Tuesday, June 12, 2018

( 12.06.2018 ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း ၍ လှည့်ကင်းများဆောင်ရွက်



မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းများဆောင်ရွက်

ဇွန် ၁၂၊ ၂၀၁၈

မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နှစ်နိုင်ငံနှစ်ဘက်ညှိနှိုင်း၍ မြေပြင် လှည့်ကင်း ဆောင်ရွက်လျက်ရှိကြသည်။




နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မေလ ၂၇ ရက်နေ့ နံနက် ၁၁နာရီ ၅၅ မိနစ် မှ မွန်းလွဲ ၁နာရီ အထိ နယ်ခြားမှတ်တိုင် ၄၁ မှ ၄၂ အထိလည်းကောင်း၊ ဇွန်လ ၁၀ ရက်နေ့ နံနက် ၈ နာရီခွဲမှ မွန်းလွဲ ၂နာရီ မိနစ် ၅၀ အထိ နယ်ခြားမှတ်တိုင် ၄၂ မှ ၄၃ အထိလည်းကောင်း၊ နံနက် ၉ နာရီ မှ ၁၁ နာရီ မိနစ် ၅၀ အထိ နယ်ခြားမှတ်တိုင် ၃၁ မှ ၃၄ အထိလည်းကောင်း၊ ဇွန်လ ၁၁ ရက် နံနက် ၁၁ နာရီ ၁၅မိနစ် မှ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ် အထိ နယ်ခြားမှတ်တိုင် ၄၃ မှ ၄၄ အထိ လည်းကောင်း မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြသည်။

ကုန်းမြေနယ်နိမိတ်တွင် နှစ်ဖက်ညှိနှိုင်းချက်အရ Coordinated Patrol ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ တွင် ၁၄ ကြိမ်၊ မတ်လတွင် ၇ ကြိမ် ၊မေလတွင် ၁၆ ကြိမ်၊ ဇွန်လတွင် ၃ကြိမ် စုစုပေါင်း ( ၄၀ )ကြိမ် နှင့် ရေကြောင်း ကင်းလှည့်ခြင်းကိုလည်း နတ်မြစ်ကြောင်းအတိုင်း စုစုပေါင်း (၄ )ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။





No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */