အိန္ဒိယနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များကို မြန် မာနိုင်ငံသို့ ပြန်ပို့နေခြင်းကြောင့် ပြန်ပို့ခံရမည်ကို ကြောက်ရွံ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ အစုလိုက်အပြုံ လိုက် ဝင်ရောက်ခိုလှုံလျက်ရှိရာ လွန်ခဲ့သည့် ကြာသပတေးနေ့ နှင့် သော ကြာနေ့များတွင် ဘင်္ဂလားဒ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်ရှိ ကုသုပါလောင် ဒုက္ခသည်စခန်းသို့ ၃၇ ဦး ထပ်မံရောက်ရှိလာခဲ့သည်။ရောက်ရှိ လာသူ များအား ကုသုပါလောင်ဒုက္ခသည်စခန်းတာဝန်ခံ မိုဟာမတ်ရေ ဇာရုလ်ကရီးမ် က ဂုသုမ်ရှိ ကုလသမဂ္ဂ ဒုက္ခ သည်များ အေဂျင်စီ၏ ယာယီစခန်းသို့ ပို့ဆောင်ခဲ့သည်။ ယင်း ယာယီစခန်းသို့ လွန်ခဲ့သည့် (၈) ရက်အတွင်း အိန္ဒိယနိုင်ငံမှ ရိုဟင်ဂျာ ၁၁၁ ဦး ရောက်ရှိခဲ့သည်ဟု ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ New Age BD သတင်းဌာနက ရေးသားဖော်ပြထားသည်။
အဆိုပါ ဒုက္ခသည်များသည် အိန္ဒိယနိုင်ငံမှ ဘရာဟ်မန်ပါရာ နယ်စပ်နှင့် ဘလိုနား နယ်စပ်တို့ကို ဖြတ်ကျော် ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။အိန္ဒိယနိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည် လေး သောင်းကျော် ခိုလှုံလျက်ရှိပြီး၊ ၁၈၀ဝ၀ ကို ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ (UNHCR) က တရားဝင် ဒုက္ခသည်များ အဖြစ် အသိအမှတ်ပြုထားသည်။လွန်ခဲ့သည့်နှစ် အောက်တိုဘာလတွင် ရိုဟင်ဂျာ (၇) ဦးနှင့် ယခုလတွင် ရိုဟင်ဂျာ (၅) ဦးတို့ကို အိန္ဒိယအာဏာပိုင်များက အိန္ဒိယ-မြန်မာနယ်စပ်တွင် လွှဲပြောင်းပေး မှုကြောင့် အိန္ဒိယနိုင်ငံတွင်းတွင် ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည်များ စိုးရိမ်မကင်းဖြစ်နေကြပြီး၊ လွန်ခဲ့ သည့်လနှင့် ယခုလအတွင်း ၆၀ဝ နီးပါး နယ်စပ်ဖြတ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာကြသည်။
Link : Here
Link : Here
No comments:
Post a Comment