Wednesday, January 23, 2019

ရိုဟင်ဂျာပြန်ပို့ရေး အောင်မြင်စွာ ဆောင်ရွက်နိုင် မယ် လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီး မျှော်လင့်

RFA
လွတ်လပ်တဲ့အာရှအသံ 
2019.01.22
                                           ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ကလေးငယ်တချို့ကို တွေ့ရစဉ်
 
 ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရခဲ့တဲ့ ဝန်ကြီးချုပ် ဟာစီနာရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် AK Abdul Momen အေ ကေ အဘ်ဒူလ် မိုမင်း က သူတို့နိုင်ငံရောက် ရိုဟင်ဂျာတွေ မြန်မာပြည်ပြန် ပို့ရေးအတွက် တရုတ်ပြည်နဲ့ တခြားနိုင်ငံခြားတိုင်းပြည်တွေရဲ့ အကူအညီနဲ့ အောင်မြင်စွာ ဆောင် ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။ တဆက်တည်းမှာပဲ သူက ရိုဟင်ဂျာ တွေကို ပြန်ခေါ်ရေးအတွက် မြန်မာအစိုးရနဲ့ အကြိမ်ကြိမ် စီစဉ်ခဲ့ပေမယ့် ဒီပဋိပက္ခနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က နှေးကွေးစွာ ဆောင်ရွက်နေတဲ့အတွက် အခက်တွေ့နေတယ်လို့လည်း ပြောပါတယ်။

ဒါပေမယ့် ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ မိမိအနေနဲ့ အကောင်းမြင်ပါတယ်လို့လည်း သူကပြောပါတယ်။ AK Abdul Momen အေ ကေ အဘ်ဒူလ် မိုမင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စား လှယ်အဖြစ် နှစ်များစွာ တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ရိုဟင်ဂျာပြဿနာဖြေရှင်းရေးအတွက် ထိုင်းနဲ့ အိန္ဒိယနိုင် ငံတွေကလည်း ပါဝင်ကူညီမယ်လို့ မျှော်လင့်ပါတယ်။ ဒီပြဿနာ ကြာမြင့်တာနဲ့အမျှ ဒေသအတွင်း မတည် မငြိမ်မှုတွေ ဖြစ်လာနိုင်ပါတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးသစ် အဘ်ဒူလ် မိုမင်းက ပြောပါတယ်။


Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */