Tuesday, February 19, 2019

မြန်မာနယ်စပ် မှာ အိန္ဒိယလုံခြုံရေးတိုးမြှင့်

VOA
ဗွီအိုအေ (မြန်မာဌာန)
မြန်မာ-အိန္ဒိယ နယ်စပ်

မြန်မာစစ်တပ်နဲ့ ရခိုင်တပ်ဖွဲ့တွေ အကြားတိုက်ခိုက်မှုတွေဖြစ်ပွားနေတာကြောင့် အိန္ဒိယ နဲ့မြန်မာနိုင်ငံ နယ်စပ်ကို အိန္ဒိယ တပ်ဖွဲ့ ၂ခု ထပ်ပြီးစေလွှတ်ထားကြောင်း ဖေဖေါ်ဝါရီလ ၁၇ရက်နေ့ ထုတ် Assam Tribune သတင်းစာမှာဖော် ပြထားပါ တယ်။ မီဇိုရမ်ပြည်နယ်တောင်ပိုင်း Lawngtlai ခရိုင်ကိုစေလွှတ် ထားတာပါ။
အဲဒီဒေသမှာ အခုလဆန်းပိုင်းတုန်းက မြန်မာ နဲ့ ရခိုင်တပ်တွေအကြားတိုက်ခိုက် မှုတွေဖြစ်ပွားခဲ့ တယ်ဆို တဲ့သတင်းတွေထွက်ခဲ့ပြီးနောက်ပိုင်း အခုလို အိန္ဒိယ အစိုးရတပ် တွေစေလွှတ်လာတာပါ။ အိန္ဒိယတပ် ဖွဲ့တွေရဲ့တာဝန်ကတော့ စစ်သွေးကြွတွေ နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံထဲ ဝင်ရောက် လာမယ့် အရေး ကို ကာကွယ်ဖို့နဲ့ စစ် ပြေးဒုက္ခသည်တွေအရေးဖြေရှင်းညှိနှိုင်းမှုတွေလုပ်ဆောင်ဖို့ပါ။

အိန္ဒိယ တပ်ဖွဲ့တွေနယ်စပ်ကို ရောက်တာတဲ့ကိစ္စနဲ့ပတ်သက်ပြီး အင်တာနက်လူမှုကွန်ယက်တွေထဲမှာ ပြန့်နှံ့နေတာကြောင့် လူတော်တော်များများက အထိတ်တလန့်ဖြစ်နေခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဒေသခံ အာဏာပိုင်တွေပြောတာကတော့ ပြီးခဲ့တဲ့နှစ်ကတည်းက အိန္ဒိယနိုင်ငံထဲ နယ်စပ်ဖြတ်ကျော်ပြီးရောက် လာ တဲ့ ဒုက္ခသည်တွေမရှိကြောင်းနဲ့ အထိပ်တလန့် မဖြစ်ကြဖို့ ပြောနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်ကုန်ပိုင်း နိုဝင်ဘာလတုန်းကတော့ ရခိုင်တပ်ဖွဲ့တွေကို မြန်မာတပ်က နှိမ်နင်းမှုတွေလုပ် ခဲ့ လို့ ရခိုင်ပြည်နယ်ထဲက လူတထောင့်၇ရာကျော်လောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲမှာ ဒုက္ခ သည် အဖြစ်ခိုလှုံခဲ့ကြပါသေးတယ်။ ပြီးခဲ့တဲ့ စနေနေ့တုန်းကတကြိမ် ဒုက္ခသည်တွေတသုတ်ထပ်ပြီးရောက် လာ ခဲ့သေး တယ်လို့ အိန္ဒိယအရာရှိတွေကဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်စက်တင်ဘာလတုန်းက မီဇိုရမ်ပြည်နယ်ထဲ ကိုရောက်လာခဲ့ကြတဲ့ ဒုက္ခသည်တွေထဲက လူ၂၀၀ လောက်လည်း ရှိနေသေးတယ်လို့ဆိုပါတယ်။

 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */