" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, May 10, 2018

( 10.05.2018 ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက် ညှိနှိုင်း၍ လှည့်ကင်း များဆောင်ရွက် ( အင်္ဂလိပ် - မြန်မာ )



မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းများဆောင်ရွက်

မေ ၁၀၊ ၂၀၁၈

မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ကင်းစခန်းမှ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၅ ဦးတို့သည် မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နှစ်နိုင်ငံနှစ်ဘက် ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်လျက်ရှိကြသည်။



နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မေလ ၃ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၅၀ မှ နံနက် ၁၁ နာရီ မိနစ် ၅၀ ထိ နယ်ခြားမှတ်တိုင် ၃၁ မှ ၃၂ အထိလည်းကောင်း၊ မေလ ၆ ရက်နေ့ နံနက် ၁၀နာရီ ၁၀ မိနစ် မှ နံနက် ၁၁ နာရီ မိနစ် ၄၀ အထိ နယ်ခြားမှတ်တိုင် ၃၂ မှ ၃၄ အထိလည်းကောင်း၊ နံနက် ၁၀နာရီ မိနစ်၅၀ မှ မွန်းလွဲ ၁ နာရီ ၁၀ မိနစ် အထိ နယ်ခြားမှတ်တိုင် ၄၂ မှ ၄၃ အထိလည်းကောင်း ၊ မေလ ၈ ရက်နေ့ နံနက် ၉ နာရီ ခွဲမှ နံနက် ၁၁ နာရီ ၄၅ မိနစ် အထိ နယ်ခြားမှတ်တိုင် ၃၄ မှ ၃၅ အထိလည်းကောင်း၊ မေလ ၉ ရက်နေ့ နံနက် ၈ နာရီ မှ နံနက် ၁၁ နာရီ မိနစ် ၅၀ အထိ နယ်ခြားမှတ်တိုင် ၄၃ မှ ၄၄အထိလည်းကောင်း မြေပြင်လှည့် ကင်းဆောင်ရွက်ခဲ့ကြသည်။

ကုန်းမြေနယ်နမိတ်တွင် နှစ်ဖက်ညှိနှိုင်းချက်အရ Coordinated Patrol ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ တွင် ၁၄ ကြိမ် ၊ မတ်လတွင် ၇ ကြိမ် ၊မေလတွင် ၅ ကြိမ် စုစုပေါင်း (၂၆ )ကြိမ် နှင့် ရေကြောင်းကင်းလှည့်ခြင်း ကိုလည်း နတ်မြစ်ကြောင်းအတိုင်း စုစုပေါင်း (၄ )ကြိမ် နှစ်နိုင်ငံညှိနှိုင်း၍ လှည့်ကင်းခြင်း Coordinated Patrol ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

----------------------------------------------------------------------------------------------------------------------------

Myanmar-Bangladesh conduct coordinated patrols

10 May , 2018

Following coordination between the two countries, the Myanmar Border Police and Bangladesh Border Police forces conducted coordinated patrols along the respective sides of the border.


The security forces conducted coordinated patrols from border posts 31 to 32 on 3 May, from border posts 32 to 34 and from border posts 42 to 43 on 6 May, from border posts 34 to 35 on 8 May and from border posts 43 to 44 on 9 May.

Coordinated patrols along the land border were conducted 14 times in February,7 times in March, 5 times in May and will be continued. The two forces have also planned coordinated patrols along the Naf River for four times.



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */