နိဒါန်း
နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အပါအ၀င် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေး၊ ထာဝရငြိမ်း ချမ်းရေး ဖော်ဆောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်တွင် နေထိုင် ကြသော ပြည်သူလူထုအတွက် ငြိမ်းချမ်းမျှတ၍ သာယာဝပြောသော အနာဂတ်ပေါ်ထွန်းလာနိုင်ရေး ဦး တည်လျက် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မ တီကို ဖွဲ့စည်းကာ လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါသည်။ ယခုအစီရင်ခံစာသည် ၂၀၁၈ခုနှစ် ဇန်န ၀ါရီလမှ ဧပြီလအထိ ကော်မတီ၏ အကောင်အထည်ဖော်ဆောင်ရွက်ချက်များကို ပြည်သူသို့ အစီရင်ခံခြင်း ဖြစ်ပါသည်။