Monday, May 21, 2018

( 21.05.2018 ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းများဆောင်ရွက်



 မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းများဆောင်ရွက်
မေ ၂၁၊ ၂၀၁၈

မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ကင်းစခန်းမှ လုံခြုံရေး တပ် ဖွဲ့ဝင် ၁၅ ဦးတို့သည် မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နှစ်နိုင်ငံနှစ်ဘက် က်ညှိနှိုင်း ၍ မြေပြင်လှည့်ကင်းဆောင်ရွက်လျက်ရှိကြသည်။


နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မေလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ မှ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ အထိ နယ် ခြားမှတ်တိုင် ၄၆ မှ ၄၇ အထိလည်းကောင်း၊ မေလ ၁၆ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၅၀ မှ မွန်းလွဲ ၁၂ နာရီ အထိ နယ်ခြားမှတ်တိုင် ၄၇ မှ ၄၈ အထိလည်းကောင်း၊ နံနက် ၁၀ နာရီ မှ မွန်းလွဲ ၁ နာရီ အထိ နယ်ခြား မှတ်တိုင် ၃၈ မှ ၃၉ အထိလည်းကောင်း၊ မေ ၁၇ ရက် နံနက် ၈ နာရီခွဲမှ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အထိ နယ်ခြားမှတ်တိုင် ၄၈ မှ ၄၉ အထိ လည်းကောင်း၊ မေလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ် မှ နံနက် ၉ နာရီ မိနစ် ၄၀ အထိ နယ်ခြားမှတ်တိုင် ၄၉ မှ ၅၀ အထိလည်းကောင်း၊ နံနက် ၁၀ နာရီ မှ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ် အထိ နယ်ခြားမှတ်တိုင်၃၉မှ၄၀အထိလည်းကောင်းမြေပြင်လှည့်ကင်းဆောင်ရွက်ခဲ့ကြသည်။

ကုန်းမြေနယ်နမိတ်တွင် နှစ်ဖက်ညှိနှိုင်းချက်အရ Coordinated Patrol ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ တွင် ၁၄ ကြိမ် ၊ မတ်လတွင် ၇ ကြိမ် ၊မေလတွင် ၁၅ ကြိမ် စုစုပေါင်း ( ၃၆ )ကြိမ် နှင့် ရေကြောင်းကင်းလှည့်ခြင်း ကိုလည်း နတ်မြစ်ကြောင်းအတိုင်း စုစုပေါင်း (၄ )ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။






No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */