Rohingya Today
ရက်စွဲ့။ Jan 20, 2019
ရက်စွဲ့။ Jan 20, 2019
အိန္ဒိယ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဘင်္ဂလားဒ့ရှ်သို့ ဝင်ခွင့်ရရန် စောင့်နေကြသည့် ရိုဟင်ဂျာများ (ဓါတ်ပုံ - Dhaka Tribune)
လွန်ခဲ့သည့် သောကြာနေ့ (ဇန်နဝါရီလ ၁၈) ရက်နေ့မှစ၍ အိန္ဒိယ - ဘင်္ဂလားဒေ့ရှ် နယ်စပ် ဘရာဟမ် ဘရီးယားခရိုင် ခယ်စ်ဘာမြို့ရှိ No Man's Land သို့ ကလေး၊ အမျိုးသမီးများ ပါဝင်သည့် ရိုဟင်ဂျာ ၃၁ ဦး ရောက်ရှိလာပြီး၊ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ခွင့်ရရန် အမိုးအကာမရှိသည့် လယ်ကွင်းပြင် စောင့် ဆိုင်းနေကြသည်။
၎င်းတို့အား အိန္ဒိယ နယ်ခြားစောင့်တပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ တွန်းပို့နေခြင်း ဖြစ် သည်ဟု ဘင်္ဂလား ဒေ့ရှ်မှ သတင်းမီဒီယာများက ရေးသား ဖော်ပြထားသည်။
လွန်ခဲ့သည့် တစ်လခွဲအတွင်း အိန္ဒိယနိုင်ငံမှ ရိုဟင် ဂျာဒုက္ခသည် ၁၃၀ဝ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိ လာခဲ့ပြီး၊ ၎င်းတို့အား ကုလသမဂ္ဂ ဒုက္ခသည်များ အေ ဂျင်စီက ကော့ဇ်ဘဇားခရိုင်ရှိ ယာယီစခန်းများတွင် နေရာချ ပေးထားသည်။
အိန္ဒိယနိုင်ငံမှ လွန်ခဲ့သည့် နှစ် အောက်တိုဘာလတွင် ရိုဟင်ဂျာ (၇) ဦး၊ ယခုလတွင် ရိုဟင်ဂျာ (၅) ဦး တို့ကို မြန်မာအာဏာပိုင်များ လက်ထဲသို့ လွှဲပြောင်းပေးခဲ့မှုကြောင့် အိန္ဒိယနိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခ သည်များ ကြောက်ရွံ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံရှိ ဟိန္ဒူအမျိုးသား ရေးဝါဒီများက မွတ်စလင်များဖြစ်သည့် ရိုဟင်ဂျာဒုက္ခသည်များကို အစုလိုက် အပြုံ လိုက် ပြန်ပို့ရန် တောင်းဆိုလျက်ရှိပြီး၊ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်များကလည်း ဖမ်းဆီး၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ တွန်းပို့ရန် ကြိုးစားနေကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အိန္ဒိယမှ ရိုဟင်ဂျာဒုက္ခသည်များ ရာနှင့်ချီ ဝင်ရောက်လာသောကြောင့် ဘင်္ဂလားဒေ့ရှ် နယ် ခြားစောင့်တပ်များက နယ်စပ်များတွင် သတိရှိရှိဖြင့် စောင့်ကြည့်နေကြသည်။အိန္ဒိယနှင့် ဘင်္ဂလား ဒေ့ရှ်နယ်စပ် ခယ်စ်ဘာမြို့ရှိ လယ်ကွင်းပြင်တွင် အမိုးအကာမရှိဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ခွင့်ရရန် စောင့်နေ သည့် ရိုဟင်ဂျာဒုက္ခသည်များကို ပတ်ဝန်းကျင်ရှိ ကျေးရွာများရှိ လုံခြုံရေးများနှင့် ရွာသားများက ဝင်မလာနိုင် ရန် စောင့်ကြည့်နေသည်ဟု သတင်းများက ဆိုသည်။ဒုက္ခသည် ၃၁ ဦးတွင် ကလေး ၁၇ ဦး၊ အမျိုးသမီး ၆ ဦး ပါဝင်သည်။၎င်းတို့အား ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ နယ်ခြားစောင့်တပ်များ အလံတင် အစည်းအဝေး ပြုလုပ်ပြီးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ခွင့်ပေးခြင်း၊ မပေးခြင်းကို ဆုံးဖြတ်မည်ဖြစ်သည်။ အလံတင် အစည်းအဝေးကို မည်သည့်နေ့ရက်တွင် ကျင်းပမည်ကို သတင်းများတွင် ရေးသားထားခြင်း မရှိပေ။
Link : Here

No comments:
Post a Comment