Thursday, May 24, 2018

( 24.05.2018 ) မြန်မာ-ဘင်္ဂ လားဒေ့ရှ် နှစ်နိုင်ငံ တပ်ရင်းမှူး အဆင့် တွေ့ဆုံ ဆွေးနွေး၊ နှစ်နိုင်ငံ နယ်နိမိတ် မျဉ်းအနီး ဘင်္ဂလားဒေ့ရှ် နိုင်ငံက ကုလ သမဂ္ဂ စည်းမျဉ်း အရ မလုပ်သင့် သည်များဖြစ်၍ အမြန်ဆုံး ဖယ်ရှားပေးရန် တောင်းဆို


 မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ရင်းမှူး အဆင့် တွေ့ဆုံ ဆွေးနွေး၊ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး ဘင်္ဂလားဒေ့ရှ် နိုင်ငံက ကုလသမဂ္ဂ စည်းမျဉ်းအရ မလုပ်သင့်သည်များဖြစ်၍အမြန်ဆုံး ဖယ်ရှားပေးရန် တောင်းဆို

မေ ၂၄၊၂၀၁၈


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ရင်းမှူးများ အဆင့် တွေ့ဆုံဆွေးနွေးပွဲကို မေ၂၃ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်မှ ညနေ ၅ နာရီ အထိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအနီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ၁၀ ဦး ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်မှ ၁၀ ဦး နှင့် လေ့လာသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရင်းမှူး က နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီးတွင် မြန်မာနိုင်ငံ ဖက်မှ အသံချဲ့စက်များဖြင့် ပြောဆိုနေသဖြင့် ၎င်းအသံချဲ့စက်ဆူညံသံကြောင့် မိမိတို့ ဘင်္ဂလား ဘက်နေ ထိုင်သည့် နိုင်ငံ သားများမှ စိုးရိမ်ပူပန်နေပြီး စာသင်ကျောင်းများ၊ သင်တန်းကျောင်းများရှိသဖြင့် ၎င်း အသံချဲ့ စက် ဖွင့်ခြင်းအား အသံလျှော့ချပေးရန် ၊ နှစ်နိုင်ငံ အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်နေသော်လည်း ယခု လောလောဆယ်တွင် မြန်မာနိုင်ငံဘက်မှ နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်နိုင်ရေး ကိစ္စမှာ အ ဆင် မပြေမှုများ ဖြစ်နေသေးကြောင်း၊ နှစ်နိုင်ငံ နယ်စပ် တစ်လျှောက်တွင် မြန်မာ့တပ်မတော် အနေဖြင့် လုံခြုံရေး ဆိုင်ရာ လုပ်ဆောင်မှုများရှိပါက မိမိတို့ ထံ အသိပေး အကြောင်းကြားစေလိုကြောင်း၊ ဒေသကွပ် ကဲရေးမှူး အဆင့် တွေ့ဆုံပွဲ အစည်းအဝေး ပြုလုပ်နိုင်ရန် အတွက် နယ်ခြားစောင့် ကွပ်ကဲရေးမှူးအား ၃ ကြိမ် အကြောင်း ကြားထားသော်လည်း မိမိတို့ထံ အကြောင်းပြန်ကြား မှုမရှိသေးကြောင်း၊ နှစ်နိုင်ငံနယ် နိမိတ် မျဉ်းအနီး အဆောက်အဦများ ဆောက်လုပ်မည်ဆိုပါက ဆောက်လုပ်နိုင်သော် လည်း မိမိတို့ထံ အသိ ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှူးက နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်း တွင် CCTV ကင်မရာ ၄လုံး တပ်ဆင်ခြင်းနှင့် လုံခြုံရေး ဆိုလာမီးတိုင် ၁၀ တိုင်တပ်ဆင်ထားခြင်း များသည် တဖက် နိုင်ငံနယ်မြေ အခြေအနေများ နှင့် လှုပ်ရှားမှုများကို စောင့်ကြည့် သတင်းရယူခြင်းဖြစ်၍ ကုလသမဂ္ဂ စည်းမျဉ်းအရ စည်းမျဉ်းအရ မလုပ်သင့်သည်ကို လုပ်သည့်သဘောဖြစ်၍ အမြန်ဖယ်ရှားပေး စေလိုကြောင်း၊ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး လူမနေထိုင်ရန် သတ်မှတ်ထားသည့် နေရာတွင် လူဦးရေတိုး ပွားလာ မှုများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် လျစ်လျူရှုပြီး ထောက်ခံအားပေးသည့် သဘောဆောင်နေ ကြောင်း၊ အိမ်ထောင်စုများကို တိုးချဲ့လာမှု၊ ရွှေ့ပြောင်းလာမှုများကို ထိန်းသိမ်းရန်အတွက် အသံချဲ့စက်ဖြင့် သတိပေးတားမြစ်မှုများ ဆောင်ရွက်နေရခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ ပူးပေါင်းဆောင်ရွက်ပါက မိမိတို့အနေဖြင့် ထိုကဲ့သို့လုပ်ဆောင်ရန် မလိုကြောင်း၊ ငါးဖမ်းစက်လှေ နှင့်အတူ တွေ့ရှိထိန်းသိမ်းထား သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အာမောက်ဖော်လောင်ပါ ၅ ဦး တို့အား လွှဲပြောင်းပေးအပ်ရန်အတွက် အကြောင်းကြား ထားသော်လည်း ယခု အချိန်အထိ အကြောင်းပြန်ကြား လာခြင်း မရှိကြောင်း၊ နှစ်နိုင်ငံ သတင်းဖလှယ်မှုအား ယခုထက်ပိုမိုတိုးမြှင့် ဆောင် ရွက်ပေးရန် အဆို ပြုပါကြောင်း နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း အနီးရှိ အဆောက်အဦ မဆောက်လုပ်ရန် တားမြစ် ထားသည့် ဇုန်အတွင်း၌ တဲအသစ်များ ထပ်မံ တိုးချဲ့ ဆောက်လုပ်ခြင်းများအား ရပ်ဆိုင်းပေးစေလိုပြီး ရိက္ခာလာရောက်ပေးပို့နေမှုများ နှင့် လုံခြုံရေး လိုက်ပါကူညီ ပေးနေမှုများကို ကန့်ကွက်ပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */