Wednesday, January 23, 2019

ရိုဟင်ဂျာ ၃၁ ဦးကို အိန္ဒိယရဲ ဖမ်းဆီး

RFA 
လွတ်လပ်တဲ့အာရှအသံ
January 23, 2019  

                                                           နယ်စပ်မှာ ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာတွေကို အိန္ဒိယရဲ စစ်ဆေးမေးမြန်းနေစဉ်
 
အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားဇုံမှာ ရောက်ရှိနေတဲ ရိုဟင်ဂျာမွတ်စလင် ၃၁ ဦးကို အိန္ဒိယရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ရိုဟင်ဂျာတွေကို တရားမဝင်ခိုးဝင်လာသူတွေအဖြစ် ဖမ်းဆီးနေတဲ့အတွက် ထွက်ပြေးလာကြတဲ့ အဲဒီသူတွေကို လက်ခံဖို့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် အာဏာပိုင်တွေအကြား ၂ ကြိမ် တိုင်တိုင် ဆွေးနွေးခဲ့ပေမယ့် သဘောတူညီချက်မရပဲ ရှိနေစဉ်မှာ အိန္ဒိယရဲတပ်ဖွဲ့က သက်သေခံအထောက်အထားမဲ့ ခိုးဝင်လာမှုနဲ့ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
အဲဒီ ရိုဟင်ဂျာတွေဟာ အိန္ဒိယနိုင်ငံ ကက်ချ်မီးယား ပြည်နယ်က ထွက်ပြေးလာကြတာဖြစ်ပြီး သောကြာနေ့က တည်းက နယ်ခြားဇုံကို ရောက်ရှိနေတာပါ။ သူတို့အထဲက တချို့ဟာ UNHCR ကုလ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အသိအမှတ်ပြုလက်မှတ်တွေ ကိုင်ဆောင်ထားတယ်လို့ သိရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */