Wednesday, January 16, 2019

အိန္ဒိယမှ ဘင်္ဂလားဒေ့ရှ်သို့ ပြောင်းရွှေ့ခိုလှုံသည့် ရိုဟင်ဂျာဒုက္ခသည် ၁၃၀ဝ ထိရှိနေ

                                   အိန္ဒိယနိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များ၎င်းတို့၏ တဲများရှေ့ ထိုင်နေစဉ် (ဓါတ်ပုံ - Reuters)
 
ယခုနှစ်စပိုင်းမှစ၍ အိန္ဒိယနိုင်ငံမှ ဘင်္ဂလားဒ့ရှ်နိုင်ငံသို့ ပြောင်းရွှေ့ ခိုလှုံလာသည့် ရိုဟင်ဂျာဒုက္ခသည်အရေအတွက် ၁၃၀ဝ ရှိနေပြီဟု ဘင်္ဂလားဒ့ရှ်နိုင်ငံရှိ အန်ဂျီအိုအဖွဲ့အစည်းများ၏ တာဝန်ရှိသူတစ်ဦးက ယနေ့ ဇန်န ဝါရီလ (၁၆) ရက်နေ့တွင် တည်ပြုပြောကြားလိုက်သည်။ အိန္ဒိယနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များကို မြန်မာ နိုင်ငံသို့ လွှဲပြောင်းပေးနေသည်ကို ကြောက်ရွံ့၍ ဘင်္ဂလားဒ့ရှ်နိုင်ငံသို့ ပြောင်းရွှေ့ ခိုလှုံနေကြခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များကို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးနေခြင်းနှင့် ပတ်သက်၍ လူ့အခွင့် အရေးအဖွဲ့အစည်းများက နိုင်ငံတကာ ဥပဒေကို မထီမဲ့မြင်ပြုနေသည်ဟု ဝေဖန်ပြောဆိုနေကြသည်။ ဗုဒ္ဓဘာသာဝင် လူများစုဖြစ်သည့် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအတွက် အလွန်ပင် အန္တရာယ်ရှိသည်ဟု ထောက်ပြ ပြောဆိုနေကြသည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ ကွန်ဗန်ရှင်းကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံမဟုတ်သည့် အိန္ဒိယ နိုင်ငံသည် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ရိုဟင်ဂျာဒုက္ခသည် ၂၃၀ ဦးကို ဖမ်းဆီးခဲ့သည်။ ဟိန္ဒူအမျိုးသားရေး ဝါဒီနှင့် အစွန်း ရောက်များကို မွတ်စလင်များဖြစ်ကြသည့် ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် ပြန်ပို့ရန် တောင်းဆိုနေကြသည်။

အိန္ဒိယနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များကို ၇ ဦးတစ်ကြိမ်၊ ၅ ဦးတစ်ကြိမ် ပြန်ပို့မှုကြောင့် ဒုက္ခသည်များအကြား အကြောက်တရား တိုးပွားလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြောင်းရွှေ့ ခိုလှုံရန် ဖိအားဖြစ်လာသည်။

ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အခြားသော နိုင်ငံခြား လူသားချင်းစာနာမှု အထောက်အကူပြုရေး အဖွဲ့ အ စည်းများ စုပေါင်းဖွဲ့စည်းထားသည့် Inter Sector Cooridnation Group ၏ ပြောခွင့်ရပုဂ္ဂိုလ် မစ္စနယနာဘိုစ် က ဇန်နဝါရီလ (၃) ရက်နေ့မှစ၍ ယနေ့ထိ မိသားစု ၃၀ဝ ခန့်၊ လူဦးရေ အားဖြင့် ၁၃၀ဝ အိန္ဒိယနိုင်ငံမှ ဘင်္ဂ လားဒေရှ်နိုင်ငံသို့ ရောက်ရှိလာပြီး၊၎င်းတို့အား ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ၏ ယာယီစခန်းတွင် နေ ရာချထားသည်ဟု AFP သတင်းကို ပြောသည်။

ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ (UNHCR) ၏ ပြောခွင့်ပုဂ္ဂိုလ် မစ္စတာဖီရာစ်အလ်ကသီဗ် က အခြေအ နေများနှင့် ပတ်သက်၍ ၎င်းတို့က အကုန်သိရှိနေသည်ဟု ဆိုသည်။

အိန္ဒိယနယ်စပ်မှ ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်လာသည့် ရိုဟင်ဂျာဒုက္ခသည်များကို နယ် စပ် ရှိ ရဲများက ဖမ်းဆီးထိန်းသိမ်းပြီး ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါး ခိုလှုံနေသည့် ကော့ဇ်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများသို့ ပို့ဆောင်ခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည် ၄ သောင်းနီးပါး ခိုလှုံလျက်ရှိပြီး၊ ၁၈၀ဝ၀ ကို ကုလသမဂ္ဂက ဒုက္ခသည် များအဖြစ် တရားဝင် အသိအမှတ်ပြုထားသည်။၎င်းတို့သည် အိန္ဒိယနိုင်ငံတွင် ခိုလှုံနေသည်မှာ နှစ်ပေါင်း များစွာ ကြာမြင့်နေပြီ ဖြစ်သည်။

၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ် တပ် ကာ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်၊ မီးရှို့၊ မုဒိမ်းကျင့်မှုကြောင့် ရိုဟင်ဂျာ ၇၂၀ဝဝဝ ကျော် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေရသည်။ နှစ်ပေါင်း ၄၀ ကြာ ညှဉ်းပန်းနှိပ်စက် လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ယခင်က ခိုလှုံနေသူ ၃ သိန်းကျော်အပါအဝင် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် တစ်သန်းကျော်ခိုလှုံ လျက်ရှိသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */