Tuesday, June 12, 2018

( 12.06.2018 ) ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များ ပြည်သူသို့ အစီရင်ခံစာ


ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလ အထိ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံစာ

နိဒါန်း


နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေး၊ ထာဝရငြိမ်း ချမ်းရေး ဖော်ဆောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်တွင် နေထိုင် ကြသော ပြည်သူလူထုအတွက် ငြိမ်းချမ်းမျှတ၍ သာယာဝပြောသော အနာဂတ်ပေါ်ထွန်းလာနိုင်ရေး ဦး တည်လျက် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မ တီကို ဖွဲ့စည်းကာ လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါသည်။ ယခုအစီရင်ခံစာသည် ၂၀၁၈ခုနှစ် ဇန်န ဝါရီလမှ ဧပြီလအထိ ကော်မတီ၏ အကောင် အထည်ဖော်ဆောင်ရွက်ချက်များကို ပြည်သူသို့ အစီရင်ခံခြင်း ဖြစ်ပါသည်။

စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု

ရခိုင်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော စီမံကိန်းများဆောင်ရွက်ရန် ပြည်သူလူ ထုထံမှ ရယူအသုံးပြုခဲ့ရသော မြေယာများအတွက် ထိုက်သင့်သော မြေယာလျော်ကြေး ငွေများကို ပေးချေ လျှက်ရှိရာ ရခိုင်ပြည် နယ်၊ ဂွမြို့နယ်၊ ကမ်းသာယာနယ်မြေရဲစခန်းပိုင်မြေ (၆.၀၆) ဧက အတွက် မြေလျော် ကြေး (၂.၇၀၆၈)သန်းနှင့် စစ်တွေမြို့နယ်၊ အမြင့်ကျွန်း ရဲစခန်း ပိုင်မြေ ၃.၁၁ ဧက အတွက် မြေလျော်ကြေး ငွေကျပ် (၇.၇၇၅) သန်းတို့ကို ခွင့်ပြုရရှိထားပြီးဖြစ်၍ သက်ဆိုင်ရာ တောင်သူများသို့ လျော်ကြေး ငွေပေး ချေနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။ စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာအုပ်စု၊ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးရုံးမြေနေရာအတွက် လျော်ကြေးငွေပေးချေရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တွင် ထည့်သွင်းရေးဆွဲထားပြီး ဖြစ်ပါသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူလူထု၏ ပါဝင်နိုင်မှုကို တိုးမြှင့်ပေးရန်နှင့် ရခိုင်ပြည်နယ်အတွင်း သဘာဝသယံဇာတအရင်းအမြစ်များ ထုတ်ယူသုံးစွဲမှု၊ ရင်းနှီးမြှပ်နှံ မှုပြုခြင်းမှ ရရှိလာမည့် အကျိုး အမြတ် များကို ဒေသခံပြည်သူလူထုကောင်းမွန်စွာ ရရှိခံစားနိုင်စေ ရေးအတွက် ကျောက်ဖြူ အထူးစီးပွားရေး ဇုန် ဆိုင်ရာ ကိစ္စရပ်များအတွက် ဘဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း၊ (Environmental Impact Assessment-EIA)၊ လူမှုရေးထိခိုက်မှု ဆန်းစစ်ခြင်း (Social Impact Assessment-SIA)၊ ဘူမိဗေဒနှင့် မြေ မျက်နှာသွင်ပြင် စစ်တမ်းကောက်ယူမှု (Geological and Topographical -G.T survey) လုပ်ငန်း များဆောင် ရွက် ရန် တရုတ် အပြည်ပြည်ဆိုင်ရာ ယုံကြည်မှုနှင့် ရင်းနှီးမြှပ်နှံမှုကော်ပိုရေးရှင်း(China International Trust and Investment Corporation-CITIC)နှင့် မြန်မာဘက်မှ Government Designnated Entity-GDEတို့ ပူးပေါင်းဆောင်ရွက် ပြင်ဆင်လျက်ရှိပါသည်။

အလုပ်သမားဈေးကွက်နှင့်သက်ဆိုင်သည့် လေ့လာဆန်းစစ်မှုများ (Labour Market Assessment - LMA) ပြုလုပ်သွားနိုင်ရေး ILOနှင့် ညှိနှိုင်းထားရှိပြီး ဆက်လက်စီမံဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ LMA ပြုလုပ်ရန် စီမံဆောင်ရွက်ဆဲကာလတွင် လုပ်သားအင်အားအတွင်း ပါဝင်နိုင်မှုနည်း နေသေး သည့် အမျိုးသမီးထု၏ လိုအပ်ချက်များနှင့် ပတ်သက်၍ အမျိုးသမီးများ အလုပ်အကိုင်ရရှိမှု အလားအလာ မြင့်မားစေရန်အတွက် အမျိုးသမီးဦးစားပေး သင်တန်းများ ဖြစ်သည့် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ် လုပ် မှုနည်းပညာသင် တန်း၊ အိမ်တွင်းမှုသင်တန်းများ၊ စက်ချုပ်သင်တန်းများ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပ ညာပေး သင်တန်းများနှင့် သမဝါယမမွမ်းမံ သင်တန်း စသည်တို့ကို စုစုပေါင်း (၄၂)ကြိမ် ဖွင့်လှစ်ပို့ချနိုင်ခဲ့ပြီး အမျိုးသ မီးစုစုပေါင်း (၅၆၈)ဦး တက်ရောက်ခဲ့ပါသည်။

ဒေသလူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အရေးပါသော လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် တံတား တည် ဆောက်ရေး လုပ်ငန်းများအနေဖြင့် စုစုပေါင်းတံတား (၁၃)စင်းကို ရာနှုန်းပြည့် ပြီးစီးအောင် ဆောင် ရွက်နို င်ခဲ့ပြီး ကျန်တံတား (၁၁)စင်းတို့ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြီးစီးနိုင်ရေး ဆက်လက် ဆောင် ရွက် လျက်ရှိပါသည်။ ပြည်ထောင်စု/ပြည်နယ် ငွေလုံးငွေရင်း ရံပုံငွေဖြင့် လမ်း(၃၄)လမ်းပေါ်တွင် အပိုင်း အလိုက် မြေလမ်း / ကျောက်လမ်း / ကတ္တရာလမ်း/ ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင် ပြုပြင်ခြင်း၊ တံတား များဆောက်လုပ်ခြင်းနှင့် မေယုတောင်ကျော်လမ်း (၂)လမ်း အသစ်ဖောက်လုပ်ခြင်းများကို ဆောင် ရွက်ခဲ့ ပါသည်။ အဓိက ကျသည့် မေယုတောင်ကျော်လမ်း(၂)လမ်းဖြစ်သည့် ကျောက်ပန္တု-အင်းဒင်-စေတီပြင် တောင်ကျော်လမ်း (၉/ဝ)မိုင်၊ ကြိမ်ချောင်း-ဂုပ္ပိ တောင်ကျော်လမ်း (၉/၇)မိုင် ဖေါက်လုပ်ခြင်း လုပ်ငန်း (၉၈%) ပြီးစီးပြီဖြစ်ပြီး ဘူးသီးတောင်-သပိတ်တောင်-ညောင်ချောင်း-အောင်ဇေယျ-အငူမော်လမ်း (၄၆မိုင် ၅ဖာလုံ) လမ်းကိုလည်း ဖေါက်လုပ်လျှက်ရှိရာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ပါသည်။

ရေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် ရေယာဉ်လိုင်း(၂၂) လိုင်း မှ(၂၅)လိုင်းကြား ပုံမှန် ပြေးဆွဲနေပြီး မြစ်တွင်း သွား ကုန်တင်ရေယာဉ်(၅၀)ကျော်၊ မြင်းကောင်ရေ(၂၀)အထက် ကုန်တင် ရေယာဉ်(၇၀၀)ကျော်၊ မြင်း ကောင် ရေ(၂၀)အောက် ကုန်တင်ရေယာဉ်(၆၀၀)ကျော်တို့ဖြင့် ခရီးသွားလာရေး၊ ကုန်စည် ပို့ဆောင်ရေး များ ဆောင်ရွက်ပေးလျက်ရှိပါသည်။

လမ်းပမ်းဆက်သွယ်ရေးကဲ့သို့ပင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခန်းကဏ္ဍ တစ် ခုဖြစ်သည့် လျှပ်စစ်စွမ်းအင်ဆိုင်ရာ ဆောင်ရွက်မှုများအနေဖြင့် ရခိုင်ပြည်နယ် မောင်တောဒေသ 66 KV ဓါတ်အားလိုင်းမှ(၂၄)နာရီ ဓါတ်အားဖြန့်ဖြူးနိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိရာ ပုဏ္ဏားကျွန်းမှ ရသေ့ တောင်သို့ 66 KV ဓါတ်အား လိုင်းသွယ်တန်းခြင်းမှာ (၁၀၀%) ပြီးစီးပြီဖြစ်သောကြောင့် (၃၁-၃-၂၀၁၈) ရက်နေ့ ရသေ့တောင်ဓါတ်အားခွဲရုံဖွင့်လှစ်ပြီး (၂၄)နာရီ လျှပ်စစ်မီးစတင်ရရှိရေး ဆောင်ရွက်လျက် ရှိပါ သည်။ အလားတူ ဘူးသီးတောင်မြို့၊ ဓါတ်အားခွဲရုံ 66KV၊ 2× 5MVA တည်ဆောက်ခြင်းလုပ်ငန်းမှာ (၃၈%)နှင့် မောင်တောမြို့ ဓါတ်အားခွဲရုံ၏ 66 KV၊ 5MVA တည်ဆောက်ခြင်းလုပ်ငန်းမှာ (၁၂.၆၁%) ပြီး စီးနေပြီဖြစ်ရာ၊ ဘူးသီးတောင်မြို့ အတွက် ၂၀၁၈ခုနှစ်၊ ဇွန်လအကုန်တွင်လည်းကောင်း၊ မောင်တောမြို့ အတွက် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလအကုန်တွင်လည်းကောင်း မဟာဓါတ်အားလိုင်းမှ (၂၄) နာရီဓါတ်အား ရရှိနိုင်ရေး အတွက် တည်ဆောက်ရေးလုပ်ငန်းများကို အချိန်မီ ပြီးစီးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများတွင် နိုင်ငံတော်ဓာတ်အားစနစ် မရှိသေးမီကာလအတွင်း ဆိုလာစ နစ်ဖြင့်မီးလင်းရေး ဆောင်ရွက်ပေးလျက်ရှိရာ ဆိုလာမီး (၈၀၉၂) စုံတပ်ဆင်နိုင်ရေး တင်ဒါရွေးချယ် စာချုပ် ချုပ်ဆို ပြီးစီးပြီဖြစ်ပါသည်။

ရခိုင်ပြည်နယ်အတွင်း ကျေးလက်ဒေသများ သောက်သုံးရေနှင့် စိုက်ပျိုးရေ ဖူလုံနိုင်ရေး အတွက် ကျေးရွာရေ ရှိရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျှက်ရှိရာ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မူလဘတ်ဂျက်နှင့် ပြည်ထောင်စု (မွမ်းမံ) ရံပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ရေရရှိရေးလုပ်ငန်း (၁၈၄)ခု၊ UNICEF ၏ ပူးပေါင်း မှုဖြင့် ဆောင်ရွက်ခဲ့သည့် ရေရရှိရေး လုပ်ငန်း (၁၃)ခု၊ နိုင်ငံတော်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်ခဲ့သည့် ရေရ ရှိရေးလုပ်ငန်း (၄၈)ခု၊ စုစုပေါင်း (၂၄၅)ခုတို့ကို (၁၀၀%) ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ တောင်သူ လယ်သမား (၃၄၉) ဦးသို့ စက်စီးရေ (၃၄၉) စီး အတွက် ချေးငွေပမာဏကျပ်သန်း (၁၂၈၅၃.၄၁) ထုတ်ချေးခဲ့ပါသည်။ စက်မှု လယ် ယာဦးစီးဌာနအနေဖြင့်လည်း လက်တွန်းထွန်စက် (၁၅၆)စီးကို ရောင်းချပေးနိုင်ခဲ့ပါသည်။

စိုက်ပျိုးရေးချေးငွေ အခွင့်အလမ်းကို ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်းအားလုံး ရရှိစေရေးအ တွက် လည်း တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ အတွင်း မြို့နယ်(၂)မြို့နယ်၊ သမဝါ ယမအသင်း(၄)သင်း၊ အသင်းသား (၆၇)ဦး၊ လယ်မြေ ဧက(၈၂၁) ဧကအတွက် ချေးငွေ ကျပ် (၂၄၆.၃၀) သန်း ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ လမှ ဧပြီလအထိ မိုးကြိုကာလ စိုက်ပျိုးရေးချေးငွေ ကျပ် (၂၅.၀၀) သန်းကို ထုတ်ချေးပြီး ဖြစ်ပါသည်။

ခေတ်မီစိုက်မျိုးရေး နည်းစနစ်များ အသုံးပြုနိုင်စေရန် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များ တွင် တောင် သူ လယ်သမားများသို့ နည်းပညာဆိုင်ရာသင်တန်း(၃၄)ကြိမ် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းသား၊ သင် တန်း သူ စုစုပေါင်း (၁၃၃၁)ဦးအား သင်ကြားပို့ချ ပေးနိုင်ခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း ဒေသခံပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် တယ်လီဖုန်း၊ အင်တာနက်၊ ဆက်သွယ်ရေး ဝန်ဆောင်မှု တိုးတက်ရရှိစေရန် မိုဘိုင်း ရေဒီယိုစခန်းများ ၇၇ခု၊ စာတိုက် လုပ်ငန်းအသစ်ဝန်ဆောင်မှု ၂၈ခု တိုးချဲ့ဆောင်ရွက်ပေးခဲ့ပါသည်။ ဖိုင်ဘာဆက်ကြောင်း ချခင်းမှုတွင် စစ်တွေ-အငူမော်-မောင်တော-ဘူးသီးတောင် ဆက်ကြောင်း နှင့် မောင်တော-တောင်ပြိုလက်ဝဲ ဆက် ကြောင်း တို့တွင် ၈၄ကီလိုမီတာ 84km ဆောင်ရွက်ပြီး ဖြစ်ပါသည်။

မြောက်ဦးလေယာဉ်ကွင်းသစ် တည်ဆောက်ခြင်းလုပ်ငန်းကို ပထမအဆင့်အနေဖြင့် Expression of Interest (EOI) ဖိတ်ခေါ်ခြင်းအား နိုင်ငံပိုင် သတင်းစာမှ ကြော်ငြာခေါ်ယူရန်နှင့် Request for Proposal (RFP) ရေးဆွဲရေးအတွက် Consultant ငှားရမ်းခွင့်အတွက် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ထံမှ ခွင့်ပြုချက်ရရှိထားပြီး ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ EOI Document များကို Consultant ငှားရမ်း၍ ပြုစုရေးဆွဲ လျက်ရှိပြီး၊ (Public Private Partnership - PPP) စနစ်၏ လုပ်ငန်း စဉ်များအတိုင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့အပြင် ကူးသန်း သွားလာမှုတွင် အရေးပါသော စစ်တွေလေဆိပ် လေယာဉ်ပြေးလမ်း မြေပြိုမှုပြုပြင်ခြင်းနှင့် လေယာဉ်ပြေး လမ်း ကတ္တရာရေပိတ်လွှာခင်းခြင်း၊ ကျောက်ဖြူ လေယာဉ်ကွင်း လေယာဉ်ပြေးလမ်း (၂၈၈၀ x ၁၀၀)ပေ အကွက်လိုက် ဖာထေးခြင်း နှင့် (၁၃၀၀x ၅၀) ပေ အား Seal နှစ်ထပ်တင်ခြင်း စသည်တို့ကို လည်း ဆောင် ရွက်လျက်ရှိပါသည်။ မြန်မာအမျိုးသား လေကြောင်း အနေဖြင့် ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလ အတွင်း စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်းမြို့များသို့ ခရီးသည် (၄၅၁၉၇)ဦး ပို့ဆောင်ပေးခဲ့ရာ ပြည်တွင်း ခရီးသည်များ အားလုံး၏ (၉%)ရှိခဲ့ပါသည်။

ကုန်သွယ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေး လုပ်ငန်းဆိုင်ရာ လိုင်စင်များနှင့် ပတ်သက်ပြီး ပို့ကုန်လိုင်စင် လျှောက်ထားရာတွင် ယခင်ကစာရွက် အထောက်အထား (၉)မျိုး လိုအပ်ခဲ့ရာမှ ယခုအခါ စာ ရွက်အထောက်အထား (၃)မျိုးကိုသာ လည်းကောင်း၊ သွင်းကုန်လိုင်စင် လျှောက်ထားရာတွင် ယခင်က စာ ရွက် အထောက်အထား (၁၁)မျိုး လိုအပ်ခဲ့ရာမှ ယခုအခါ စာရွက် အထောက်အထား (၃)မျိုးကိုသာလည်း ကောင်း တင်ပြရန် ဖြေလျှော့ပေးခဲ့ပါသည်။


ကုမ္ပဏီမှတ်ပုံတင်ကြေးများကိုလည်း ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ၅၀၀,၀၀၀ ကျပ်မှ ၂၅၀,၀၀၀ ကျပ်သို့ လျှော့ချပေးခဲပါသည်။

ရာသီဥတုပြောင်းလဲမှုအခြေအနေနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်အသိပေးမှု ထိရောက်စွာ ဆောင် ရွက်နိုင်ရေးအတွက် အလိုအလျောက် မိုးလေဝသတိုင်းထွာရေး ကိရိယာများကို ကမ္ဘာ့ဘဏ်၏ အရေး ပေါ်တုံ့ပြန်မှုဆိုင်ရာနည်းလမ်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် မြို့နယ်(၁၀)မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီး ဌာန များနှင့် ဓညဝတီရေတပ်စခန်း ဌာနချုပ်တည်ရှိရာ စစ်တွေနှင့် ကျောက်ဖြူမြို့ စုစုပေါင်း (၁၂)မြို့နယ်တွင် တပ်ဆင်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် မြေငလျင် တိုင်းစက်(၄)လုံးကို ရခိုင်ပြည်နယ်ရှိ မြို့နယ် (၄)မြို့နယ်၌ တပ်ဆင်ခဲ့ပါသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုမြှင့်တင်ခြင်းနှင့် ရာသီဥတု ပြောင်းလဲခြင်း၏ ဆိုးကျိုးသက် ရောက်မှုများ ကို လျှော့ချခြင်း လုပ်ငန်းများအဖြစ် ရခိုင်ပြည်နယ် မြို့နယ် (၇)မြို့နယ် တွင် စိုက်ပျိုးထားသော သစ်ပင် သစ်တောများ ဓမ္မတာမျိုးဆက်ခြင်း ကောင်းမွန်စေရန်အတွက် အထောက်အကူ လုပ်ငန်းများကို (၅၂၅)ဧ ကဆောင်ရွက်ခြင်း၊ စီးပွားရေး (ပျဉ်းကတိုး) စိုက်ခင်း (၃၀၀)ဧက တည်ထောင်စိုက်ပျိုးခြင်း၊ သစ်တောလမ်း မိုင်(၂၀) ပြင်ဆင်ခြင်း၊ ကြိုးဝိုင်း နယ်နိမိတ်မိုင်(၉၀)ပြင်ဆင်ခြင်း၊ အကွက် နယ်နိမိတ် မိုင်(၈၀) ပြင်ဆင်ခြင်း ၊ မီးကာကွယ်ခြင်း ဧက (၁၁၉၀)၊ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တော တိုးချဲ့ ဖွဲ့စည်းခြင်း (၆၀၂.၅) စတု ရန်း မိုင်နှင့် သင်တန်းသား (၁၆၈)ဦးအတွက် သစ်တောသစ်ပင် ထိန်းသိမ်းမှုဆိုင်ရာ ကျွမ်းကျင်မှု သင်တန်း ပို့ချခြင်း(၃)ကြိမ်တို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။

စက်မှုဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရတို့ ပူးပေါင်း၍ စပါးများကို အခြောက်ခံတာရှည် သိုလှောင်ထိန်း သိမ်းထားနိုင်ရန်အတွက် တန်ချိန်(၅၀၀) ဝင်ဆံ့သည့် Silo(1)Set တည်ဆောက်မှု ကို ဆောင်ရွက်လျှက် ရှိရာ ၉၃% ပြီးစီးပြီ ဖြစ်ပါသည်။

မျိုးစေ့ထုတ်စိုက်ခင်း တည်ထောင်ခြင်း လုပ်ငန်းအနေဖြင့် မြို့နယ်အားလုံးတွင် နွေစပါး (၅၅)ဧက၊ မြေပဲ (ဆောင်း) (၂၀)ဧက၊ မတ်ပဲ(ဆောင်း) (၅၀)ဧကနှင့် မိုးစပါးမျိုးသန့်ဇုန်(၂၅၀၀) ဧက၊ မြေပဲဇုန် (၁၁၁၅) ဧက၊ မတ်ပဲဇုန် (၁၀၆၀) ဧက တည်ထောင်ပေးနိုင်ခဲ့ပါသည်။ မြို့နယ် အသီးသီးတွင် မိုးစပါးစံပြ ကွက်(၃၃၀) ဧက၊ မတ်ပဲစံပြကွက်(၉၅) ဧက၊ မြေပဲစံပြကွက် (၃၅၀)ဧက ၊ ရာဘာစံပြကွက်(၂၀)ဧက ၊ သီဟိုဠ် စံပြကွက်(၅၀) ဧက ၊ ကြံစံပြကွက်(၁၀)ဧက စသည်ဖြင့် အသီးသီးစိုက်ပျိုးနိုင်ခဲ့ပါသည်။

စိုက်ပျုးိရေးသုတေသနလုပ်ငန်းများအတွက်လည်း မတ်ပဲသုတေသန စမ်းသပ်ကွက် (၃)ကွက်၊ မြေပဲသုတေ သနစမ်းသပ်ကွက် (၂)ကွက်နှင့် နွေစပါးစိုက်နည်းစနစ်စမ်းသပ်ကွက် (၅)ကွက် တို့ကို ဆောင်ရွက်နိုင် ခဲ့ ပါသည်။

ဆည်မြောင်းစနစ် တိုးတက်လာစေရန် အကူရေပိုလွှဲတပ်ဆင်ခြင်း လုပ်ငန်း(၁)ခု၊ လျိုပိတ်ဆည် တည် ဆောက်ခြင်းလုပ်ငန်း(၂)ခု၊ ချောင်းပိတ်ဆည် တည်ဆောက်ခြင်းလုပ်ငန်း (၁)ခုတို့ကို ရာနှုန်းပြည့် ဆောင် ရွက်ပြီးဖြစ်ပါသည်။ ဆက်လက်၍ ကွန်ကရစ်ရေတံခါး တည်ဆောက်ခြင်း (၉)ခု၊ တာပုံစံကျ ပြုပြင် ဆောင် ရွက်ခြင်း(၉)ခု၊ လျိုပိတ်ဆည် တည်ဆောက်ခြင်း(၁၀)ခု၊ ရေငံတားတာ တည်ဆောက်ခြင်း(၂)ခု၊ ရေချိုတမံ တည်ဆောက် ခြင်း(၄)ခု၊ ရေလှောင်ကန် တည်ဆောက်ခြင်း(၁)၊ ချောင်းပိတ်ဆည် တည်ဆောက် ခြင်း(၅)ခု ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံသားဖြစ်မှု

ရခိုင်ပြည်နယ်အတွင်း (၁၉၈၂) ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၆၅ အရ နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဟုတ်/မဟုတ် ဗဟိုအဖွဲ့၏အဆုံးအဖြတ်ခံယူရန် လျှောက်ထားသူများအား ၁-၁-၂၀၁၈ မှ ၃၀-၄-၂၀၁၈ ရက်နေ့အထိ ကာလအတွင်း ဗဟိုအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် အသက် (၁၀) နှစ်ပြည့်သူ (၈၇) ဦးနှင့် အသက်(၁၈) နှစ်ပြည့်သူ (၂၅၂ ) ဦး၊ စုစုပေါင်း(၃၃၉)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးခဲ့ပါသည်။ ထိုနိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိသူများသည် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၁၂ နှင့် ပုဒ်မ ၅၃ တို့တွင် သတ်မှတ်ပြဋ္ဌာန်းထားသည့်အတိုင်း နိုင်ငံတော်၏ ဥပဒေပါ နိုင်ငံသား အခွင့်အရေးများကို ခံစားခွင့် ရှိပါသည်။

နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို တည်ဆဲဥပဒေစည်းမျဉ်းများနှင့်အညီ အရှိန်အဟုန် မြှင့်တင် ဆောင်ရွက် လျက်ရှိရာ ၁-၁-၂၀၁၈ မှ ၃၀-၄-၂၀၁၈ ရက်နေ့ထိ ကာလအတွင်း မောင်တောမြို့နယ်၊ ရွှေဇား ကျေးရွာ အုပ်စု၊ မြို့မ(၁)ရပ်ကွက်နှင့် မြို့မတောင်ရပ်ကွက်တို့တွင် (NV Card) ထုတ်ပေးခြင်းနှင့် Biometric Data စနစ်ဖြင့် မှတ်တမ်းတင်ခြင်း (၃၇၉) ဦး ၊ စစ်တွေမြို့နယ်၊ အောင်မင်္ဂလာ ရပ်ကွက်၊ သက္ကယ်ပြင်ကျေးရွာနှင့် သဲချောင်းကျေးရွာတို့တွင် NV Card ထုတ်ပေးခြင်းနှင့် Biometric Data စနစ်ဖြင့် မှတ်တမ်းတင်ခြင်း (၁၉၀၇) ဦးတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။ နိုင်ငံသားစိစစ်မှု၏ အခြေခံဖြစ်သော NV Card လုပ်ငန်းစဉ် အရှိန်မြှင့် တင်ခြင်းကို စစ်တွေမြို့ သက္ကယ်ပြင် IDP စခန်း၊ စစ်တွေမြို့ ခေါင်းဒုက္ကာ IDP စခန်း၊ ကျောက်တော်မြို့ နိဒင် IDP စခန်းတို့တွင် အဓိက ရှေ့ပြေးဧရိယာ(Pilot Area) အဖြစ် သတ်မှတ် ဆောင်ရွက်လျှက်ရှိပါသည်။ ယင်းအပြင် NV Card လာရောက်လျှောက်ထားသူများကိုလည်း နိုင်ငံသား စိစစ်မှုခံယူနိုင်ရေးအတွက် တစ် ပြိုင်တည်း လျှောက်ထားနိုင်ရန် ဆောင်ရွက်ထား ပါသည်။

နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်အနေဖြင့် စတင်လျှောက်ထားသည့်နေ့မှစ၍ ကိုင်ဆောင်သင့် သည့် လက် မှတ်/ကတ်ပြားတစ်မျိုးမျိုး ရရှိသည်အထိ ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို အချိန်(၅)လခန့် အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် အချိန်ကာလ သတ်မှတ်ထားပါသည်။

နိုင်ငံသားဖြစ်ခွင့်မရရှိသူများသည် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၇၀(က)အရ အစိုးရအဖွဲ့ထံသို့ အယူခံ တင်ပြပိုင်ခွင့်ရှိပြီး ပုဒ်မ ၇၀(ခ)အရ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို လိုက်နာရမည် ဖြစ်ပါသည်။ ယင်းပြ ဌာန်း ချက်များနှင့်အညီ ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ရောက်သူ(၃)ဦးတို့ကို ပြန်လည်စိစစ်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံသားအဖြစ် ပြန်လည်သတ်မှတ် ပေးခဲ့ပါသည်။

နိုင်ငံသားမဟုတ်သော်လည်း မြန်မာနိုင်ငံအတွင်း နေထိုင်သူမှန်ကန်ပါက နိုင်ငံအတွင်း နေထိုင်ရန် (NV) ကတ် များ ကိုင်ဆောင်စေ၍ နိုင်ငံတော်မှ ချမျတ်ထားသော စည်းမျဉ်း/စည်းကမ်း များနှင့်အညီ နေထိုင် ခွင့် ရှိပါသည်။ မြန်မာနိုင်ငံတွင် အမြဲတမ်းလာရောက်နေထိုင်သော မြန်မာနိုင်ငံသား မဟုတ်သူများ အား နိုင် ငံခြားသား အမြဲနေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေများ( Permanent Resident) ပြဌာန်း သတ်မှတ်လျက် ဆောင် ရွက်ပေးလျက် ရှိပါသည်။

နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် ပြန်လည်အသက်ဝင်ရန် ပြည်သူဘက်မှ ပူးပေါင်း ဆောင်ရွက်လိုမှုများ ဖြစ်ပေါ်လာစေရေးအတွက် အားပေးဆောင်ရွက်သည့်အနေဖြင့် (၁-၁-၂၀၁၈) ရက်နေ့မှ (၃၁-၃-၂၀၁၈) ရက်နေ့အတွင်း ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ကျောက်တော်၊ မောင်ေ တာမြိုနယ်များတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အစ္စလာမ် ဘာ သာဝင်များ နိုင်ငံတော်၏ နိုင်ငံသားစိစစ်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ကြရန် ရှင်းလင်းဖော်ပြစာများ ဖြန့်ဝေခဲ့ပါသည်။

စိစစ်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် တိုင်တန်းမှုများကို ဌာနအတွင်း စုံစမ်းစစ်ဆေး၍ မှန်ကန်ပါက အရေး ယူဆောင်ရွက်လျက်ရှိပါသည်။ ယင်းအပြင် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နှင့် အဂတိ လိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ကလည်း ယင်းတို့ လက်ခံရရှိသည့် တိုင်ကြားချက်များနှင့် စပ်လျဉ်း၍ စုံစမ်း စစ်ဆေးကာ မှန်ကန်ပါက ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

လွတ်လပ်စွာသွားလာခွင့်

ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများအားလုံးကို ဘာသာရေး၊ လူမျိုးရေးနှင့် နိုင်ငံသားဖြစ်တည်မှုတို့အပေါ် အခြေ ခံသည့် မည်သည့်ခွဲခြားမှုကိုမျှမပြုဘဲ နိုင်ငံတော်၏တည်ဆဲ ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ လူမှုစီး ပွား ဆိုင်ရာအခွင့် အရေးများအပါအဝင် လွတ်လပ်စွာ သွားလာခွင့်ရရှိရေးကို အချိန်ကာလနှင့် အရေးပါသော မှတ်တိုင်များ (milestones) ပါဝင်သည့် လမ်းပြမြေပုံရေးဆွဲ၍ တိုးတက် ဖေါ်ဆောင်ပေးလျှက်ရှိရာ NVC Card ကိုင်ဆောင်သူများသည် မောင်တောခရိုင်အတွင်း လွတ်လပ်စွာ သွားလာခွင့်ရှိပြီ ဖြစ်ပါသည်။

ယင်းလွတ်လပ်စွာ သွားလာခွင့်နှင့် စပ်လျဉ်းသည့် သတ်မှတ်ပြဌာန်းချက် များကို သက်ဆိုင်ရာတာဝန်ရှိဌာန၊ အဖွဲ့အစည်းများအကြား ညှိနှိုင်းဆွေးနွေးသုံးသပ်၍ ဖြေလျှော့သင့်သည် များကို ဖြေလျှော့ဆောင်ရွက်ခဲ့ရာ ပြည်နယ်ပြင်ပ သွားလာမှုမှာ (၁-၁-၂၀၁၈) ရက်နေ့မှ (၃၀-၄-၂၀၁၈ ) ရက်နေ့အတွင်း ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ ယာယီခရီးသွားလာခွင့်လက်မှတ် ပုံစံ(၄) ဖြင့် ခရီးသွား ခွင့်ပြုသူ ကျား(၃၁) ဦး၊ မ(၂၇) ဦး၊ စုစုပေါင်း (၅၈) ဦးရှိပါသည်။

ရခိုင်ပြည်နယ်အတွင်း လူမှုအဖွဲ့ အစည်းများအချင်းချင်း ကူးလူးဆက်ဆံသွားလာမှုများ တိုးမြင့်ဆောင်ရွက်ခြင်းဖြင့် ဒေသတည်ငြိမ် အေးချမ်းရေးကို အထောက်အကူဖြစ်စေရန် လွတ်လပ်စွာ သွားလာခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများနှင့်စပ်လျဉ်းသည့် အသိပေးဆွေးနွေးမှုများကို (၄-၃-၂၀၁၈) နေ့နှင့် (၅-၃-၂၀၁၈)နေ့များတွင် စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်နှင့် စစ်တွေမြို့ သက္ကယ်ပြင် IDP စခန်းတို့တွင်လည်းကောင်း၊ (၂၇-၃-၂၀၁၈)နေ့နှင့် (၂၈-၃-၂၀၁၈) နေ့များတွင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ရုံး အနေဖြင့်လည်း ဒေသနေသူများ လွတ်လပ်လုံခြုံစွာ ခရီးသွားလာနိုင်ရေးအတွက် လုံခြုံရေးစီမံချက် ရေးဆွဲ၍ ဆောင်ရွက်ပေးလျက် ရှိပါသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်းရှိ လူမျိုးစုငယ်များ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကို ကန့်သတ် ချုပ်ချယ် ထားသော ဥပဒေများ၊ ဒေသအလိုက်ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်များ ရှိ/မရှိ ဆန်းစစ်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို၊ ခမီ၊ ဒိုင်းနက် (ခေါ်) သက္ကမ၊ အရှိုချင်း၊ စုမ်းတူချင်း၊ လိုင်စေချင်း၊ လေးတူချင်း၊ မရမာကြီး၊ ကမန် အစရှိ သည့် ဒေသနေ တိုင်းရင်းသားလူမျိုးစုငယ် ကိုယ်စားလှယ်များ ပါဝင်သော့ အလုပ်ရုံဆွေးနွေးပွဲကို (၇-၄- ၂၀၁၈) ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့၊ ခိုင်သဇင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအ လုပ် ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ တက်ရောက်လာသူ တိုင်းရင်းသား လူမျိုးစုငယ် ကိုယ်စားလှယ်များ အနေဖြင့် များစွာကျေနပ်မှုရှိကြောင်းလည်း သိရှိရပါသည်။

IDP ကိစ္စရပ်များ

IDPစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များနှင့် အချိန်ဇယားတို့ ပါဝင် သော IDP စခန်းများ ပိတ်သိမ်းရေး အမျိုးသားအဆင့် မဟာဗျူဟာတစ်ရပ် ရေးဆွဲနိုင်ရေးအတွက် အလုပ်ရုံ ဆွေးနွေး ပွဲတစ်ခုကို ၂၀၁၈ခုနှစ်၊ ဇွန်လ(၂)ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်၍ နေပြည်တော် တွင် ကျင်းပပြုလုပ်သွားရန် စီစဉ်လျက် ရှိပါသည်။ ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများ အမြန်ဆုံးပိတ် သိမ်းပြီး တည်ငြိမ်အေးချမ်း သော လူမှုဝန်းကျင် ဖေါ်ဆောင်နိုင်ရေးအတွက် IDP စခန်းများကို စနစ်တကျ ပိတ်သိမ်းနိုင်ရေး လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ မြေပုံမြို့နယ် တောင်ပေါ် IDP စခန်း ပိတ်သိမ်းနိုင်ရန် စခန်းနေသူများအတွက် ပထမအဆင့်အနေဖြင့် တန်ဖိုးနည်းအိမ်ရာ (၅၀)လုံး ဆောက်လုပ်ပြီးဖြစ်၍ နေရာ ချထားမှုများ ဆောင်ရွက်ပြီးဖြစ်ပါသည်။ ဒုတိယအဆင့် အိမ်ရာ(၅၀)လုံးကိုလည်း ထပ်မံဆောက်လုပ် လျက် ရှိကာ အခြားလိုအပ်သော လမ်းတံတား လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးရန် စီမံထားရှိပြီး ဖြစ်ပါသည်။

ကျောက်တော်မြို့ နိဒင်IDP စခန်း ပိတ်သိမ်းနိုင်ရေးအတွက် (၄-၄-၂၀၁၈)နေ့နှင့် (၅-၄-၂၀၁၈)နေ့ များ တွင်လည်းကောင်း၊ စစ်တွေမြို့ သက္ကယ်ပြင် IDP စခန်း ပိတ်သိမ်းရေးအတွက်(၅-၃-၂၀၁၈)နေ့တွင် လည်းကောင်း၊ စစ်တွေမြို့ ခေါင်းဒုက္ကာ (၁)နှင့်(၂) IDPစခန်းများ ပိတ်သိမ်းနိုင် ရေးအတွက် (၆-၄-၂၀၁၈) နေ့တွင် လည်းကောင်း၊ စခန်းနေသူများနှင့် တွေ့ဆုံဆွေးနွေးပြီးဖြစ်၍ ပြန်လည်နေရာချထားရေးဆိုင်ရာ များ စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်မှု
 
နေ့စဉ်လူနေမှုဘ၀ ခိုင်မာစွာ ရပ်တည်နိုင်မှုမရှိသေးသူများကို လိုအပ်သော လူသားချင်း စာနာ ထောက် ထားမှု အကူအညီများ ဆက်လက် ပံ့ပိုးပေးလျှက်ရှိရာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် မောင် တောမြို့နယ်အတွင်း အိမ်ထောင်စု (၁၆၉၄)စုမှ လူဦးရေ (၁၀၃၂၇)ဦးတို့အတွက် ငွေကျပ် (၁၂၈.၄၂) သန်းတန်ဖိုးရှိ စားနပ် ရိ က္ခာများ ဖြစ်သော (ဆန်၊ဆီ၊ဆား၊ပဲ) တို့ကိုလည်းကောင်း၊ UEHRD လူငယ်အစီ အစဉ်ဖြင့် ဘူးသီးတောင်၊ မောင်တော မြို့နယ်များမှ အိမ်ထောင်စု (၄၅၂၀)စုမှ လူဦးရေ (၂၉၁၄၀) ဦးအ တွက် ငွေကျပ်(၂၇၇.၂၉၆)သန်း တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်၊ ငါးသေတ္တာ၊ နို့မှုန့်တို့ကို လည်း ကောင်း ဒေသခံများ လက်ဝယ်အရောက်ထောက် ပံ့ပေးခဲ့ပါသည်။

စစ်တွေမြို့ပေါ်ရှိ သဲချောင်း(ရခိုင်ရွာ)မှ အိမ်ထောင်စုဦးရေ(၁၅၆)စုနှင့် ခေါင်းဒုက္ကာ ကယ်ဆယ်ရေး စခန်းရှိ အမျိုးသမီး ဦးဆောင်သော အိမ်ထောင်စုဦးရေ(၈၄)စုတို့အတွက် အမျိုးသမီး အသုံးအဆောင် ပစ္စည်းများ၊ တစ်ကိုယ်ရည် သန့်ရှင်းမှုပစ္စည်းများ ထောက်ပံ့နိုင်ခဲ့ ပါသည်။

ကလေးသူငယ် ဖွံ့ဖြိုးမှုဆိုင်ရာ အစီအစဉ်တစ်ခုအဖြစ် ဆောင်ရွက်ပေးထားသော စစ်တွေမြို့ပေါ် ကယ် ဆယ်ရေးစခန်းများရှိ ကလေးပျော်နေရာများ၊ အုန်းတောကြီးမြောက်၊ စက်ရုံစု၊ ခေါင်းဒုက္ကာ၊ ဖွဲရာကုန်း၊ သဲချောင်းရွာများရှိ ကလေးပျော်နေရာများအတွက် သင်ထောက်ကူပစ္စည်း များ၊ ကစားစရာ ပစ္စည်းများ ထောက်ပံ့ခဲ့ပါသည်။

အာဟာရချို့တဲ့မှုနှုန်း လျော့နည်းစေရန် လူသားအစ ရက်(၁၀၀၀)ကာလ ထောက်ပံ့မှု အဖြစ် (၁.၃.၂၀၁၈) ရက်နေ့တွင် ရခိုင်တစ်ပြည်နယ်လုံးရှိ မြို့နယ်အသီးသီးတွင် ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှ မွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေးများအား လစဉ်ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ရာ အကျိုးခံစား ခွင့်ရှိသူ (၅၆၅၆၀)ဦးအတွက် စုစုပေါင်းငွေကျပ် (၂၅၃၈.၇၂)သန်း ပေးအပ်ခဲ့ပါသည်။

ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement-RCM) အနေဖြင့် လူမှူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့နှင့်အတူ ပူူးပေါင်း၍ ရခိုင်ပြည်နယ် အတွင်း (၁.၁.၂၀၁၈)မှ (၁၁.၄.၂၀၁၈)နေ့အထိ အိမ်ထောင်စု (၁၂၁၈၄)စုမှ လူဦးရေ(၆၁၆၄၄)ဦးအတွက် အရေး ပေါ်စားသောက်ကုန်ပစ္စည်းနှင့် အခြားပစ္စည်း များ၊ ကျန်းမာရေးနှင့် သန့်ရှင်းရေးသုံး ပစ္စည်းများ၊ အာဟာရ ထုပ်နှင့် ဓာတ် ဆားထုပ်များ၊ မျိုးစေ့များ၊ Temporary Shelter များ၊ ၊ သောက်သုံးရေသန့်နှင့် ရေစစ်များ ထောက်ပံ့ခဲ့ပါသည်။

သတင်းရယူခွင့်

ရခိုင်ပြည်နယ်ဆိုင်ရာ သတင်းမှန်များကို ပြည်တွင်း/ ပြည်ပမီဒီယာများ ပိုမိုသိရှိပြီး တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ဖေါ်ထုတ်ပြသနိုင်ရန် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့် မြန်မာနိုင်ငံ သတင်းမီဒီ ယာကောင်စီတို့ ပူးပေါင်းစီစဉ်မှုဖြင့် ယခု လေးလတာကာလပတ် အတွင်း ပြည်တွင်း/ ပြည်ပ သတင်းမီဒီယာ အဖွဲ့ဝင် စုစုပေါင်း (၇၄)ဦးအတွက် ရခိုင်ပြည်နယ်သို့ သွားရောက် သတင်းရယူနိုင်ရေး ခရီးစဉ် (၄)ကြိမ်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်အစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ် အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးစသည့် ကဏ္ဍစုံ ဆောင်ရွက်ချက်များကို ပြည်တွင်းပြည်ပမှ ပိုမိုသိရှိပူးပေါင်း ပါဝင်နိုင်ရေး ရည်ရွယ်၍ မီဒီယာထောက်ပံ့မှုလုပ်ငန်းစဉ်အဖြစ် သတင်းထုတ်ပြန် ခြင်း၊ တွေ့ဆုံမေးမြန်းခြင်း၊ အသိ ပညာပေးခြင်း၊ သတင်းဆောင်း ပါးရေးသားခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ရာ

• ရုပ်သံအစီအစဉ်မှ သတင်းထုတ်လွှင့်မှု(၆၈၉)ကြိမ်၊ တွေ့ဆုံ မေးမြန်းမှု(၃)ကြိမ်၊ ပညာပေး နှင့် မှတ်တမ်းအစီအစဉ် (၄၁)ကြိမ်၊
• ရေဒီယိုအစီအစဉ်မှ သတင်းထုတ်လွှင့်မှု (၁၇၉၇) ကြိမ်၊ တွေ့ဆုံမေးမြန်းမှု (၁၇)ကြိမ်၊ ပညာပေးနှင့်မှတ်တမ်းအစီအစဉ် (၅)ကြိမ်၊ အသိပညာပေးထုတ်လွှင့်မှု (၃၆၈) ကြိမ်၊
• Public Service Announcement (PSA) (၂၆၄)ကြိမ်၊
• ပြန်ကြားရေးဝန်ကြီးဌာန Website တွင် သတင်းဖော်ပြမှု (၁၂၀၇)ကြိမ်၊
• နေ့စဉ်ထုတ် သတင်းစာများတွင် သတင်းဖော်ပြမှု (၄၈၂)ကြိမ်၊ ဓာတ်ပုံဖော်ပြမှု (၈၅၈)ကြိမ်၊ တွေ့ ဆုံမေးမြန်းခြင်း (၂၇)ကြိမ်တို့ ဆောင်ရွက်နိုင် ခဲ့ပါသည်။

ပညာရေး

ရခိုင်ပြည်နယ်အတွင်းရှိ ကလေးများအတွက် ကိုးကွယ်သည့် ဘာသာ၊ လူမျိုးနှင့်၊ နိုင်ငံသား၊ ကျား/မ ဖြစ်တည်မှုတို့အပေါ် ခွဲခြားမှုမပြုဘဲ တူညီသော ပညာသင်ခွင့် ရရှိရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါသည်။ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ပိတ်ခဲ့ရသော ကျောင်း (၄၂၄)ကျောင်းအနက် ၂၀၁၈ခုနှစ် ဇန်နဝါရီလတွင် (၃၄) ကျောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ကလေးများ စာပေသင်ကြားနိုင် သည့် ကျောင်းစုစုပေါင်း (၃၂၄) ကျောင်း ရှိပြီးဖြစ်ပါသည်။ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက် တန်းအဆင့် တွင် ဒုတိယ နှစ်ဝက်ဆုံး စာမေးပွဲများ စစ်ဆေးပြီး စာမေးပွဲအောင်စာရင်းများကိုလည်း ထုတ်ပြန်ပြီးဖြစ်ပါသည်။

သက်မွေးပညာသင်ယူမှု အခွင့်အလမ်းများ လက်လှမ်းမီနိုင်စေရန် ရခိုင်ပြည်နယ်၊ ဂွမြို့ နှင့် ဘူးသီးတောင် မြို့တို့တွင် အစိုးရနည်းပညာ အထက်တန်းကျောင်း(၂)ကျောင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် လျက်ရှိပြီး ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်မှ စတင်၍ ဘတ်ဂျက် လျာထား တင်ပြ သွားမည်ဖြစ်ပါသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် အသုံးစရိတ် စုစုပေါင်း ၁၀၅၃၆၂.၉၆၃ သန်း ရင်းနှီးမြှပ်နှံသုံးစွဲခဲ့ပါသည်။ ပညာရေး ဝန်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ အလိုက် ဆောက်လုပ်ရေး ငွေလုံး ငွေရင်း အသုံးစရိတ်များတွင် ရခိုင်ပြည်နယ်ပညာရေးကဏ္ဍ အသုံးစရိတ်သည် ပညာရေးဝန်ကြီးဌာန အသုံး စရိတ် စုစုပေါင်း၏ ၈ ရာခိုင်နှုန်းရှိပြီး ပြည်နယ်များ တွင် အများဆုံးဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ဆရာ/ ဆရာမများ လုံခြုံစိတ်ချစွာ နေထိုင် နိုင်ရေးအ တွက် နွေရာသီ ကျာင်းပိတ်ရက်ကာလတွင် အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး အောက်ရှိ နီးစပ်ရာနယ်မြေရုံး၊ နယ်မြေရဲစခန်းနှင့် ရဲကင်းစခန်းဝင်းတို့တွင် သီးခြားအဆောင်များ ပေးအပ်၍ နေထိုင်ရေး အဆင်ပြေလုံခြုံမှုရှိအောင် ဆောင်ရွက်ထားရှိ ပါသည်။

မောင်တောခရိုင်အတွင်း စာပေသင်ကြားမှုမြှင့်တင်နိုင်ရန် ဘင်္ဂလီစကားတတ်ကျွမ်းသော ဆရာ/ ဆရာမ (၁၀၀)ဦးခန့် ကို အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်အပ်ထားရှိပါသည်။

ရခိုင်ပြည်နယ်တွင် လာမည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ အတွက် လို အပ်သော ကျောင်းသုံးစာအုပ်များနှင့် ကျောင်းထောက်ပံ့ကြေးများကိုလည်း ကျောင်းဖွင့်ရာသီအမီ ပံ့ပိုး ပေးနိုင်ရန် စီစဉ်ထားရှိပါသည်။ ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်းအားလုံးမှ ပညာသင်ယူရန် ခက်ခဲနေသည့် မိသားစုဝင်များအတွက် သက်မွေးပညာသင်ကြားနိုင်မှုအား အဟန့်အတားဖြစ်စေနိုင်သော ကျောင်းနှင့် အိမ် အသွားအပြန် ခရီး စရိတ်၊ အစားအစာ၊ ကျောင်းဝတ်စုံ၊ သင်ထောက်ကူပစ္စည်းများနှင့် ပတ်သက်သည့် ကုန်ကျစရိတ်များကို စိစစ်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် နည်းပညာနှင့် သက်မွေးပညာဦးစီးဌာနမှလည်း (၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ်မှ စတင်၍ ဘတ်ဂျက်လျာထား နိုင်ရေး ဆောင်ရွက်မည် ဖြစ်ပါသည်။

ကျန်းမာရေး

ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ မည်သူမဆို ကျန်းမာရေး စောင့်ရှောက်မှု လာရောက် ခံယူနိုင်ကြောင်းနှင့် ဆေးရုံဆေးခန်းများသည် ကျန်းမာရေး စောင့်ရှောက်မှုခံယူသူများအတွက် အကာ အကွယ်ပေးထားသည့် နေရာများဖြစ်ကြောင်း အသိပေးကြေညာချက်များပြုလုပ်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိရာ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း စစ်တွေဆေးရုံ၊ သက္ကယ်ပြင် ဆေးရုံ၊ မြောင်းဘွေဆေးရုံ၊ ဘူးသီးတောင်ဆေးရုံ၊ စေတီတောင်ဆေးရုံ၊ မောင်တော ဆေးရုံများတွင် ပြင်ပ လူနာနှင့် အတွင်းလူနာအဖြစ်တိုင်းရင်းသား(၂၈၂၃) ဦး၊ မွတ်စလင်ဘာသာဝင် (၁၁၃၇၃)ဦး၊ စုစုပေါင်း (၁၄၁၉၆)ဦးကို ကုသပေးခဲ့ပါသည်။

လူဦးရေနှင့်အညီ သင့်လျော်သော ကျန်းမာရေးလုပ်သား အချိုးရှိစေရန် ကျန်းမာရေး လုပ်သားများ လေ့ကျင့်မွေးထုတ်ပေးလျှက်ရှိရာ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း

• စစ်တွေမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် သင်တန်းသူ သူနာပြု/ သားဖွား (၄၃၀) ဦး သင်ကြားပေးလျှက်ရှိပါသည်။

• ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက် နိုင်ရန်အတွက် အထူးကုဆရာဝန်ကြီးများ အပါအဝင် ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်း(၇၈)ဦးကို ထပ်မံ ဖြည့်တင်း ခန့်ထားပေးခဲ့ပါသည်။

• ရခိုင်ပြည်နယ်အတွင်း ကျောက်တော်၊ အမ်း၊ မြေပုံ မြို့နယ်များတွင် အရံသားဖွားသစ်လွင် သင်တန်း (၁)ကြိမ်ဖြင့် အရံသားဖွား(သစ်လွင်)(၃၂)ဦး၊ အရံသားဖွား မွမ်းမံသင်တန်း (၂)ကြိမ်ဖြင့် အရံသား ဖွားဆ ရာမ(၄၉)ဦး၊ စုစုပေါင်း သင်တန်းသူ(၈၁)ဦးတို့ကို လေ့ကျင့် ပေးနိုင်ခဲ့ပါသည်။

• (၂၀၁၈)ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) သင်တန်း ပြီးဆုံးသွားပြီ ဖြစ်သော ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သင်တန်းဆင်း (၁၀၁)ဦးမှာ ယခုအခါ ရခိုင်ပြည်နယ်အတွင်း ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် နေပြီ ဖြစ်ပါသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၈) မြို့နယ်တွင် လူထုကျန်းမာရေးလုပ်သား သစ်လွင် သင်တန်း (၇)ကြိမ်ဖြင့် လူထုကျန်းမာရေးလုပ်သား (သစ်လွင်) (၁၉၆) ဦး၊ လူထုကျန်းမာရေး လုပ်သား မွမ်းမံ သင်တန်း (၁)ကြိမ်ဖြင့် လူထုကျန်းမာရေးလုပ်သား (၂၀)ဦးအား သင်တန်းပေး နိုင်ခဲ့ပါသည်။

ဘူးသီးတောင်မြို့နယ်ဆေးရုံတွင် သွေးလှူဘဏ်ငယ် အသစ်တည်ထောင်ရေးအတွက် JICA အဖွဲ့ ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်မီးလိုအပ်ချက်အတွက် Solar System တပ်ဆင်ထား ပြီးဖြစ် ပါသည်။

ကျန်းမာရေးကဏ္ဍတွင် အကျင့်ပျက်မှု၊ တရားမဝင်အခကြေးငွေပေးရမှု၊ မတရား အမြတ်ထုတ်မှုများ၊ ခွဲခြားနှိမ့် ချဆက်ဆံမှုများရှိပါက အရေးယူဆောင်ရွက်နိုင်ရန် ဆေးရုံများနှင့် ကျန်းမာရေးဌာနများ အားလုံး တွင် အကြံပြု စာသေတ္တာ (Suggestion Box) များ ထားရှိပါသည်။

စစ်တွေ အထွေထွေရောဂါကု ဆေးရုံကြီး အဆင့်မြှင့်တင်ရေးအတွက် Master Plan ရေးဆွဲလျက် ရှိပြီး၊ နော်ဝေနိုင်ငံ၊ ဥရောပသမဂ္ဂနှင့် 3MDG အဖွဲ့တို့မှ သက်ဆိုင်ရာပညာရှင်များနှင့် (၅)ကြိမ် တွေ့ဆုံ ဆွေးနွေးကာ၊ Master Plan နှင့်ပတ်သက်၍ ပညာရှင်များ၏ အကြံဉာဏ်ရယူခြင်း၊ Working Group Committee ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။ စစ်တွေ အထွေထွေရောဂါကုဆေးရုံကြီး ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းများအနက် လုပ်ငန်း(၈)ခုမှာ ရာနှုန်းပြည့်ပြီးစီးနေပြီး တိုးချဲ့တည်ဆောက်ရေး လုပ်ငန်း (၃)ခုအား ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။

ရခိုင်ပြည်နယ်အတွင်း အာဟာရစားသုံးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေအား ဆန်းစစ်နိုင်ရန် မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သော မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှု စစ်တမ်း (Myanmar Micronutrient Food Consumption Survey) စာရင်းကောက်ယူမှုမှာ ရခိုင်ပြည်နယ် အတွင်း စစ်တမ်းကောက်ကွက် (၃၀) (တိုင်းရင်းသားသီးသန့် ၂၃ ကွက်၊ မွတ်စလင်ဘာသာဝင်သီးသန့် ၄ ကွက်၊ တိုင်းရင်းသား-မွတ်စလင် အရော ၃ ကွက်၊ ) ကောက်ယူခဲ့ပြီး ရလဒ်များအား ဆန်းစစ် နေပြီဖြစ်ပါသည်။

ယင်းသို့ လေ့လာဆန်းစစ်မှုများပြုလုပ်နေသည့်အပြင် ရခိုင်ပြည်နယ်တွင် အာဟာရ ချို့တဲ့မှုနှုန်း လျော့ နည်းစေရန်အတွက် ပုံမှန်ဆောင်ရွက်နေသည့် အာဟာရစောင့်ရှောက်မှုလုပ်ငန်းများ ဖြစ်သည့် ဗီတာ မင်အေတိုက်ကျွေးခြင်း သံချဆေးတိုက်ကျွေးခြင်း စသည်တို့ကို သတ်မှတ်ကာလ အလိုက် ဆောင်ရွက် နိုင် ခဲပါသည်။ အဟာရချို့တဲ့မှု အန္တရယ်မှ ကာကွယ်နိုင်ရန် အာဟာရချို့တဲ့မှုဆိုင်ရာ ကုသ စောင့်ရှောက်ခြင်း သင်တန်း (၄) ကြိမ်ကို စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်များတွင် ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေး ဝန် ထမ်း (၂၀၄)ဦး ကို လေ့ကျင့်ပေး နိုင်ခဲ့ပါသည်။ အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ဆေးနှင့်ဆေး ပစ္စည်းများ ပုံ မှန်ဖြန့်ဖြူး ခဲ့ပြီး အာဟာရချို့တဲ့မှု ဘက်စုံကုသ စောင့် ရှောက်ရေးဆိုင်ရာသင်ကြားရေး အထောက် အကူပြုပစ္စည်းအစုံ(၁၀၀)၊ အမေနှင့် ကလေး အဟာရဖွံ့ဖြိုးမှုတိုင်း အီလက်ထရောနစ် စက် ပစ္စည်း(၆)ခု ၊ ကလေးအရပ်တိုင်း ကိရိယာ (၆)ခု၊ ကလေးလက်မောင်း ပတ်တိုင်း ကိရိယာ(၂၀၀)ခု၊ အထူးနို့မှုန့် အမျိုး မျိုး(၆) သေတ္တာ ထောက်ပံ့ခဲ့ပါသည်။

မူးယစ်ဆေးဝါးများ

ပညာရေး၊ ကျန်းမာရေးကဏ္ဍ တိုးမြှင့်ဆောင်ရွက်မှုနှင့်အတူ မူးယစ်ဆေးဝါးတိုက်ဖျက် ရေးကိုလည်း ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ပြည်သူ့ကျန်းမာရေး၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးတို့အပေါ် အခြေခံ သည့်အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်ကို (၂၀-၂-၂၀၁၈) ရက်နေ့တွင် ထုတ်ပြန်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အရေးယူမှုများအနေဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁) ရက်မှ ဧပြီလ (၃၀) ရက်အထိ ရခိုင်ပြည်နယ်၌ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုပေါင်း (၆၆) မှု၊ တရားခံ(ကျား) (၈၀) ဦး၊ (မ) (၈) ဦး၊ စုစုပေါင်းတရားခံ (၈၈) ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးရမှုတန်ဖိုးစုစုပေါင်းမှာ (အမေရိကန်ဒေါ်လာ ၁၉.၀၄ သန်းနှင့် ညီမျှသော) ငွေကျပ် သန်းပေါင်း (၂၅၃၂၄.၉၃)သန်း ဖြစ်ပါသည်။

နိုင်ငံရေးကဏ္ဍနှင့် လူ့အဖွဲ့အစည်းများတွင် ကိုယ်တိုင်ပါဝင်မှုနှင့် ကိုယ်စားပြုမှု

ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးစုငယ်များ၊ လူ့အဖွဲ့အစည်းများနှင့် အမျိုးသမီးများ၏ နိုင်ငံရေး ကဏ္ဍနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများတွင် ကိုယ်စားလှယ်များ ထားရှိနိုင်မှုနှင့် ကိုယ်တိုင် ပါဝင်နိုင်မှုများ မြင့်တက်လာစေရန်အတွက်လည်း ဆောင်ရွက်ပေးလျက် ရှိပါသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်အနေဖြင့် ရွေး ကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်သူများ တန်းတူညီမျှရေး၊ ၂၀၂၀ ရွေးကောက်ပွဲတွင် လူငယ်များ ပိုမိုပါဝင်မဲပေးနိုင်ရေး၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ ရွေးကောက်ပွဲ စက်ဝန်းတွင် ပိုမိုပါဝင် လာနိုင်ရေးတို့အတွက် အကောင်အထည်ဖေါ် ဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ လိုအပ်ချက်များ ဆွေးနွေးညှိနှိုင်းဖေါ်ထုတ်နိုင်ရန် ရခိုင်ပြည်နယ် အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ ခုံရုံးဝန်ထမ်းများ၊ ကော်မ ရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ ဥက္ကဌများ၊ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ အတွက် သင်တန်းနှင့် အလုပ်ရုံဆွေးနွေး ပွဲ(၄)ကြိမ်၊ ဆက်စပ်အလုပ်ရုံဆွေးနွေးပွဲ (၂)ကြိမ် ကျင်းပ၍ ကြိုးပမ်း ဆောင်ရွက်လျှက်ရှိပါသည်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် အမျိုးသမီးပါဝင်မှုကို လေ့လာပါက ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော် မရှင် အဖွဲ့ခွဲများတွင် တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးပါဝင်မှုမှာ ပြည်နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွင် (၁၆.၆၇%)၊ ခရိုင်အဆင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် (၂၄.၁၄%)နှင့် မြို့နယ်အဆင့် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲများတွင် (၁၇.၈၉%) အသီးသီး ရှိပါသည်။

ရခိုင်ပြည်နယ်၊ လူ့အဖွဲ့အစည်းအတွင်း လူမျိုးစုနှင့် ဘာသာရေးအဖွဲ့အားလုံးမှ လူမှုရေး ဆောင်ရွက် ချက် များကို အားပေးမြှင့်တင်မှုတစ်ရပ်အနေဖြင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်း ကို စည်းမျဉ်းစည်း ကမ်းများနှင့်အညီ ဆောင်ရွက်ပေးလျှက်ရှိရာ ယခုအစီရင်ခံသည့် ကာလအတွင်း ပြည်နယ်အသင်းအဖွဲ့ မှတ် ပုံတင်ရေးအဖွဲ့မှ မှတ်ပုံတင်ထုတ်ပေးသော အဖွဲ့(၃)ဖွဲ့၊ ယာယီအဖွဲ့ (၇)ဖွဲ့၊ စုစုပေါင်း (၁၀)ဖွဲ့၊ မြို့နယ် မှတ် ပုံတင်ရေးအဖွဲ့မှ မှတ်ပုံတင် ထုတ်ပေးသော အဖွဲ့ (၁၁)ဖွဲ့၊ စုစုပေါင်း အဖွဲ့(၂၁)ဖွဲ့အတွက် မှတ်ပုံ တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

လူ့အဖွဲ့အစည်းများအကြား ပေါင်းစည်းရေး

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် မဖြစ်မနေ အကောင် အထည်ဖေါ် ဆောင်ရမည့်လုပ်ငန်းမှာ လူ့အဖွဲ့အစည်းများအကြား ပေါင်းစည်းရေးပင် ဖြစ်ပါသည်။ ထိုသို့ ပေါင်းစည်းမှုကို စတင်အကောင်အထည်ဖေါ်သည့်အနေဖြင့် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ် အတွင်းရှိ လူ့အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ပြည်နယ်အတွင်း တာဝန် ထမ်းဆောင်နေသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို (၂၉-၄-၂၀၁၈)နေ့က နေပြည်တော် တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းတွေ့ဆုံပွဲမှ အချက်များကို သုံးသပ် အကောင် အထည်ဖေါ်ခြင်းဖြင့် လူမှုပေါင်း စည်းမှုကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။

ဘာသာရေး၊ လူမျိုးရေးအရ မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းများကို ကာကွယ် တားဆီးနိုင်ရန်၊ မတူ ကွဲပြားသည့် ဘာသာဝင်များနှင့် လူမျိုးများအကြား အပြန်အလှန် လေးစားစွာ ဆက်ဆံပြီး ငြိမ်းချမ်းစွာ ယှဉ် တွဲနေထိုင်နိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် အမုန်းစကားများ ကာကွယ်တားဆီးရေးဥပဒေ (မူကြမ်း)ကို ရေးဆွဲလျက်ရှိပါသည်။

လုံခြုံရေးကဏ္ဍ

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန်နှင့် ပြည်သူလူထု ပူးပေါင်း ပါဝင်သော ရဲလုပ်ငန်းစနစ် ပီပြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် လေ့ကျင့်သင်တန်းပေးမှုများ ဆောင်ရွက် လျက်ရှိရာ သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ (၇)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် အရာထမ်း/အမှုထမ်း (၂၄၅)ဦးကို လေ့ကျင့်ပေးနိုင်ခဲ့ပါသည်။

လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များ အားလုံးသည် အမည်ရင်ထိုးများ ထင်ရှားမြင်သာစွာ တပ်ဆင်အသုံးပြုလျက် ရှိပါသည်။ ထို့အပြင် ရခိုင်ပြည်နယ် ရဲ တပ်ဖွဲ့မှူးရုံးမှ ရခိုင် ပြည်နယ်အတွင်းရှိ စစ်ဆေးရေးစခန်း ၂၆ ခုတွင် CCTV ကင်မရာ ၂၆ လုံး တပ် ဆင်ရန်အတွက် ကုန်ကျမည့် ငွေကျပ် (၂၀.၅၃) သန်းကျပ်အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေမှ ခွင့်ပြုပေးနိုင်ရေး တောင်းခံထားရှိပါသည်။

ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များအားလုံးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်၏ ကွပ်ကဲမှုအောက် တွင်ရှိသော တပ်ဖွဲ့များဖြစ်ပါသည်။ ဥပဒေချိုးဖောက်သူများအား ဖမ်းဆီးခြင်း၊ အကျဉ်းချထားခြင်း အပါအဝင် ရဲတပ်ဖွဲ့ ဝင်များသည် သတ်မှတ်ထားသော ဥပဒေဘောင်အတွင်းမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက် ရှိပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းချိုးဖောက်မှုနှင့် ပတ်သက်သည့် တိုင်တန်းမှုများကို ဌာနအတွင်း စုံစမ်းစစ် ဆေး၍ မှန်ကန်ပါက အရေးယူဆောင်ရွက်လျက် ရှိပါသည်။ ယင်းအပြင် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် တို့ကလည်း ယင်းတို့ လက်ခံရ ရှိသည့် တိုင်ကြားချက်များနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးကာ မှန်ကန်ပါက ဥပဒေ လုပ်ထုံးလုပ်နည်းများနှ င့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လူထုအကြားလုပ်ငန်းဆောင်ရွက်မှုများ ပိုမိုမြန်ဆန်ပြီး မလိုလား အပ်သော အ ထင်အမြင်လွဲမှားမှုများ လျှော့ချနိုင်ရန် မွတ်စလင်ဘာသာဝင် အများစု နေထိုင်သောဒေသတွင် ဘာသာ စကားကျွမ်း ကျင်သော ဒိုင်းနက်/ ရခိုင် တိုင်းရင်းသားများမှ တစ်ဆင့် ဘာသာပြန်ပေးခြင်း (သို့) ဘာသာ စ ကား ကျွမ်းကျင်သော ရဲတပ်ဖွဲ့ဝင်များအား ဘာသာပြန်အဖြစ် အသုံးပြု ဆောင်ရွက်ခြင်း၊ မွတ်စလင်ဘာ သာဝင်များထဲမှ မြန်မာစကား နားလည်သူများအား ဘာသာပြန်အဖြစ် ဆောင်ရွက်စေခြင်း စသည့် နည်းလမ်း တို့ဖြင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးမှု

ရခိုင်ပြည်နယ်ရှိ တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှု အမွေအနှစ်များကို မပျောက်ပျက် စေဘဲ ရေရှည်တည် တံ့စေရန် စနစ်တကျ ထိန်းသိမ်းခြင်း၊ မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရေးလုပ်ငန်းစဉ် အဆင့်များ ဆောင်ရွက်လျှက် ရှိရာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလ အတွင်း မြောက်ဦးမြို့ပေါ် ရပ်ကွက်အချို့နှင့် ကျေးရွာများတွင် ရေအရင်းအမြစ် ဆိုင်ရာ အထောက်အထားများအား ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ကောက်ယူထားသော အချက်အလက်များအား မှတ်တမ်းများပြုစုခြင်း။

oမြောက်ဦးမြို့ ရှေးဟောင်းအဆောက်အအုံများအား Drone ဖြင့် မှတ်တမ်း ဓာတ်ပုံ ရိုက်ကူးခြင်း၊

o မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် ပညာပေးရေးလုပ်ငန်းကို မြို့ပေါ်ရပ်ကွက်များ တွင် ဆောင်ရွက်ခြင်း၊

o ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို လေ့လာမှတ်တမ်းတင်ခြင်း၊ အစီရင်ခံစာ ရေးသား ပြုစုခြင်း၊ ရခိုင်မင်္ဂ လာလက်ထပ်ပွဲ(သမက်တက်ပွဲ) ရိုးရာဓလေ့တို့ကို လေ့လာမှတ်တမ်း တင်ခြင်း၊ ကျောက်တော်မြို့ နယ်နှင့် ပုဏ္ဏားကျွန်းမြို့ နယ်ခြားမှတ်တိုင်အနီးရှိ ပြိုင်းတောင်ပေါ်ရှိ ရှေးဟောင်းဘုရား တစ်ဆူနှင့် ကျောက် ဆစ် လက်ရာများအားကွင်း ဆင်းလေ့လာခြင်း၊ မြောက်ဦးပြတိုက်အတွင်းရှိ ငွေဒင်္ဂါး၊ စဉ့် ထည်နှင့် လူ့အသုံး အဆောင်ပစ္စည်း များအား စာရင်းကောက် ယူခြင်း၊

o မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းရေး လုပ်ငန်းအဖွဲ့မှ မြဝါတောင်စေတီ၊ ဘား ဘူတောင်စေတီ၊၊ သျှင်ငယ်တက်စေတီ၊ ဖုတ်တောမော် စေတီနှင့် မင်္ဂလမာရ်အောင် စေတီများကို ပြုပြင် ထိန်းသိမ်းခြင်း၊ နိမ္ဗူဇာ တောင်တန်းရှိ ဆင်းတုတော်များအား ထိန်းသိမ်းခြင်း။

o နန်းတော်ရာ ကုန်းတူးဖော်မှု နေရာများအား ပန္နက်ရိုက်(Layout) လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် တူးဖော် သုတေသနပြုခြင်း၊

o မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင် ရေးအတွက် သက် ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများ ပြည်တွင်း/ ပြည်ပ ပညာရှင်များ ထောက်ပံ့ကူညီသည့် နိုင်ငံများမှ သံအ မတ်ကြီးများ ဒေသခံပြည်သူ များ ပါဝင်သော ညှိနှိုင်းအစည်းအဝေး (၁၁) ကြိမ်ကျင်းပခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပါသည်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော မြို့နယ်များရှိ သက်တမ်း (၁၀၀)ကျော် ရှိသော ဗုဒ္ဓဘာသာဆိုင်ရာ စေတီနှင့် ဘာသာရေးအဆောက်အအုံ (၄၃)ခု၏ သမိုင်းကြောင်း အချက်အ လက်များကို လေ့လာမှတ်တမ်းတင်ခြင်း ဆောင်ရွက်ခဲ့ပါသည်။

နယ်စပ်ဆိုင်ရာ ကိစ္စရပ်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်ဆံရေး

နှစ်နိုင်ငံအကြား နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေသည် ၁၅-၂-၂၀၁၈ ရက်မှ ၁၇-၂-၂၀၁၈ ရက် အထိ လည်းကောင်း၊ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ၁၁-၄-၂၀၁၈ ရက်မှ ၁၃-၄-၂၀၁၈ ရက်အထိ လည်းကောင်း ဘင်္ဂ လားဒေ့ရှ်နိုင်ငံသို့ အသီးသီးသွားရောက်ခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြည်ထဲရေးဝန်ကြီးသည် ၂၃-၁၀-၂၀၁၇ ရက် မှ ၂၅-၁၀-၂၀၁၇ ရက်အထိ လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးသည် ၂၂-၁၁-၂၀၁၇ ရက်မှ ၂၃-၁၁-၂၀၁၇ ရက်အထိ လည်းကောင်း မြန်မာနိုင်ငံသို့ အသီး သီးလာရောက်၍ ဆွေးနွေးခဲ့ကြ ပါသည်။

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ (၁၅-၁-၂၀၁၈) ရက်တွင် နေပြည်တော် ၌ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ Joint Working Group ၏ ပထမ ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြီး “Physical Arrangement for Repatriation of Displaced Myanmar Residents from Bangladesh” ကို နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့ပါသည်။ ပြန်လည်လက်ခံရေးအစီအစဉ် များတွင် UNDP နှင့် UNHCR တို့ ပါဝင်ကူညီနိုင်ရေးအတွက် MoU လက်မှတ်ရေးထိုးနိုင်ရေးကို (၂၃-၂-၂၀၁၈) နေ့မှ စတင်၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

ရခိုင်ပြည်နယ်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရသော တိုင်းရင်းသားများနှင့် ဟိန္ဒူ ဘာသာ ဝင်များအတွက် နေအိမ်(၁၁၂၆)လုံးနှင့် မွတ်ဆလင်ဘာသာဝင်များအတွက် နေအိမ် (၁၈၂)လုံး၊ စုစုပေါင်း (၁၃၀၈)လုံးကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန် တိုင်းဒေ သကြီးအစိုးရအဖွဲ့၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ကချင်ပြည် နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ UEHRD၊ ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း၊ CB ဘဏ်၊ တပ်မတော်နှင့် အိန္ဒိယနိုင်ငံအစိုးရ တို့က လည်းကောင်း၊ စာသင်ကျောင်း(၄) ကျောင်း၊ ဆရာ/ဆရာမ အ ဆောင်(၂)ဆောင်၊ ဘုန်းကြီးကျောင်း (၄)ကျောင်း၊ လမ်း၊ ဘုရားစေတီ စသည်တို့ကို မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ တပ်မတော်တို့က လည်းကောင်း၊ ဆောက်လုပ်ပေးလျှက်ရှိပါသည်။ တစ်ဖက် နိုင်ငံသို့ နေရပ်စွန့်ခွာသူများကို တောင်ပြိုလက်ဝဲစခန်း၊ ငါးခူရစခန်းတို့တွင် ပြန်လည်လက်ခံ၍ လှဖိုးခေါင် ကြားစခန်းတွင် ခေတ္တထားရှိ၍ နေအိမ်များဆောက်လုပ်ပြီးစီးပါက ၎င်းတို့၏ကျေးရွာများတွင် အတည်တ ကျနေထိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါမည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နှစ်နိုင်ငံ လုံခြုံရေးနှင့် နယ်စပ်ဒေသ စီမံခန့်ခွဲမှု အတွက် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်ဖြင့် တိုးမြှင့်အကောင်အထည် ဖေါ်လျှက်ရှိရာ ၂၀၁၈ ခုနှစ် ဇန်န ဝါရီလမှ ဧပြီလအတွင်း မြန်မာဘက်ခြမ်း၌ တပ်ရင်းမှူးအဆင့် အလံတင် အခမ်းအနား အစည်းအဝေး (၄) ကြိမ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း၌ တပ်ရင်းမှူးအဆင့် အလံတင် အခမ်းအနား အစည်းအဝေး (၁) ကြိမ် စုစုပေါင်း (၅) ကြိမ် ပြုလုပ်ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံခရိုင် အုပ်ချုပ်ရေးမှူးအဆင့် တွေ့ ဆုံဆွေးနွေးပွဲ (၁)ကြိမ်ကိုလည်း ပြုလုပ်ခဲ့ပါသည်။

မောင်တောဒေသကုန်သွယ်မှု တိုးတက်မြင့်မားလာစေရေးအတွက် မောင်တောမြို့ ကညင်ချောင်း ကုန် သွယ်ရေးဇုန် အကောင်အထည်ဖေါ်မှုကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့ရာ လိုအပ်သည့် အခြေခံအဆောက် အဦများဖြစ်သည့် ကွန်ကရစ် ဆိပ်ခံတံတား (၂)စင်း၊ ပင်မအဆောက်အဦ(၁)လုံးနှင့် ကုန်စည်ပြခန်း အဆောက် အဦ(၂၀)လုံး ဆောက်လုပ် ပြီးစီးနေပြီ ဖြစ်ပါသည်။ ဖွင့်လှစ်ပြီးဖြစ်သည့် စစ်တွေ ကုန်သွယ်ရေးစခန်းနှင့် မောင်တော ကုန်သွယ်ရေးစခန်းတို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုလုပ်ငန်း များ ပုံမှန်လည်ပတ် ဆောင်ရွက လျှက် ရှိရာ စစ်တွေကုန်သွယ်ရေးစခန်းမှ (၁-၁-၂၀၁၈) မှ (၂၇-၄-၂၀၁၈) ထိ အမှန်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၇.၀၁) သန်းဖြစ်ပြီး ယခင်နှစ်အလား တူ ကာလထက် အမေရိကန်ဒေါ်လာ(၅.၇၄၇) သန်း ပိုမိုလာခဲ့ပါသည်။ မောင်တော ကုန်သွယ်ရေးစခန်း တွင် (၁-၁-၂၀၁၈) မှ (၂၇-၄-၂၀၁၈)ထိ အမှန်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၆.၉၅၈) သန်းဖြစ် ပြီး၊ ယခင်နှစ် အ လား တူ ကာလထက် အမေရိကန် ဒေါ်လာ (၄.၃၆၅)သန်း ပိုမို လာခဲ့ပါသည်။

ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေး

မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်နေမှုများကို ဒေသတွင်း နိုင်ငံများအပါအဝင် နိုင်ငံတကာမှ ကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ အနေဖြင့် ရှင်း လင်းဆွေးနွေးပြောကြားမှု များဆောင်ရွက်လျှက်ရှိရာ

• စင်ကာပူနိုင်ငံတွင် (၂၅-၄-၂၀၁၈) မှ (၂၈-၄-၂၀၁၈) နေ့အထိ ကျင်းပခံသည့် (၃၂) ကြိမ်မြောက် အာဆီ ယံထိပ်သီး အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်ခဲ့ပြီး ASEAN Summit Retreat တွင် ရခိုင်ပြည်နယ် အရေးနှင့် စပ်လျဉ်းသော ဖြစ်ပေါ်တိုးတက်မှုများကို လည်းကောင်း၊

• သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် (၁၇-၃-၂၀၁၈)နေ့မှ (၁၈-၃-၂၀၁၈)နေ့အထိ ကျင်းပခဲ့သည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးနှင့် အာဆီယံ နှင့် သြစတြေးလျနိုင်ငံ ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးများသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်ကိစ္စအပါအဝင် နိုင်ငံ၏ စိန်ခေါ်မှု များကို လည်းကောင်း၊

• (၆-၂-၂၀၁၈) နေ့တွင် စင်ကာပူနိုင်ငံ ၌ ကျင်းပခဲ့သော ASEAN Foreign Ministers’ Retreat သို့ ပြည် ထောင် စုဝန်ကြီး ဦးကျော်တင် တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်အရေးနှင့် စပ်လျဉ်း၍ မြန်မာအစိုးရ၏ ဆောင် ရွက်နေမှုများကို လည်းကောင်း ရှင်းလင်းပြောကြား ခဲ့ကြပါသည်။

ရခိုင်ပြည်နယ်၏ မြေပြင်အခြေအနေကို လက်တွေ့ကျကျ သိရှိနိုင်ရန် မြန်မာနိုင်ငံ အခြေစိုက် သံရုံးများနှင့် ကုလသမဂ္ဂ အေဂျင်စီများမှ အကြီးအကဲများအား အုပ်စု(၃)စုခွဲကာ ရခိုင်ပြည်နယ် လေ့လာရေးခရီးစဉ်ကို (၆-၂-၂၀၁၈)နေ့၊ (၉-၂-၂၀၁၈)နေ့နှင့် (၁၅-၂-၂၀၁၈) နေ့များတွင် ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။ အိမ်နီး ချင်းနိုင် ငံ များနှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများ၏ နယူးယောက်မြို့ အခြေစိုက် ကုလ သမဂ္ဂ ဆိုင်ရာ အမြဲတန်းကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ (၃၀-၄-၂၀၁၈) ရက်နေ့မှ (၁-၅-၂၀၁၈) ရက်နေ့ အထိလာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင် ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့၊ ဘာသာပေါင်းစုံ ညီညွတ်ရေး အဖွဲ့တို့နှင့် တွေ့ဆုံကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်မှု

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ သည် ရခိုင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက် အောင်မြင်စွာ ဆောင် ရွက်နိုင်ရန်အတွက် ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလက ဖွဲ့စည်းခဲ့သော ထိုင်းနိုင်ငံအငြိမ်းစား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E Prof. Surakiart Sathirathai ဦးဆောင်သည့် ပြည်ပပညာရှင်(၄)ဦး၊ ပြည်တွင်း ပညာရှင်(၅)ဦး၊ စုစုပေါင်း(၉)ဦး ပါဝင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အ ထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့နှင့် တွေ့ဆုံ ညှိနှိုင်းမှုများကို ဆောင်ရွက်ခဲ့ပါသည်။ အကြံပေးအဖွဲ့ ဥက္ကဌ H.E. Prof. Surakiart Sathirathai နှင့်အဖွဲ့ဝင်များသည် (၂၂-၁-၂၀၁၈) နေ့မှ (၂၅-၁- ၂၀၁၈) နေ့အထိ မြန်မာနိုင်ငံသို့လာရောက်ကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတဦးမြင့်ဆွေ၊ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင် ရွက်ရေး ကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ကျောက်ဖြူမြို့ နယ်များသို့ နယ်မြေအခြေအနေ သွားရောက်လေ့လာခြင်းတို့ ပြုလုပ်ပြီးနောက် လိုအပ်သော အကြံပြုမှုများ ဆောင်ရွက်ခဲ့ပါသည်။ ယင်းအကြံပေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် (၃၁-၃-၂၀၁၈)နေ့ မှ(၂-၄-၂၀၁၈ )နေ့ အထိ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် လာရောက်၍ တာ ဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ပြီးနောက် စင်ကာပူနိုင်ငံသို့ သွားရောက်ကာ (၃-၄-၂၀၁၈)နေ့တွင် စင်ကာပူနိုင်ငံ ခြားရေးဝန်ကြီးနှင့် တွေ့ ဆုံခဲ့ပါသည်။ ယင်းနောက် အာဆီယံသံရုံး အကြီးအကဲ များအား ပြန်လည်ရှင်းလင်းပြောကြားမှု (Debreifing) ပြုလုပ်ကာ လုပ်ငန်းအကောင်အထည် ဖော်မှုနှင့် ပတ်သက်ပြီး အသိပေးရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ပါသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ ပြည်သူ သို့ ပထမအကြိမ် အစီရင်ခံစာကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြ၍ လုပ် ငန်းဆောင် ရွက်နေမှု အခြေအနေများကို ပြည်သူ့ထံသို့ အစီရင်ခံ တင်ပြနိုင်ခဲ့ပါသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အထောက်အကူပြုရုံးအဖွဲ့ဝင်များသည် ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်းများနှင့်မကြာခဏ တွေ့ဆုံ၍ လိုအပ်ချက်များ၊ ဆွေးနွေးရရှိချက်များကို ကော်မတီသို့ တင်ပြဆောင်ရွက်လျက်ရှိပါသည်။

နိဂုံး

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည် ဖော်ခြင်းသည် ရေ ရှည်ဆောင် ရွက်ရမည့်လုပ်ငန်းဖြစ်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များတွင် လက်တွေ့အကျိုးရှိမည့် လုပ်ငန်းများကို ဦးစားပေးရွေးချယ်ကာ အရှိန်အဟုန်မြှင့်ဆောင်ရွက် နေသကဲ့သို့ အခြားမဖြစ်မနေ ဆောင် ရွက် ရန်ကိစ္စများကိုလည်း အကောင်အထည်ဖော်လျက်ရှိရာ သိသာထင်ရှားသော ပြောင်းလဲမှုများကို ပြည် သူသို့ လေးစားစွာ အစီရင်ခံခြင်းဖြစ်ပါသည်။



















No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */