Saturday, February 9, 2019

ရိုဟင်ဂျာများအတွက်လုံခြုံသည့်နယ်မြေတစ်ခုတည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံ နိုင်ငံ စောင့် ကြည့်ရန်လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန် ကြီးပြော

Rohingya Today 
ရက်စွဲ့၊ ၀၉-၀၂-၂၀၁၉
 အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇) ရက်နေ့က တွေ့ဆုံစဉ်
(ဓါတ်ပုံ - PIB, India)
 
 မြန်မာနိုင်ငံမှ အတင်းအဓမ္မ ဖယ်ရှားခံရသည့် ရခိုင်ပြည်နယ်မှ မြန်မာနိုင်ငံသားများအတွက် ဘေးကင်း လုံ ခြုံ သည့်နယ်မြေတစ်ခုကို ဘင်္ဂလားဒေ့ရှ်က လိုလားပြီး၊ ၎င်းတို့ လုံခြုံစိတ်ချစွာ နေရပ်ပြန်ရေးနှင့် ယင်းနယ် မြေ ကို အိန္ဒိယ၊ တရုတ်နှင့် အခြားသော အာဆီယံနိုင်ငံများက စောင့်ကြည့်ရမည်ဟု ဆိုသည်။
“မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအတွက် ဘေးကင်းလုံခြုံတဲ့နယ်မြေတစ်ခု ကျွန်တော်တို့ လို တယ်။ အဲဒီနယ်မြေကို အိန္ဒိယ၊ တရုတ်နဲ့ အခြားသော အာဆီယံနိုင်ငံတွေက စောင့်ကြည့်ရမယ်။ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက မြန်မာနိုင်ငံနဲ့ ရင်းရင်းနှီးနှီးရှိတဲ့အတွက် အခုအဆိုပြုတာကို လက်ခံနိုင်မှာပါ” ဟု ဘင်္ဂ လားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ်ဒူလ်မိုမန် က ဖေဖော်ဝါရီလ (၈) ရက်နေ့ ညနေပိုင်း တွင် ပြောကြားခဲ့ကြောင်း The Daily Star ၏ သတင်းတွင် ရေးသားထားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက အိန္ဒိယ ပြည်ပရေးရာဝန်ကြီး စူချ်မားစဝါရာချ် ကို ဖေဖော်ဝါရီလ (၈) ရက်နေ့က တွေ့ဆုံစဉ်ယခုအဆိုကို ပြောပြခဲ့ပြီး၊ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွးရန် တိုက်တွန်းခဲ့သည်။

“အိန္ဒိယဝန်ကြီးချုပ် နာရန်ဒါရာမိုဒီ ကို ကျွန်တော့်ရဲ့ အကြံဉာဏ် -- မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ တွေ အတွက် ဘေးကင်းလုံခြုံတဲ့နယ်မြေတစ်ခု သေချာအောင်ဖို့ အကြောင်း -- ကို မျှဝေတော့ သူက ဒီအကြံဉာဏ်က အသစ်တီထွင်ထားတဲ့ အကြံဉာဏ်တစ်ခုဖြစ်တယ်လို့ ဆိုတယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင် ငံခြားရေးဝန်ကြီးက ပြော သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးသည် ယနေ့နေ့လည်ပိုင်းတွင် နယူးဒေလီမြို့ မှ ဒါကာမြို့သို့ ပြန်လည် ထွက်ခွာလာခဲ့ပြီး၊ သုံးရက်ကြာ တရားဝင်ခရီးသွားရောက်ခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ရိုဟင်ဂျာများ ၎င်းတို့၏ အမိမြေသို့ လုံခြုံစိတ်ချစွာ ပြန်နိုင်ရေးအတွက် ဖြစ်သည်ဟု The Daily Star သတင်းတွင် ရေး သားထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လူဦးရေထူထပ်သည့်နိုင်ငံ ဖြစ်ပြီး ရိုဟင်ဂျာတစ်သန်းကျော် ဝန်ထုပ်ဝန်ပိုးကြောင့် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည်။ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် ကမ္ဘာကြီးက တွေ့ရှိလာ မည့် အကြီးမားဆုံး သတ်ဖြတ်မှုကို မမြင်တွေ့ရတော့အောင် ကယ်တင်ခဲ့ကြောင်း၊ အကယ်၍ ညှဉ်းပန်း နှိပ် စက်မှုများမှ ထွက်ပြေးလာသည့် ရိုဟင်ဂျာများကို နေရာမပေးခဲ့ပါက ဒုတိယကမ္ဘာစစ်အပြီး အကြီးမားဆုံး လူမျိုးတုံးသတ်ဖြတ်မှုကို ကြုံတွေ့ရနိုင်သည်ဟု ဝန်ကြီး မိုမန်ကဆိုသည်။

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ ၂၄၀ဝ၀ ကျော်သတ်ဖြတ်ခံရပြီး၊ အမျိုးသမီး ၁၈၀ဝ၀ ကျော် မုဒိမ်းကျင့်ခံ ရ ကြောင်း၊ တစ်သိန်းနှစ်သောင်းကျော် အိမ်များ ဖျက်ဆီးခံရကြောင်း၊ ၁၁၅၀ဝ၀ ကျော် အိမ်များ မီးရှို့ခံရကြောင်း၊ အကယ်၍၎င်းတို့ကို နေရာထိုင်ခင်း မပေးပါက ဒီထက်မက ကပ်ဆိုက်မှုကို တွေ့ရနိုင်သည်ဟု ၎င်းက ပြောပါသည်။  

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */