲချက်ကိုစတင်တင်သွင်းမှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၁ရက်နေ့မှာတော့ မြန်မာနိုင်ငံဘက်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်ပြီး ပြန်လည်လျှောက်လဲမှာဖြစ်ပါတယ်။ဒီဇင်ဘာ ၁၂ရက်နေ့ မှာတော့ ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ အပြန်အလှန် လျှောက်လဲကြမှာဖြစ်ပါတယ်။
လင့္၊https://burmese.voanews.com/a/icj-case-rohingya-hope-/5198616.html
No comments:
Post a Comment